ရှမ်းပြည်နယ်မြောက်ပိုင်း၊ TNLA ထိန်းချုပ်ထားတဲ့ မန်တုံနဲ့ နမ္မတူ မြို့တွေမှာ ဒီနေ့ အောက်တိုဘာလ ၂ ရက်နေ့ မနက်ပိုင်း ၇ နာရီကျော်ခန့်က စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့လို့ ဒေသခံတွေ ထိခိုက် သေဆုံး ဒဏ်ရာရခဲ့ပြီး နေအိမ်အဆောက်အဦးတွေ ပျက်စီးသွားခဲ့ကြောင်း ဒေသခံတွေ ဆီက သိရပါတယ်။
“မန်တုံမှာက စစ်ကောင်စီ တပ် အဟောင်းထဲ ကြဲသွားတာ။ လူအထိအခိုက်မရှိဘူး”
လို့ ဒေသခံ အမျိုးသား တစ်ဦးက ပြောပါတယ်။ မန်တုံမြို့ အရင်က စစ်ကောင်စီရဲ့ ၁၃၀ တပ် စခန်းဟောင်းအတွင်းထဲ ဒီမနက် ၇ နာရီ ၃၀ မိနစ်ခန့်က ကြဲချ တိုက်ခိုက်ခဲ့တာလို့ သူက ပြောပါတယ်။
“နမ္မတူက ဘုန်းကြီးကျောင်းအောက်နားမှာ ကြဲသွားတာ။ ကျန်းမာရေးမကောင်းတဲ့ လို့ထိုင်နေတဲ့ အဖိုးတယောက် ခေါင်း တခြမ်းပါသွားတယ်။ လသားအရွယ် ကလေးလေး တယောက်လည်း အစအန ပျောက်သွားတယ်။”
လို့ ဒေသခံ အမျိုးသမီး တစ်ဦးက ပြောပါတယ်။၊ လေယာဉ်ဗုံးက နမ္မတူ ရပ်ကွက် ၈ ပုဗ္ဗာရုံ ဘုန်းကြီးကျောင်း အနီးစ ကျရောက် ပေါက်ကွဲခဲ့ပြီး ဒေသခံ ၃ ဦး သေဆုံးပြီး ကလေးငယ် ၁ ဦး အပါအဝင် ၆ ဦး ထိခိုက်ဒဏ်ရာရကာ နေအိမ် ၈ လုံး ပျက်စီးခဲ့တယ်လို့ သူက ပြောပါတယ်။
တံတားဦး ကနေ တက်လာတဲ့ ဂျက်ဖိုက်တာ ပထမ တစ်စီးက နမ္မတူမှာ မနက် ၇ နာရီ ၂၀ မိနစ်က ကြဲသွားတာဖြစ်ပြီး တံတားဦးက တက်လာတဲ့ ဂျက်ဖိုက်တာ ဒုတိယ တစ်စီးက မန့်တုံ ခလရ ၁၃၀ မှာ မနက် ၇ နာရီ ၂၅ မိနစ်မှာ တစ်ကြိမ်၊ မနက် ၇ နာရီ ၃၀ မိနစ်မှာ တစ်ကြိမ် စုစုပေါင်း ၂ ကြိမ် ကြဲချတိုက်ခိုက်သွားကြောင်း လေကြောင်း အန္တရာယ် စောင့်ကြည့်နေတဲ့ အဖွဲ့တွေရဲ့ မှတ်တမ်းအရ သိရပါတယ်။
နမ္မတူနဲ့ မနန်တုံမြို့မှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၃ ဦးသေဆုံးပြီး ကလေးအပါအဝင် ၆ ဦး ထိမှန်ဒဏ်ရရှိခဲ့ကြောင်း၊ ယနေ့ မနက် ၇ နာရီ မိနစ် ၂၀ အချိန်မှာ လေကြောင်းနဲ့ နမ္မတူမြို့မှာ ၁ လုံးနဲ့ မန်တုံမြို့မှာ ၄ လုံး ဗုံး ကြဲချ တိုက်ခိုက်ခဲ့ကြောင်း PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာန က သတင်းထုတ်ပြန်ထားပါတယ်။
အလားတူပဲ မနေ့က အောက်တိုဘာလ ၁ ရက်နေ့ကလည်း မိုးကုတ်မြို့အနောက်ပိုင်း၊ ရေထွက်ကြီးရွာကို စစ်ကောင်စီတပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပေအိမ် ၁ အိမ်လည်း ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
Photos-Local Resident
#BBM#News#UpdateNews#NorthernShan#Junta