“CP ကြက်စာဈေး မြင့်တက်လာတဲ့အပြင် ကြက်ခြံပြု ပြင် တည်ဆောက်ရတဲ့ ဝါးဓနိကအစ ဈေးတက်တယ်၊ အခြားဝန်ဆောင်မှုစရိတ်တွေက များလာတယ်၊ ပျက်စီးဆုံးရှုံးမှုဖြစ်ရင် ပြန်မတည်ဖို့ကခက်ခဲကြလို့ ရင်းနှီးမြှုပ်နှံမှုကို လျော့ထားကြတယ်”
လို့ မှော်ဘီမှ ကြက်မွေးမြူရေးလုပ်ငန်းရှင်တဦးက BBM ကိုပြောပါတယ်။ ရန်ကုန်တိုင်း အတွင်းမှာအသားတိုး(အသားစား) CPကြက်မွေးမြူရေးလုပ်ငန်း တနိုင်တပိုင် လုပ်ကိုင်သူ နဲ့ စီးပွားဖြစ်လုပ်ကိုင်သူတွေ ထက်ဝက်နီးပါး လျော့ ကျလာပါတယ်။
CP အသားတိုး(အသားစား)ကြက်မွေးမြူရေးလုပ်ငန်း တနိုင်တပိုင် လုပ်ကိုင်သူ နဲ့ စီးပွားဖြစ်လုပ်ကိုင်သူတွေ ၄၃ ရာခိုင်နှုန်းနီးပါး လျော့ကျလာတယ်လို့ တိ/ မွေးကု ဦးစီးဌာနရဲ့ ဩဂုတ်လ မှတ်တမ်းအရ သိရပါတယ်။
အသားတိုး(အသားစား)ကြက်မွေးမြူရေးလုပ်ငန်း ရဲ့ ရင်းနှီးမြှုပ်နှံမှု ၇၀ ရာ ခိုင်နှုန်း ဖြစ်ပြီးပြည်ပက တင်သွင်းရတဲ့ CPကြက်စာတွေ ဈေးနှုန်းတက်ပြီး ဝယ်ယူရခက်ခဲတာ၊ ပြည်တွင်းဖြစ် အစားထိုးကြက် စာတွေ ဖြစ်တဲ့ ဖွဲနု၊ စကွဲ ၊ပြောင်းဆံ ၊ပဲပုပ်ဖတ်တို့ ထုတ်လုပ်မှုနှုန်းကျပြီး ဈေးတက်လာတာကြောင့် အသား တိုး(အသားစား)ကြက်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူတွေ လျော့ကျလာတယ်လို့ သိရပါတယ်။
အသားတိုး(အသားစား)ကြက်မွေးမြူရေး လုပ်ငန်းဟာ ၄၅ ရက် အချိန်တိုအတွင်း ငွေပြန်ပေါ်နိုင်တဲ့ လုပ်ငန်းမျိုးဖြစ်ပေမယ့် ရင်းနှီးမြှုပ်နှံမှုကြီးမားပြီး ကြက်တွေရောဂါပိုးဝင်လို့ ခြံလုံးပြုတ်ပျက်စီးတာ၊ ငွေကြေး ၊ သွင်းအားစု ဈေးနှုန်း နဲ့ ဒေသတွင်း နိုင်ငံ ရေး စစ်ရေး မတည်ငြိမ်တာတွေ ၊တရားဥပဒေ စိုးမိုးမှု မရှိတာတွေက အသားတိုးကြက်မွေးမြူရေး လုပ်ငန်း ရဲ့ အမှားမခံ နိုင်တဲ့ စိန်ခေါ်မှုတွေပါ။
အသားတိုး(အသားစား)ကြက်မွေးမြူရေး လုပ်ငန်းတွေ လျော့ကျလာတာ ကြောင့် ကြက်သား ထုတ် လုပ်မှုလျော့ကျပြီး ကြက်သားရောင်း လက်လီ ဈေး နှုန်းတွေကလည်း တပိသာ တသောင်းလေးထောင် ဈေးကနေ တပိသာ နှစ် သောင်း ဈေးအထိ မြင့်တက်လာပါတယ်။
“ကြက်သားဈေးကတက်လာတယ် ပြီးတော့ အချို့တွေက စီပီကြက်သားကို ကျန်းမာရေး နဲ့မညီညွှတ် ဘူး ဆိုပြီး သိပ်ဝယ်မစားကြဘူး၊ စားသုံးတာ နည်း လာတယ်၊ကြက်သားကို ပုံမှန် ဝယ်ချက်စားနေကြတာ မဟုတ်ဘူးလေ အဲတော့ ပစ္စည်းကျန်တဲ့အခါ ငွေပေါ် ဈေးလျော့ရောင်းရတော့ အရှုံးပေါ် တော့ တာပါပဲ”
လို့ ကြက်သားလက်လီလက်ကားရောင်းချသူတစ်ဦးက ပြောပါတယ်။ ပြည်ပကနေ သားပေါက်တွေ တင်သွင်းမွေးမြူတဲ့ စီပီကြက်သား မစားလိုသူတွေဟာ သဘာဝအစာတွေ နဲ့ မွေးမြူတဲ့ ကြက်နီ ၊ငွေနားဖြူ၊ စစ်တကောင်း စတဲ့ ဗမာကြက်သား တွေကို ဝယ်ယူ စားသုံး ကြတဲ့ အ တွက် ဗမာကြက်သား လက်လီလက်ကားရောင်း ဈေးကလည်း တစ်ပိသာ ကျပ် ၃၂၀၀၀ အထိ ဈေးတက်လာပါတယ်။
မှော်ဘီ၊ တိုက်ကြီးမြို့နယ်တို့ အပါအ ဝင် ရန်ကုန်တိုင်းအတွင်း က မွေးမြူထုတ်လုပ်တဲ့ စီပီကြက် နဲ့ ဗမာကြက် အရှင်တွေ ကို ဒေသတွင်း မှာ ရောင်းဝယ် ဖေါက်ကားရုံသာမက ပုဇွန်တောင်မြို့နယ် ကြက်/ ဘဲဈေးကွက်ကိုလည်းတင်ပို့ရောင်းချကြတယ်လို့ သိရပါတယ်။