Thursday, March 19, 2026
Home » မြောင်မြို့နယ် ကျောက်ရစ်ရဲစခန်းနဲ့ ဆေးရုံကို ဒရုန်းနဲ့ ဗုံသီးကြဲချတိုက်ခိုက်

မြောင်မြို့နယ် ကျောက်ရစ်ရဲစခန်းနဲ့ ဆေးရုံကို ဒရုန်းနဲ့ ဗုံသီးကြဲချတိုက်ခိုက်

0 24
24

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ရှိ ကျောက်ရစ်ရဲစခန်း၊ ဆေးရုံကို ဒရုန်းနဲ့ ဗုံးသီး ၁၂လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Peacock Drone Team တာ၀န်ခံက BBMကိုပြောပါတယ်။

စက်တင်ဘာလ ၁၂ရက်နေ့ မနက်၉နာရီက စစ်ကောင်စီရဲ့ ကျောက်ရစ်ရဲစခန်း၊ ဆေးရုံကို Fixed Wings drone ၉စီးနဲ့ ဗုံးသီး ၁၂လုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိပြီး အပြည့်အစုံကို ‌ဆက်လက်စုံစမ်း လျက်ရှိတယ်လို့ ‌အဆိုပါတာ၀န်ခံက ဆိုပါတယ်။

“အထိအခိုက်ကိုတော့ မသိရသေးပါဘူး။ နယ်မြေအခြေနေက စစ်ကော်မရှင်တပ် လုံး၀ စိုးမိုးနယ်မြေဖြစ်နေတယ်ဗျ။ကျောက်ရစ်ကျေးရွာနဲ့ တစ်မိုင်ခန့်အကွာထိ ထိန်းချုပ်စိုးမိုးထားတယ်ဗျ”

လို့ Peacock Drone Teamတာ၀န်ခံကပြောပါတယ်။ အဲ့ဒီတိုက်ခိုက်မှုကို Peacock Drone Teamနဲ့ မဟာမိတ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

Video-Peacock Drone Team

#BBM#News#UpdateNews#PeacockDroneTeam#Junta#PeopleDefenseForce

Leave a Comment

Latest Post

Latest Post