Monday, December 22, 2025
Home » မြင်းခြံ-ညောင်ဦးလမ်းပေါ်တွင် ဒေသခံပြည်သူများထံမှ လုယက်၊ ဆဲဆိုမိုက်ရိုင်းလေ့ရှိသော စစ်ကောင်စီတပ်သားများကို တိုက်ခိုက်ခံ

မြင်းခြံ-ညောင်ဦးလမ်းပေါ်တွင် ဒေသခံပြည်သူများထံမှ လုယက်၊ ဆဲဆိုမိုက်ရိုင်းလေ့ရှိသော စစ်ကောင်စီတပ်သားများကို တိုက်ခိုက်ခံ

0 35
35

🟥စစ်ကောင်စီတပ်သား ၅ဦးသေဆုံး

စက်တင်ဘာလ ၃ရက်နေ့က မြင်းခြံ-ညောင်ဦးလမ်းပိုင်းတနေရာတွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများကို မြင်းခြံခရိုင်တပ်ရင်းအမှတ်(၃)က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၅ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးပူပေါင်းအဖွဲ့တွေဟာ မြင်းခြံ-ညောင်ဦး ကားလမ်းပိုင်းတလျှောက် တပ်စွဲခြင်း၊ ကူးသန်းသွားလာခြင်းများ မကြာခဏပြုလုပ်လေ့ရှိတယ်လို့ သိရပါတယ်။

အဲ့ဒီလို ကူးသန်းတပ်စွဲရာမှာ စစ်ကားအသွားအလာတွေကို PDFတွေဆီ သတင်းပေးတယ်လို့စွပ်စွဲကာ လမ်းပေါ်တွေ့တဲ့ ပြည်သူတွေ၊ သူတို့တပ်စွဲရာအနီးနေထိုင်တဲ့ ပြည်သူတွေကို ဆဲဆိုကြိမ်းမောင်းခြင်း၊ ခြိမ်းခြောက်ခြင်းများ ပြုလုပ်လေ့ရှိတယ်လို့ သိရပါတယ်။

အဲ့ဒီလိုပြုလုပ်လေ့ရှိတဲ့ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို စက်တင်ဘာလ (၃)ရက်နေ့က မြင်းခြံ-ညောင်ဦးလမ်းပိုင်းတနေရာမှာ မြင်းခြံခရိုင်တပ်ရင်းအမှတ်(၃)က ၄၀မမ လက်နက်တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၅ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးတော့ BBMက ဆက်သွယ်မေးမြန်းခဲ့ရာ

“စစ်‌ခွေးတွေကို မြင်းခြံ-ညောင်ဦးလမ်းပိုင်းမှာ ၄၀မမတွေနဲ့ စတင်ပစ်ခတ်ပြီး လက်နက်ငယ်တွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ စစ်ကောင်စီတပ်သား ၅ဦးမျက်မြင်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူလည်း အများအပြားရှိပါတယ်။”

ဟု မြင်းခြံခရိုင်တပ်ရင်းအမှတ်(၃)ရဲဘော်တစ်ဦးက ပြန်လည်ဖြေကြားထားပါတယ်။

“အဲ့ဒီနေ့က စစ်ကောင်စီတပ်သားတွေ မြင်းခြံဘက်ကို ဖောကားနှစ်စီးနဲ့ အလောင်းတွေ၊ ဒဏ်ရာရစစ်သားတွေ တင်ပြီးပြန်သွားတာ တွေ့လိုက်ရပါတယ်။”

ဟု မြင်းခြံ-ညောင်ဦးလမ်းမပေါ် ထန်းပင်ကန်ရွာမှ ဒေသခံတစ်ဦးကလည်း BBMကို ပြောပါတယ်။ အဆိုပါ စစ်ကောင်စီတပ်သားတွေဟာ ထန်းပင်ကန်ရွာမှာ တပ်စွဲစဉ်က ၎င်းတို့တပ်စွဲရာ ရန်အောင်မြင်ဘုရားအနီးမှ ပြည်သူများကို ဆဲဆိုကြိမ်းမောင်းခြင်း၊ ခြိမ်းခြောက်ခြင်းများ ပြုလုပ်ခဲ့သည့်အပြင် ဈေးဆိုင်တန်းမှဆိုင်များကိုလည်း ၎င်းတို့အသွားအလာများကို စောင့်ကြည့်သည်ဟုစွပ်စွဲကာ ပိတ်ခိုင်းခဲ့ကြောင်းသိရပါတယ်။

အဆိုပါ‌ဒေသအနီးရှိ မင်းရင်ရွာမှ စစ်ကောင်စီ အုပ်ချုပ်ရေးမှူးလင်မယားကိုလည်း စက်တင်ဘာလ ၅ရက်နေ့ မနက် ၂နာရီခန့်က အမည်မသိ လက်နက်ကိုင်တွေက လာရောက်ဖမ်းဆီးမှု ဖြစ်ပွားခဲ့တယ်လို့လည်း သိရပါတယ်။

#BBM#News#UpdateNews#Junta

Leave a Comment

Latest Post

Latest Post