Sunday, December 21, 2025
Home » ဖရူဆိုမြို့နယ်အတွင်း စစ်ယာဥ်တန်း အစီး(၅၀)ကျော် ရောက်ရှိ

ဖရူဆိုမြို့နယ်အတွင်း စစ်ယာဥ်တန်း အစီး(၅၀)ကျော် ရောက်ရှိ

0 16
16

🟥ဒီးမော့ဆို ချယ်ရီကုန်းမှာလည်း စစ်ရေး၊တရားဥပဒေစိုးမိုးရေးအခြေအနေတွေကြောင့် ည(၉)နာရီနောက်ပိုင်း အပြင်ထွက်ခွင့်ကန့်သတ်

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်အတွင်းကို စစ်ကောင်စီစစ်ကား အစီးရေး(၅၀)ကျော် ပါဝင်တဲ့ ယာဥ်တန်းတစ်ခု ရောက်ရှိလာနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်အရသိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ၁၈ရက်နေ့နဲ့ ၁၉ရက်နေ့တွေမှာ လူ၊ လက်နက်နဲ့ ရိက္ခာတွေ တင်ဆောင်လာတယ်လို့ ယူဆရတဲ့ စစ်ကောင်စီယာဥ်တန်း အစီးရေ(၅၀)ကျော်ဟာ လွိုင်ကော်-ဒီးမော့ဆိုလမ်းကြောင်းမှတဆင့် ဖရူဆိုမြို့ကို ရောက်လာခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။

“ဖရူဆိုကို စစ်ယာဥ်တန်းတွေဝင်လာနေတယ်ဆိုတာ မှန်ပါတယ်၊ ဖရူဆိုမှာ စစ်တပ်က ခြေကုပ်ပုံစံနေရာယူနေတာပါ”

ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက BBM ကိုပြောပါတယ်။စစ်ကောင်စီရဲ့ အဆိုပါယာဥ်တန်းတွေဟာ ဖရူဆိုမြို့နယ်အတွင်းရှိ အမှတ်(၁၄) လေ့ကျင့်ရေးသင်တန်းကျောင်းအတွင်း ဝင်ရောက်သွားပြီး နေရာချထားမှုအချို့ ပြုလုပ်နေတယ်လို့ သိရပါတယ်။

ဖရူဆိုမြို့နယ်အတွင်း စစ်ကောင်စီရဲ့ အမှတ်(၁၄)လေ့ကျင့်ရေးသင်တန်းကျောင်းအပြင် ခမရ(၅၃၁)၊ ခလရ(၄၂၈)တို့ရှိပြီး စစ်ကောင်စီအနေနဲ့ အဆိုပါတပ်ရင်းတွေအတွက် ရိက္ခာ၊လက်နက်လာရောက်ဖြည့်တင်းပေးတာမျိုးဖြစ်နိုင်တယ်လို့သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ တော်လှန်ရေးအင်အားစုတွေစိုးမိုးရာ ဒီးမော့ဆိုမြို့နယ်ကို စစ်ကြောင်းထိုးရာမှာ မိုးဗြဲ၊ လွိုင်ကော်တို့ဘက်ကသာမက ဖရူးဆိုမြို့နယ်ဘက်ကပါ စစ်ကြောင်းထိုးတာတွေပြုလုပ်တယ်လို့လည်း ၎င်းမှဆက်ပြောပါတယ်။

“ကွိုင်ငံရွာဘက်ကနေ ဒီးမော့ဆိုကိုစစ်ကြောင်းထိုးတာရှိတယ်၊ ဖရူဆိုကိုက ပြီးခဲ့တဲ့လကတည်းက ဒီကောင်တွေစိုးမိုးနိုင်လာတာတွေလည်းရှိတယ်”

ဒါတင်မကသေးဘဲ စစ်ကောင်စီအနေနဲ့ ကရင်နီပြည်နယ်အတွင်းက ဒီးမော့ဆိုမြို့နယ်မှာဆိုရင်လည်း တော်လှန်ရေးတပ်ဖွဲ့တွေအားကောင်းတဲ့ ဒီးမော့ဆိုအနောက်ခြမ်းကို နေ့စဥ်စစ်ကြောင်းထိုးဖို့ပြင်ဆင်တာတွေ၊ ဒရုန်း၊လေယာဥ်အသုံးပြုပြီး ကင်းထောက်တာတွေ နေ့စဥ်ပြုလုပ်လျက်ရှိတယ်လို့ သိရပါတယ်။

ဒီးမော့ဆို မြို့နယ်အတွင်းရှိ တော်လှန်ရေးအင်အားစုတွေအနေနဲ့ကလည်း စစ်ရေးအခြေအနေရှုပ်ထွေးမှုနဲ့ နယ်မြေအေးချမ်းစေရေးတို့အတွက် ချယ်ရီကုန်းအနီးတစ်ဝိုက်ဒေသတွေကို ည(၉)နာရီမှ မနက်(၅)နာရီအထိ အပြင်ထွက်ခွင့်ပိတ်ထားတယ်လို့ သိရပါတယ်။

“ဒီးမော့ဆိုမှာလည်း တိုက်ပွဲကဖြစ်နေတာပဲ၊ နေ့တိုင်း ဒရုန်းနဲ့လာကြည့်တာတွေ လေယာဥ်နဲ့လာကြည့်တာတွေလုပ်နေတယ်၊ အခြေအနေကရှုပ်နေဆဲမို့ ချယ်ရီကုန်းဘက်မှာဆိုလည်း ညမထွက်ရဆိုပြီး အဖွဲ့တွေအမိန့်ထုတ်ထားတာရှိတယ်”

စစ်ကောင်စီအနေနဲ့ လာမဲ့ ဒီဇင်ဘာလအတွင်းရွေးကောက်ပွဲကျင်းပမယ်လို့ကြေငြာပြီးတဲ့နောက်ကစကာ ကရင်နီပြည်နယ်အတွင်းက တော်လှန်ရေးအားကောင်းရာမြို့တွေကို လေကြောင်းဗုံးကျဲတာနဲ့ စစ်ကြောင်းထိုးတာတွေ ပိုမိုပြုလုပ်လာနေတယ်လို့ သိရပါတယ်။

ပုံ-ပုံဟောင်း

#BBM#News#UpdateNews#Junta

Leave a Comment

Latest Post

Latest Post