Sunday, December 21, 2025
Home » မြန်မာနိင်ငံကူးလက်မှတ် စာအုပ်ဖိုးကျသင့်ငွေကို ကျပ် ၅၀၀၀ ထပ်မံတိုးမြှင့်ကောက်ခံ

မြန်မာနိင်ငံကူးလက်မှတ် စာအုပ်ဖိုးကျသင့်ငွေကို ကျပ် ၅၀၀၀ ထပ်မံတိုးမြှင့်ကောက်ခံ

0 21
21

မြန်မာနိင်ငံကူး လက်မှတ်စာအုပ်ဖိုး ကျသင့်ငွေကို ၂၀၂၅ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့မှစပြီး ကျပ် ၅၀၀၀ ထပ်မံတိုးမြှင့်ကောက်ခံမယ်လို့ စစ်ကောင်စီ ရဲ့ မြန်မာနိင်ငံကူး လက်မှတ်ထုတ်ပေးရေးရုံးက ထုတ်ပြန်ထားပါတယ်။

မြန်မာပြည်တွင်းမှာ သာမာန်နိင်ငံကူးလက်မှတ်လျှောက်ထားတာနဲ့ ပါတ်သက်လို့ စာအုပ်ဖိုး ၄၀၀၀၀ ကျပ်ကနေ ၄၅၀၀၀ ကျပ်ပြောင်းမယ်လို့ သိရပါတယ်။နိင်ငံကူးလက်မှတ်စာအုပ်ဖိုး တိုးမြှင့်ကောက်ခံတာဟာ စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ဒုတိယ အကြိမ်ဖြစ်ပြီး ယခင်က ၃၅၀၀၀ ကျပ်ဖြင့်သာ ပေးသွင်းရတယ်လို့ သိရပါတယ်။

“စစ်ကောင်စီ ကလူငယ်များကို ပြည်ပထွက်ခွာခွင့်အပေါ် တင်းကျပ်တာတွေလုပ်လာတဲ့အတွက် နိင်ငံကူးလက်မှတ် လျှောက်ထားသူ လူဦးရေလည်းလျော့နည်းလာကာ အရင်လိုကြိုတင် ရက်ချိန်းအတွက် လနဲ့ချီပြီးစောင့်စရာမလိုပဲ တစ်ရက်ကြိုတင်ရက်ချိန်းယူနိင်တဲ့အခြေအနေ ရှိနေပြီလို့”

နိုင်ငံကူးလက်မှတ် ဝန်ဆောင်မှုပေးနေသူတစ်ဦးက ပြောပြပါတယ်။

“စာအုပ်ကြေးသက်သက်ပဲတိုးတာ၊ တခြားဒဏ်ကြေးတွေ တိုးတာမကြားရသေးဘူး”

လို့ နိုင်ငံကူးလက်မှတ်ရုံးနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

Leave a Comment

Latest Post

Latest Post