Tuesday, September 16, 2025
Home » သမ္မတဦး၀င်းမြင့်ရဲ့ တရားခံသက်သေထွက်ဆိုချက်မိတ္တူ လူမှုကွန်ယက်တွင်ထွက်ပေါ်လာ

သမ္မတဦး၀င်းမြင့်ရဲ့ တရားခံသက်သေထွက်ဆိုချက်မိတ္တူ လူမှုကွန်ယက်တွင်ထွက်ပေါ်လာ

0 1
1

၂၀၂၁ဖေဖော်ဝါရီ၁ရက်နေ့ နောက်ပိုင်းဖြစ်စဉ်များတွင် NLDပါတီအစိုးရရဲ့ အဓိက ခေါင်းဆောင်တစ်ဦးဖြစ်သောသမ္မတဦး၀င်းမြင့်ရဲ့ တရားခံသက်သေထွက်ဆိုချက်မိတ္တူ လူမှုကွန်ရက်တွင် ထွက်ပေါ်လာခဲ့ပါတယ်။

နေပြည်တော် ဇမ္ဗူသီရိမြို့နဲ့ တရားရုံး က ၂၀၂၁ အောက်တိုဘာ ၁၂ ရက် သမ္မတ ဦးဝင်းမြင့်ကို စစ်ဆေးထားတဲ့ တရားခံ သက်သေ ထွက်ချက်မှာ ၂၀၂၁ ဖေဖေါ်ဝါရီ ၁ ရက်နေ့ မနက် ၅ နာရီအချိန် စစ်တပ်က ရောက်ရှိလာတဲ့ အပေါ် သမ္မတ ဦးဝင်းမြင့်က ‘’အကြမ်းဖက်စစ်သည်တော်တွေ’’ လို့ ထွက်ဆိုထားတာ ကို တွေ့ရပါတယ်။

ဒါ့အပြင် ကျန်းမာရေး အကြောင်းပြချက်နဲ့ ရာထူးက နုတ်ထွက်ပေးဖို့ စစ်တပ်က ပြောကြားရာ ‘’နုတ်ထွက်မပေးနိုင်ကြောင်း၊ အသက်အသေခံမည် ဖြစ်ကြောင်း’’ ပြောလိုက်တယ်လို့ ထွက်ဆိုတာကို ဖေါ်ပြထားပါတယ်။

သမ္မတ တာဝန်ထမ်းဆောင်နေစဥ် ပါတီလုပ်ငန်းတွေ ဆောင်ရွက်တယ် ဆိုတဲ့ စွပ်စွဲချက်တွေကိုလည်း သမ္မတ ဦးဝင်းမြင့်က အခြေအမြစ် မရှိကြောင်း ငြင်းဆိုထားပါတယ်။ဒါ့အပြင် CRPH NUG PDF အကြောင်းတွေ နဲ့ ပတ်သက်ပြီး ဖေဖေါ်ဝါရီ ၁ ရက်နေ့ မနက် ၅ နာရီ ကတည်းက ဖမ်းဆီးထိန်းသိမ်းခံလို့ ပြင်ပလောကနဲ့ အဆက်အသွယ်မရှိတဲ့ အတွက် မသိရှိကြောင်း ထွက်ဆိုထားပါတယ်။

NLD ဖေ့စ်ဘွတ် နဲ့ CRPH တို့ရဲ့ ထုတ်ပြန်ချက်တွေကိုလည်း အလားတူ မသိရှိကြောင်း ပြောကြားထားတာ ကို တွေ့ရပါတယ်။အဆိုပါအဖွဲ့အစည်းတွေက ဗုံးခွဲတိုက်ခိုက်မှုတွေ လက်နက်စွဲကိုင် တိုက်ခိုက်တာတွေနဲ့ ပြည်သူတွေကို ဒလန်ဆိုပြီး သတ်ဖြတ်တာတွေ အပေါ် လည်း သမ္မတ ဦးဝင်းမြင့် က ဖမ်းဆီးခံရကတည်းက အဆက်အသွယ် ပြတ်နေတဲ့ အတွက် မသိရှိကြောင်းသာ ထွက်ဆိုသွားခဲ့ပါတယ်။

၂၀၂၁ခုနှစ် အောက်တိုဘာ၁၂ရက်နေ့ ကဇမ္ဗူသီရိ တရားရုံး တွင် တရားခံသက်သေများအဖြစ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဉီး၀င်းမြင့် တို့ သက်သေထွက်ဆိုချက်များဖြစ်ပြီး အဓိကအားဖြင့် NLDပါတီ အစိုးရကာလ သမ္မတအပါအ၀င် ခေါင်းဆောင်များအမည်ဖြင့် ပြည်သူထံပန်ကြားချက် ၊ CRPH /NUG /PDF ဖြစ်လာမှုအပေါ် ကြိုတင်သိရှိထားခြင်းရှိမရှိ၊ ပါဝင်မှုရှိမရှိကို တရားခံသက်သေများအဖြစ် စစ်ဆေးမေးမြန်းသည့် သက်သေထွက်ချက် မိတ္တုလည်း ဖြစ်ပါပြီး ယမန်နှစ်ကုန်ခါနီးတွင်လည်း ဒေါ်အောင်ဆန်းစုကြည်၏ သက်သေထွက်ချက်လည်းထွက်ပေါ်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဉီး၀င်းမြင့်တို့ ၏သက်သေထွက်ဆိုချက်များအရလည်း အဆိုပါသက်သေပြဆိုချက်၊ တရားလိုရှေ့နေနှင့် အပြန်အလှန်မေးမြန်းချက်များအရ ပါတီကြေညာချက်များ၊ ပြည်သူ့ထံပန်ကြားချက်ဆိုသည့်ထုတ်ပြန်မှုများ၊ CRPH /NUG /PDF ဖြစ်လာမှုကို မသိရှိခြင်း ၎င်းတို့၏ သဘောထားမပါကြောင်း သက်သေထွက်ဆိုထားတာကိုတွေ့ရပါတယ်။

Leave a Comment

Latest Post

Latest Post