Wednesday, March 18, 2026
Home » မက်ဆီနဲ့ အင်တာမိုင်ယာမီအသင်းသားများ အိမ်ဖြူတော်ကို သွားရောက်ပြီး သမ္မတ ထရမ့်နဲ့ တွေ့ဆုံ

မက်ဆီနဲ့ အင်တာမိုင်ယာမီအသင်းသားများ အိမ်ဖြူတော်ကို သွားရောက်ပြီး သမ္မတ ထရမ့်နဲ့ တွေ့ဆုံ

0 16
16

ကမ္ဘာကျော်ဘောလုံးသမား လီယွန်နယ်မက်ဆီနဲ့ အင်တာမိုင်ယာမီအသင်းသားတွေဟာ အိမ်ဖြူတော်ကို သွားရောက်ပြီး သမ္မတဖြစ်သူ ဒေါ်နယ်ထရမ့်နဲ့ တွေ့ဆုံခဲ့ပါတယ်။

အမေရိကန်သမ္မတတွေဟာ နှစ်အလိုက် နိုင်ငံအတွင်း အားကစားပြိုင်ပွဲတွေက ချန်ပီယံအသင်းတွေကို အိမ်ဖြူတော်ကို ဖိတ်ကြားကာဂုဏ်ပြုပွဲ ပြုလုပ်ပေးတာ အစဉ်အလာတစ်ခု ဖြစ်ပါတယ်။

အင်တာမိုင်ယာမီဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက အသင်းသမိုင်းမှာ ပထမဆုံးအကြိမ် မေဂျာလိဂ်ချန်ပီယံဆု ဆွတ်ခူးခဲ့ပါတယ်။

သမ္မတ ထရမ့်က အီရန်နဲ့ပတ်သက်တဲ့ နောက်ဆုံးသတင်းပြောကြားမှု ပြုလုပ်ပြီးနောက် အင်တာမိုင်ယာမီအသင်းသားတွေကို လက်ခံတွေ့ဆုံခဲ့တာပါ။

မက်ဆီ(၃၈ နှစ်)ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက အင်တာမိုင်ယာမီနဲ့ ၂၀၂၈ ခုနှစ်အထိ စာချုပ်သက်တမ်း တိုးခဲ့တာဖြစ်တယ်။

ဘာစီလိုနာနဲ့ PSG ကစားသမားဟောင်းဟာ မေဂျာလိဂ်သမိုင်းမှာ တန်ဖိုးအရှိဆုံးကစားသမားဆုကို နှစ်နှစ်ဆက်ရရှိတဲ့ ပထမဆုံးကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ထားပါတယ်။

Leave a Comment

Latest Post

Latest Post