Monday, December 22, 2025
Home » ဗန်းမောက်မြို့ကို တော်လှန်ရေး ပူးပေါင်းတပ်တွေက သိမ်းပိုက်

ဗန်းမောက်မြို့ကို တော်လှန်ရေး ပူးပေါင်းတပ်တွေက သိမ်းပိုက်

0 17
17

🟥 စစ်ကောင်စီနဲ့ ရှမ်းနီတပ်တွေ အသက်လုထွက်ပြေး

စက်တင်ဘာလ ၂၀ရက်နေ့၊ ဒီနေ့ ညနေပိုင်းမှာပဲ ဗန်း‌မောက်မြို့ကို တော်လှန်ရေး ပူးပေါင်းတပ်တွေက အပြီးသတ် သိမ်းယူနိုင်ခဲ့တယ်လို့သိရပါတယ်။

ဗန်းမောက်မြို့သိမ်းတိုက်ပွဲကို စက်တင်ဘာလ ၁၅ရက်နေ့မှ စတင်ပြီးတော့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ရာ စက်တင်ဘာ ၂၀ရက်နေ့မှာ အပြီးသတ် သိမ်းယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

“ဗန်းမောက်မြို့ကို KIA-PDF ပူးပေါင်းတပ်တွေက ထိန်းချုပ်လိုက်ပါပြီ။ ရှမ်းနီတွေ အသေခံမတိုက်ရဲဘဲ ထွက်ပြေးသွားပါတယ်။”

ဟု ဗန်းမောက်ဒေသစစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။စစ်ကောင်စီနဲ့ ရှမ်းနီပူးပေါင်းတပ်တွေဟာ ဗန်းမောက်မြို့ကို ခုခံရာမှာ အပြစ်မဲ့ပြည်သူတွေကို လူသားဒိုင်းအဖြစ် အသုံးပြုခြင်း၊ လက်နက်ကြီးရမ်းသမ်းပစ်ခတ်ခြင်း၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများ အလွန်အကျွံပြုလုပ်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ မြို့ကို လက်လွှတ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပါတယ်။

ဗန်းမောက်မြို့ကို ထိုးစစ်ဆင်ရာမှာ ထိုးစစ် အစဦးရက်ပိုင်းမှာတင် စစ်ကောင်စီနဲ့ ရှမ်းနီတပ်တွေရဲ့ ဗန်းမောက်မြို့ အရှေ့ဘက်ရှိကာကင်းစခန်းတွေကို သိမ်းပိုက်နိုင်ခဲ့ပြီး မြို့အနီးကို ဖိအားပေးတိုက်ခိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေက ဗန်းမောက်မြို့ကို ဝန်းရံဖိအားပေးတိုက်ခိုက်လာတဲ့ အခြေအနေမှာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေနဲ့ ရှမ်းနီတပ်သားတွေဟာ သူတို့ရဲ့ ပင်မခံစစ်ဖြစ်တဲ့ နတလကျောင်းကို စွန့်ခွာထွက်ပြေးသွားကြပါတယ်။

လက်တလောအခြေအနေတွေနဲ့ ပက်သက်ပြီးတော့ “မြို့ကိုတော့ရပါပြီ။ ရန်သူအလောင်း၊ လက်နက်ကတော့ နယ်မြေရှင်းလင်းနေဆဲပါ။ မြို့အနီးနှာလည်း ရန်သူ(ရှမ်းနီ)စခန်းတွေရှိနေတော့ ဆက်ရှင်းရအုံးမှာပါ။ ဆက်လက်ထုတ်ပြန်ပေးပါမယ်”ဟုလည်း ကဒူးကာကွယ်ရေးရဲဘော်တစ်ဦးက BBM ကိုပြောပါတယ်။

ဗန်းမောက်မြို့သိမ်းတိုက်ပွဲကို NUGလက်အောက်ခံ PDFတပ်ရင်းများ၊ ကသာခရိုင်အတွင်းမှ ပကဖများ၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။ တိုက်ပွဲစတင်ပြီး ၆ရက်မြောက်နေ့မှာပဲ မြို့ကိုအပြီးသတ် သိမ်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဗန်းမောက်မြို့နယ်ရဲ့ တဆက်တည်း တည်ရှိတဲ့ ပင်လည်ဘူးမြို့နယ် ၊အင်းတော်မြို့နယ်နဲ့ ထီးချိုင့်မြို့နယ်တွေကိုလည်း တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းယူထားပြီး ဖြစ်ပါတယ်။။

ဗန်းမောက်မြို့ကို ခုခံရာမှာ စစ်ကောင်စီက သူတို့လက်အောက်ခံ ရှမ်းနီတပ်(SNA)တွေကို အဓိက အသုံးပြုခဲ့တာဖြစ်ပါတယ်။ အခုလိုတိုက်ပွဲအတွင်းမှာ မြို့ကိုစွန့်ခွာ ထွက်ပြေးမှု ဖြစ်ပွားပြီးချိန်မှာတော့ စစ်ကောင်စီထောက်ခံသူတွေကြားမှာ ရှမ်းနီတပ်(SNA)ကို အပြစ်တင် ဝေဖန်မှုတွေ အများအပြားထွက်ပေါ်နေပါတယ်။

#BBM#News#UpdateNews#SNA#Junta#PeopleDefenseForce

Leave a Comment

Latest Post

Latest Post