Tuesday, December 23, 2025
Home » ဥသျှစ်ပင် ကပစ ၆ စက်ရုံအနီးမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက အင်အားဖြည့်တင်းနေရ

ဥသျှစ်ပင် ကပစ ၆ စက်ရုံအနီးမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက အင်အားဖြည့်တင်းနေရ

0 22
22

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ဥသျှစ်ပင်မြို့နယ်ရှိ အမှတ်(၆) ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ -၆ )အနီးရှိ ကာကင်းစခန်းတွေမှာ အာရက္ခတပ်တော် AA၊ ပူးပေါင်းမဟာမိတ်တပ် PDF တို့နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေတယ်လို့ AA နဲ့ နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

အာရက္ခတပ်တော် AA၊ ပူးပေါင်းမဟာမိတ်တပ် PDF တို့ဟာ ကပစ – ၆ စက်ရုံအနီးရှိ ရှေ့ကာကင်းစခန်းတွေ ဖြစ်တဲ့ ဆင်လန်းကာကင်းစခန်းနဲ့ လေသာတောင် ကာကင်းစခန်းတွေကို ပြီးခဲ့တဲ့ သြဂုတ်လ လကုန်ပိုင်းလောက်က စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီနေ့အချိန်ထိလည်း တိုက်ပွဲတွေ ပြင်းထန်နေတာ ဖြစ်ပါတယ်။

အဆိုပါကာကင်းစခန်းတွေကို စစ်ကောင်စီတပ်တွေကလည်း စစ်ကားတွေနဲ့ အင်အားဖြည့်တင်းနေပြီး AAနဲ့ PDF အဖွဲ့တွေရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိတဲ့ စစ်ကောင်စီတပ်သားတွေကိုလည်း ဥသျှစ်ပင်မြို့ကနေပြီးတော့ ရွှေတောင်ရှိ ကုတင် ၁၀၀ ဆံတဲ့ ဆေးရုံကြီးကို ပို့ဆောင်နေရတယ်လို့လည်း သိရပါတယ်။

“တိုက်ပွဲကတော့ ဒီနေ့အထိလည်း လက်နက်ကြီးပစ်ခတ်မှုတွေရှိနေပါတယ်။ အပြန်အလှန်ပစ်ခတ်မှုတွေရှိပါတယ်။ ကပစ ၆ စက်ရုံကိုထိုးဖောက်ဝင်ရောက်ဖို့အတွက် AA နဲ့ PDF အဖွဲ့တွေကလည်း ထိုးစစ်ဆင်လာနေတာပါ။ စစ်ကောင်စီကတော့ ထုံးစံအတိုင်းပဲ စစ်အင်အားတွေ ဖြည့်တင်းနေပါတယ် ”

လို့ AA နဲ့ နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက BBM ကို ပြောပါတယ်။ AAနဲ့ ပူးပေါင်းမဟာမိတ်တပ် PDF တို့ဟာ တောင်ကုတ် – ပန်းတောင်းလမ်းပိုင်းရှိ ရခိုင်ရိုးမပေါ်က ကာကင်းစခန်းတွေနဲ့ ညောင်ကျိုးကျေးရွာအနီးက ကာကင်းစခန်းတွေကို ပြီးခဲ့တဲ့ ဧပြီလအတွင်းက သိမ်းပိုက်ထိန်းချုပ်ထားတာလည်းဖြစ်ပါတယ်။

လက်ရှိမှာ ညောင်ကျိုးကျေးရွာကနေ ၄ မိုင်ခန့်ကွာဝေးပြီး စစ်ကောင်စီတပ်တို့ အခိုင်အမာခံစစ်ပြင်ဆင်ထားတဲ့ ဆင်လန်ကျေးရွာက ကာကင်းစခန်းတွေကို AA နဲ့ PDF တပ်ဖွဲ့တွေက ထိုးစစ်ဆင်တိုက်ခိုက်လာနေတာလည်း ဖြစ်ပါတယ်။

ကပစ ၆ စက်ရုံ တည်ရှိတဲ့ညောင်ခြေထောက် ကျေးရွာနဲ့လက်ရှိတိုက်ပွဲ ဖြစ်ပွားနေတဲ့ ဆင်လန်းကျေးရွာဟာလည်း ၇ မိုင်ခန့်သာ ကွာဝေးတော့တာလည်း ဖြစ်ပါတယ်။

Leave a Comment

Latest Post

Latest Post