Monday, December 22, 2025
Home » ကျောက်ပန်းတောင်းမှာ နေအိမ်တစ်လုံး မီးလောင်ပြီး စိတ်ကျန်းမာရေးမကောင်းတာကြောင့် ချုပ်နှောင်ခံထားရတဲ့ အမျိူးသားတစ်ဦး သေဆုံး

ကျောက်ပန်းတောင်းမှာ နေအိမ်တစ်လုံး မီးလောင်ပြီး စိတ်ကျန်းမာရေးမကောင်းတာကြောင့် ချုပ်နှောင်ခံထားရတဲ့ အမျိူးသားတစ်ဦး သေဆုံး

0 22
22

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့မှာ နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ပြီး စိတ်ကျန်းမာရေးကြောင့် ကြိုးတုပ်ချုပ်နှောင်ထားရသူ အမျိုးသားတစ်ဦးသေဆုံးသွားကြောင်းသိရပါတယ်။

ဩဂုတ်လ(၂၅)ရက်နေ့ မနက်ပိုင်းက ကျောက်ပန်းတောင်းမြို့၊ လွတ်လပ်ရေးရပ်ကွက်၊ မဉ္ဇူသကလမ်းအတွင်းမှ နေအိမ်တလုံးမှာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တာဖြစ်ပြီး မီးလောင်ကျွမ်းမှုအတွင်း စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ သေဆုံးသူ အမျိုးသားဟာ ကိုအောင်ဖြိုးမင်း(အသက် ၃၇နှစ်)ဆိုသူ ဖြစ်ပြီး ၎င်းရဲ့အိမ်မှာ အခြားသူများ မရှိစဉ် နေအိမ်ထရံကို မီးခြစ်နဲ့ မီးညှိရာကနေ မီးကူးစက်လောင်ကျွမ်းခဲ့တာ ဖြစ်ပါတယ်။

“သေဆုံးသူရဲ့ မိဘတွေ၊ မိသားစုတွေ မရှိတဲ့အချိန် မီးခြစ်ကိုယူသုံးရာကနေ မီးလောင်မှု ဖြစ်ခဲ့တာပါ။ အရင်ရက်တွေမှာ ဒီလို မီးခြစ်ယူကိုင်တာတွေ ပြုလုပ်ခဲ့ဖူးတာကြောင့် စောင့်ကြည့်တာ၊ ချုပ်နှောင်တာတွေ လုပ်ခဲ့ဖူးပြီး ဒီတခေါက်ကတော့ မီးလောင်ချိန်မှာ သံကြိုးခတ်လျက်သားဖြစ်နေတာကြောင့် မီးထဲပါသွားတာပါ။ သေဆုံးသူက စိတ်ကျန်းမာရေးမကောင်းသူတစ်ဦးပါ”

ဟု ကျောက်ပန်းတောင်းမြို့၊ ပြည်တော်သာရပ်ကွက်နေ ပြည်သူတစ်ဦးက BBMကို ပြောပါတယ်။ မီးလောင်မှုကြောင့် ထရံကာနေအိမ်တစ်လုံး(ကာလတန်ဖိုး ၁၀သိန်းခန့်) ဆုံးရှုံးပျက်စီးခဲ့ပြီး သေဆုံးသူအမျိုးသားရဲ့ အလောင်းကို‌တော့ နေ့ချင်း သင်္ဂြိုလ်လိုက်တယ်လို့ သိရပါတယ်။

၂၀၂၂၊ ဖေဖော်ဝါရီလ ၁ရက်နေ့ကလည်း ကျောက်ပန်းတောင်မြို့နေ သံပန်းလုပ်ငန်းလုပ်ကိုင်သူ ကိုအောင်အောင်ဆိုသူဟာ ကျောက်ပန်း‌တောင်းမြို့၊ လျှပ်စစ်ရုံးရှေ့မှာ “၂၄နာရီလုံး အများပြည်သူ+ပြည်သား မီးလင်းပါစေ။ ၂၀၀၁+၂၀၀၂ကို ပြန်မသွား” စာသားကို ကိုင်ဆောင်ပြီး ကိုယ့်ကိုယ်ကို မီးရှို့ ဆန္ဒပြမှုတစ်ခု ဖြစ်ပွားခဲ့ပါသေးတယ်။

BBM #News #Fire #Mandalay

Leave a Comment

Latest Post

Latest Post