Sunday, December 21, 2025
Home » ဇူလိုင်လတွင်းက စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု‌ကြောင့် လက်ပံလှရဲစခန်း အချုပ်ထဲမှာ သေဆုံးခဲ့တဲ့ Non-CDM ကျန်းမာ‌ရေးမှူးကို စစ်ကောင်စီက ဘာအကျိုးခံစားခွင့်မှမပေး

ဇူလိုင်လတွင်းက စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု‌ကြောင့် လက်ပံလှရဲစခန်း အချုပ်ထဲမှာ သေဆုံးခဲ့တဲ့ Non-CDM ကျန်းမာ‌ရေးမှူးကို စစ်ကောင်စီက ဘာအကျိုးခံစားခွင့်မှမပေး

0 23
23

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်မှာ ဇူလိုင်လအတွင်းက တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ လက်ပံလှရဲစခန်းကို စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရဲစခန်းအတွင်း ဖမ်းဆီးထားတဲ့ စစ်ကောင်စီလက်‌အောက်ခံ Non-CDM ကျန်းမာရေး၀န်ထမ်း(HA-1) အသက်၆၀အရွယ် ဦးကျော်မိုးအောင်ကို ၂၁ရက်ဌာနကင်းကွာလို့ ဆိုပြီးတော့ စစ်ကောင်စီက ပင်စင်နဲ့ အခြားခံစားခွင့်တွေမပေးဘူးလို့ စက်တင်ဘာလ ၁ရက်နေ့က တိုင်းကျန်းမာရေးဌာနနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က BBM ကိုပြောပါတယ်။

အဲ့ဒီ ကျန်းမာရေး၀န်ထမ်း ဦးကျော်မိုးအောင်ဟာ တော်လှန်ရေးတပ်ဖွဲ့တွေ ဖမ်းဆီးစဉ်က ခံ၀န်ကတိထိုးဖို့ ငြင်းဆန်ခဲ့ရာ တော်လှန်ရေးတပ်ဖွဲ့တွေက လက်ပံလှ ရဲစခန်းထဲမှာ ထိန်းသိမ်းထားရာမှ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ရတာပဲဖြစ်ပါတယ်။

“သူ့ကို တော်လှန်ရေးတပ်ဖွဲ့တွေက သွားဖမ်းတာ။ ကိုယ်တော်ချောက ခံ၀န်မထိုးဘူးလေ။ အဲ့ဒါ စကစက ဈေးနဲ့ ရဲစခန်းကို ဗုံးကြဲတော့ သူပါပါသွားတာ”

လို့ နီးစပ်တဲ့အသိုင်းအဝိုင်းက BBMကိုပြောပါတယ်။

အဲ့ဒီ လက်ပန်လှရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဇူလိုင်လလယ်လောက်ကတည်းက ထိန်းချုပ်ထားတာဖြစ်ပြီး ဇူလိုင်လ ၂၉ရက်နေ့မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အကျဉ်းသားနဲ့ စစ်သုံ့ပန်း၂၂ဦးသေဆုံးခဲ့ပြီး ၃၀ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့တာပဲဖြစ်ပါတယ်။

“တကယ်တမ်း သူက စကစရဲ့လူပဲလေ။ တော်လှန်ရေးတပ်ဖွဲ့တွေဆီ အလင်း၀င်ထားတာလည်းမဟုတ်ဘူး။ ခံ၀န်ထိုးတဲ့သူလည်းမဟုတ်ဘူး။သူတို့သိနေတာပဲ။ စခန်းထဲ သူတို့လူတွေရှိတာလည်း သူတို့သိတယ်။ စကစကတော့ သူတို့အတွက် အသုံးမ၀င်တော့ရင် ဘာမှ စဉ်းစားမနေဘူး။ ဇာတ်တူသားလည်း စားတာပဲ”

လို့ နီးစပ်တဲ့အသိုင်းအဝိုင်းက BBM ကိုပြောပါတယ်။ စစ်ကောင်စီဟာ လက်ရှိမှာ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ၆၃မြို့နယ်ကို လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေပြီးတော့ မြေပြင်မှာလည်း Non-CDM၀န်ထမ်းတွေနဲ့ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ ဇူလိုင်လကတည်းပ သင်တန်းတွေပေးနေတာပဲဖြစ်ပါတယ်။

Leave a Comment

Latest Post

Latest Post