Tuesday, December 23, 2025
Home » AA သိမ်းထားတဲ့ သာပေါင်းမြို့နယ်ကို စစ်ကြောင်းသွားထိုးတဲ့ ဒုတပ်ရင်းမှူး သက်နိုင်ထွန်း မိုင်းနင်းမိပြီးသေဆုံး

AA သိမ်းထားတဲ့ သာပေါင်းမြို့နယ်ကို စစ်ကြောင်းသွားထိုးတဲ့ ဒုတပ်ရင်းမှူး သက်နိုင်ထွန်း မိုင်းနင်းမိပြီးသေဆုံး

0 18
18

ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်က အာရက္ခတပ်တော်(AA) နဲ့ ပူးပေါင်းမဟာမိတ်တပ် PDF တို့ သိမ်းပိုက်ထိန်းချုပ်ထားတဲ့နေရာကို စစ်ကြောင်းသွားထိုးတဲ့ စစ်ကောင်စီတပ်ရဲ့ ခလရ (၆၃) တပ်ရင်းက ဒုတပ်ရင်းမှူး သက်နိုင်ထွန်းဟာ မြေမြှုပ်မိုင်းနင်းမိတဲ့အတွက် သေဆုံးသွားတယ်လို့ သိရပါတယ်။

ခလရ (၆၃) တပ်ရင်းက ဒုတပ်ရင်းမှူး သက်နိုင်ထွန်းဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၂၈ ရက်နေ့က သာပေါင်းမြို့နယ်၊ သဲဖြူရွာနဲ့ ကျားခေါင်းရွာဘက်ကို စစ် ကြောင်းထိုးလာခဲ့တာဖြစ်ပြီး သဲဖြူရွာရှေ့တန်း စစ် မျက်နှာကိုအရောက်မှာ စစ်ကောင်စီတပ်က ကိုယ်တိုင်ထောင်ထားတဲ့ မြေမြှုပ်မိုင်းကို နင်းမိပြီး ခြေဖနောင့်ပြတ်ထွက်ကာ ဒဏ်ရာရရှိသွားတယ်လို့ ဧရာဝတီတိုင်းက စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

“ခလရ ၆၃ က ဒုတပ်ရင်းမှူး သက်နိုင်ထွန်းက AA နဲ့ PDF တွေ သိမ်းထားတဲ့နေရာကို စစ်ကြောင်းထိုးလာခဲ့တာပါ။ အဲဒီမှာ သူတို့ စကစ ကိုယ်တိုင်ထောင်ထားတဲ့ မိုင်းကိုနင်းမိပြီးတော့ သွေးထွက်လွန်ကာ သေဆုံးသွားပါတယ်”

လို့ အဆိုပါ စစ်ရေးသတင်းရင်းမြစ်က BBM ကို ပြောပါတယ်။ ဒုတပ်ရင်းမှူး သက်နိုင်ထွန်း မိုင်းနင်းမိပြီး ဒဏ်ရာရအချိန်မှာ ဆေးမှူးမရှိတာကြောင့် သွေးထွက်လွန်ကာ ပုသိမ်မြို့ အနောက်တောင်တိုင်း စစ်ဌာနချုပ် မဆရ (၄) ကို ပို့ဆောင်စဉ်မှာ သေဆုံးသွားတာလည်း ဖြစ်ပါတယ်။

ဒုတပ်ရင်းမှူး သက်နိုင်ထွန်းရဲ့ ရုပ်အလောင်းကို ပြီးခဲ့တဲ့ သြဂုတ်လ (၃၀)ရက်နေ့မှာ ရွှေမြင်တင် မီးသင်္ဂြိုလ်စက်ကို ပို့ဆောင်ထားခဲ့ပြီး ဒီကနေ့ စက်တင်လာလ (၂) ရက်နေ့မှာ မီးသင်္ဂြိုလ်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

အဆိုပါတပ်ရင်းမှူးဟာ ဧရာဝတီတိုင်းက သာပေါင်းမြို့နယ်သာမကပဲ ရခိုင်ရိုးမ တစ်ဖက်ကမ်းက အာရက္ခတပ်တော် AA သိမ်းထားတဲ့ ဂွမြို့နယ်အထိကိုပါ စစ်ကြောင်းထိုး ချီတက်ဖို့အတွက် ကြွေးကြော်ထားတဲ့သူတစ်ဦးလည်း ဖြစ်တယ်လို့လည်း စစ်ရေးသတင်းရင်းမြစ်တွေ ဆီကသိရပါတယ်။

Leave a Comment

Latest Post

Latest Post