အမျိုးသမီး ၁ဦးထိခိုက် သေဆုံး
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မြောက်ခြမ်းရှိ နဲ့ တန့်ဆည်နယ်တောင်ဘက်ခြမ်းရှိ ကျေးရွာတွေကို စစ်ကောင်စီက ဂိုင်ရိုကော်ပတာ၃စီးနဲ့ ၄ကြိမ်ထက်မနည်း ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရတယ်လို့ N.A.S က BBMကိုပြောပါတယ်။
စက်တင်ဘာလ ၂၉ရက်နေ့ ညနေပိုင်းက ရေဦးနယ်မြောက်ဘက်ခြမ်းက ရွာတွေ နဲ့တန့်ဆည်နယ်တောင်ဘက်ခြမ်းရှိ ဖန်းခါးဇင် ဘုန်းကြီး ကျောင်းနဲ့ ကျေးရွာတွေကို မုံရွာနမခမှတက်လာတဲ့ ဂိုင်ရိုကော်ပတာ ၃ စီး နဲ့ ဗုံးသီးကြဲချ လေကြောင်းတိုက်ခိုက်မှု (၄)ကြိမ်ထက်မနည်း ပြုလုပ်သွားတာကြောင့် အမျိူသမီးတစ်ဦး ထိခိုက်သေဆုံးခဲ့နယ်လို့ ဆိုပါတယ်။
“မုံရွာနမခ ကနေ တက်လာတာ။ ၂နာရီနဲ့ ၂နာရီ ၁၀မိနစ်ကြားမှာ စုစုပေါင်း ၄ကြိမ် ကြဲချသွားတာပါ”
လို့ N.A.S ရဲ့ တာ၀န်ရှိသူကပြောပါတယ်။ စစ်ကောင်စီဟာ နိုင်ငံနဲ့အဝှမ်းကို ဗုံးကြဲတိုက်ခိုက်နေပြီးတော့ တိကျမှန်ကန်တဲ့ ပစ်မှတ်နေရာတွေရရှိအောင် ထောက်လှမ်းရေးပုံစံမျိုးစုံနဲ့ ထိုးဖောက်၀င်ရောက်ကာ သတင်းအချက်အလက်ရယူပြီး တိုက်ခိုက်လာတာပဲဖြစ်ပါတယ်။
“အချိန်မရွေး သတင်းတွေကို နေရာပေါင်းစုံကနေ ရအောင်လုပ်ပါတယ်။ဂိတ်တွေ စခန်းတွေကို ထောက်လှမ်းပါတယ်။ စစ်ခွေး ရင်းမှူးတွေ ရေးဗိုလ်တွေဆိုရင် ကားလိုင်းထောင်ပြီး သတင်းထောက်ဖို့ လူလွှတ်ထားတယ်”
လို့ N.A.S တာ၀န်ရှိသူက ပြောပါတယ်။ စစ်ကောင်စီကာ လက်နက်အားကိုး၊ လေကြောင်းအားကိုးနဲ့ အချိန်မရွေး နေရာမရွေး ရာသီဥတုမရွေး ပြည်သူ၊ ရဲဘော်မရွေး ရက်စက်စွာတိုက်ခိုက်နေတာကို အမြဲသတိချပ်သင့်တယ်လို့ N.A.Sက သတိပေးပြောကြားထားပါတယ်။
ပုံ-Social Media
#BBM#News#UpdateNews#Junta#Airstrike#NAS