မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ တက်ဝန်ကျေးရွာမှာ အခြေစိုက်ထားတဲ့ ပျူစောထီးအဖွဲ့ရဲ့ စခန်းကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၅ ဦးသေဆုံးပြီး လက်နက်ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရမိထားတယ်လို့ သရက်ခရိုင် အမှတ် (၃) တပ်ရင်း ငါးပြေမပြောက်ကျားတပ်ဖွဲ့က ဒီကနေ့မှာ ထုတ်ပြန်ထားပါတယ်။
သရက်ခရိုင် အမှတ် (၃) ငါးပြေမတပ်ရင်းရဲ့ မြေပြန့်ကျားတပ်ခွဲက ဦးဆောင်ကာ မဟာမိတ်တပ်ဖွဲ့တွေနဲ့အတူ ပျုစောထီးခေါင်ဆောင် ဘိုထွန်းနဲ့ ပျူစောထီးတွေကို ဒီကနေ့ နံနက် ၅ နာရီ ၁၀ မိနစ်အချိန်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲအချိန်မှာလည်း ၄၀ မိနစ်ခန့်ကြာမြင့်ခဲ့တယ်လို့ သရက်ခရိုင် အမှတ် (၃) တပ်ရင်း ငါးပြေမပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက BBM ကို ပြောပါတယ်။
အဲဒီတိုက်ပွဲအတွင်းမှာ ပျူစောထီးခေါင်းဆောင် ဘိုထွန်းအပါအဝင် ပျူစောထီး ၅ ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။
“သေဆုံးသွာတာက ၅ ယောက်ပါ။ ဒဏ်ရာရရှိသူတွေလည်း မရှိပါဘူး။ အကုန်လုံးသေဆုံးသွားတာပါ။ သူတို့ကတော့ ဒေသခံပြည်သူတွေကို ဒုက္ခပေးနေတဲ့ သူတွေပါဗျ ”
လို့ သရက်ခရိုင် အမှတ် (၃) တပ်ရင်းငါးပြေမပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက BBM ကို ပြောပါတယ်။ အဲဒီတိုက်ပွဲအတွင်းမှာ ပျူစောထီးအဖွဲ့ဝင်တွေရဲ့ ကားတစ်စီးပျက်စီးနိုင်ခဲ့ကာ ပွိုင့် ၂၂ လက်လုပ် ပစ္စတို ၁ လတ်၊ M1 ကာဘိုင် ၅ လတ်၊ ကာဘိုင်ကျည် ၉၅ တောင့် ၊ပြောင်းချောသေနတ် ၂ လတ် ၊ ပြောင်းချောကျည် ၃၀ တောင့် ၊ လက်ပစ်ဗုံး ၂ လုံး၊ ငွေသား ၁ သိန်းကျပ်၊ စစ်ဝတ်တန်ဆာတွေ၊ ဖုန်း ၄ လုံးနဲ့ နဲ့ စစ်မှုထမ်းစာအုပ်တစ်အုပ် တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
အဆိုပါတိုက်ပွဲကို သရက်ခရိုင် အမှတ် ၃ ငါးပြေမတပ်ရင်းရဲ့ မြေပြန်ကျားတပ်ခွဲက ဦးဆောင်ပြီး ရေနံချောင်း ပ၊ က၊ ဖ၊ မင်းဘူးခရိုင်စစ်ဌာန ပြည်သူလုံခြုံရေးတပ်ဖွဲ့၊ Chauk Revolutionary Army(CRA)နဲ့ ဒေါင်းစစ်သည်ပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။