Sunday, December 21, 2025
Home » မကွေးတိုင်း၊ မင်းတုန်းမြို့နယ် ခုန်တိုင်ရွာအနီးမှာ တပ်ဖွဲ့ချိန်းဖို့လာတဲ့ အင်အား ၄၀ပါ စကစ စစ်‌ကြောင်းနဲ့ တော်လှန်‌ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွား

မကွေးတိုင်း၊ မင်းတုန်းမြို့နယ် ခုန်တိုင်ရွာအနီးမှာ တပ်ဖွဲ့ချိန်းဖို့လာတဲ့ အင်အား ၄၀ပါ စကစ စစ်‌ကြောင်းနဲ့ တော်လှန်‌ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွား

0 14
14

မကွေးတိုင်း၊ မင်းတုန်းမြို့ကနေ အလယ်ချောင်းရဲစခန်းကို လူချိန်းဖို့လာတဲ့ အင်အား (၄၀) နီးပါးပါ စစ်ကောင်စီ ‌လက်အောက်ခံ ရဲနဲ့ စကစ တပ်သားတွေပါတဲ့ ပူးပေါင်းစစ်ကြောင်းကို ခြုံခိုတိုက်ခိုက်ရာ နှစ်ဖက် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိတယ်လို့ ဗမာပြည်ကာကွယ်ရေးတပ် တာ၀န်ခံ ကိုသာချိုက BBM ကိုပြောပါတယ်။

အောက်တိုဘာလ ၅ ရက်နေ့၊ မနက် (၈) နာရီ၀န်းကျင်က မင်းတုန်းမြို့က‌နေ ညောင်းကြပ်ကျေးရွာကို light truck ကားတစ်စီး၊ အိမ်စီးကားတစ်စီးနဲ့ အလယ်ချောင်းရဲစခန်းကို ဦးတည်ပြီး ကားတွေကို နောက်ဆုံးကနေမောင်းပြီး ရှေ့ကနေ ခြေလျင်စစ်ကြောင်းထိုးလာခဲ့တာကို ခြုံခိုပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

“သူတို့(စကစ)က ခြေလျင်ဆင်းလျှောက်တာဆိုတော့ ပထမအဖွဲ့ ပစ်ခတ်မှုအောက်မှာတော့ သူတို့ ထိခိုက်ကျဆုံးမှုရှိတယ်။ ပထမကျည်ထွက်ပြီးနောက်ပိုင်းမှာတော့ သူတို့အားလုံးကလည်း ပြင်ဆင်ပြီးလာတာဆိုတော့ တိုက်ပွဲဖြစ်ပွားခဲ့တယ်ပေါ့။ စပစ်ပစ်ချင်းကတော့ ကိုယ်တွေဘက်က တည်ပြီးပစ်တာဆိုတော့ သူတို့ ထိခိုက်ကျဆုံးမှု ရှိတယ်ဗျ”

လို့ တာ၀န်ခံ ကိုသာချိုက BBM ကိုပြောပါတယ်။ ကြိုတင်သတင်းရရှိတာကြောင့် မင်းတုန်းမြို့နယ် ခုန်တိုင်ရွာအနီးမှာ အသင့် စောင့်ဆိုင်းပြီး အနီးကပ် ခြုံခိုတိုက်ခိုက်ခဲ့ရာ (၁၅) မိနစ် နီးပါး တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ဆိုပါတယ်။

“ထိတွေ့ဖြစ်ပြီးတော့ သူတို့က ဒီ တိုက်ပွဲဖြစ်ပွားတဲ့‌ နေရာကို စိုးမိုးပြီး ကင်းပုန်းချသွားပါတယ်။ ပြီးတော့ သူတို့ တပ်ချိန်းသွားမယ့်နေရာ အလယ်ချောင်းကို သူတို့ရောက်အောင်သွားပါတယ်”

လို့ ကိုသာချိုက ပြောပါတယ်။ ရန်သူထိခိုက်ကျဆုံး ရှိတာမျက်မြင်တွေ့ ခဲ့ရပေမယ့် အချက်အလက်အတိအကျကိုတော့ စုံစမ်းလျက်ရှိတယ်လို့ သိရပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ လက်ရှိအချိန်မှာ မင်းတုန်းမြို့ကို ပြန်လည်ရောက်ရှိသွားပြီလို့ သိရပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ လမ်းတစ်လျှောက်ရှိ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးခေါ်ဆောင်သွားပြီးတော့ အချို့ကို အကြောင်းပြချက်မရှိဖမ်းဆီးကာ အချို့ပြည်သူ့နေအိမ်တွေက စားသောက်ကုန်တွေနဲ့ အခြား တန်ဖိုးရှိ အသုံးဆောင်တွေကိုလည်း ခိုးယူသွားတယ်လို့ သိရပါတယ်။

Video-ဗမာပြည်ကာကွယ်ရေးတပ် (USBA) အဟောင်း

#BBM#UpdateNews#USBA#ဗမာပြည်ကာကွယ်ရေးတပ်#Junta#Magway

Leave a Comment

Latest Post

Latest Post