Sunday, December 21, 2025
Home » ဝိုင်းမော်မြို့နယ်မှာ တိုက်ပွဲပြန်လည် ဖြစ်ပွားပြီး စစ်ကောင်စီဘက်က ထိခိုက်မှုရှိကာ ဘုရားကျောင်း ဗုံးကြဲဖျက်ဆီးခံရ

ဝိုင်းမော်မြို့နယ်မှာ တိုက်ပွဲပြန်လည် ဖြစ်ပွားပြီး စစ်ကောင်စီဘက်က ထိခိုက်မှုရှိကာ ဘုရားကျောင်း ဗုံးကြဲဖျက်ဆီးခံရ

0 20
20

ဝိုင်းမော်မြို့နယ် လုမြန်ရွာဘက်မှာ ဩဂုတ်လ ၂၇ ရက်နေ့က တိုက်ပွဲပြန်လည် ဖြစ်ပွားပြီး စစ်ကောင်စီဘက်က ထိခိုက်မှုရှိကာ ဘုရားကျောင်း တစ်ကျောင်းလည်း ကြဲဖျက်ဆီးခံရကြောင်း ကေအိုင်ကေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

“စစ်ကောင်စီတွေ အဲဒီ ဘုရားကျောင်းကို ကာဗာယူပြီး စခန်းချနေကြတာ။ မနေ့ ညနေ က သွားမောင်းထုတ်တာ။ စစ်ကောင်စီ အရာရှိ နှစ်ယောက်၊ သုံးယောက်လည်း ဒဏ်ရာရတယ်။ ဗျူဟာမှူးထိ ထိခိုက်ဒဏ်ရာရတယ်။”

လို့ ကေအိုင်အေ ရှေ့တန်းနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။ စစ်ကောင်စီ ဘက်ကတော့ အင်အား ရှိတာကြောင့် ထိခိုက်ဒဏ်ရာရသွားတဲ့ ဗျူဟာမှူး အစား မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) က တစ်ဦး ချက်ချင်းပြန် အစားထိုးထားတယ်လို့ သိရတယ်လို့ သူက ပြောပါတယ်။

“မှန်တယ်။ မနေ့ညနေ ၅ နာရီခွဲခန့်မှာ ဘုရားကျောင်းမှာ စခန်းချထားတဲ့ စစ်ကောင်စီတွေကို ကောင်းကောင်း ပ ထုတ် လိုက်နိုင်ပြီ။ ဗျူဟာမှူး တစ်ယောက်လည်း ထိသွားတယ်။ အဲဒီရွာမှာ။ ဒါပေမယ့် အဲဒီ ဗျူဟာမှူးကိုယ်စား တိုင်းကနေ ချက်ချင်း ပြန်အစားထိုးပေးတယ်တဲ့။”

လို့ နောက်ထပ် ကေအိုင်အေ ရှေ့တန်းသတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။တိုက်ပွဲအတွင်း စစ်ကောင်စီတွေက မြစ်ကြီးနားဘက်က သံချပ်ကာကားတွေနဲ့ သွားပစ်ကူတယ်လို့ ဆိုပါတယ်။

“မနေ့က ဘုရားကျောင်းထဲမှာ ရှိနေတဲ့ စစ်ကောင်စီတွေကို ကေအိုင်အေနဲ့ ပူးပေါင်းတပ်ဖွဲ့ဘက်က သွားချ လိုက်တာ စစ်ကောင်စီ သုံ့ပန်း ၃၀ လောက်ဖမ်းဆီး ရမိတယ်လို့ ကြားနေတယ်။”

လို့ နောက်ထပ် သတင်း ရင်းမြစ် တစ်ဦးက ပြောပါတယ်။ စစ်ကောင်စီတွေ ထိခိုက်ဆုတ်ခွာသွားပြီးနောက် လုမြန်အနီးက မုတ်ကျိတ် KBC ဘုရားကျောင်းကို မြစ်ကြီးနား နမ့်ပေါင်လေတပ်က စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲ ဖျက်ဆီးလိုက်တယ်လို့ ဆိုပါတယ်။ အဲဒီ ဘုရားကျောင်းက စစ်မဖြစ်ခင်ကပဲ ဆောက်ပြီးခဲ့တဲ့ ဘုရားကျောင်းဖြစ်တယ်လို့လည်း ပြောပါတယ်။

ဝိုင်းမော်မြို့နယ်၊ မဒိန်ရွာမှာတော့ စစ်ကောင်စီရဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံတပ် ဖြစ်ပြီး တိုက်ရိုက်ကွပ်ကဲတဲ့ အမှတ် (၅၈) ခြေလျင်တပ်ရင်း (ခလရ – ၅၈) ရှိနေသေးတာ ဖြစ်ပါတယ်။

Leave a Comment

Latest Post

Latest Post