Sunday, December 21, 2025
Home » ကျောက်ဖြူမြို့ပင်လယ်ပြင်မှာ ရပ်နားထားတဲ့ စစ်ကောင်စီနေဗီတွေက လက်နက်ကြီးတွေ အဆက်မပြတ် ပစ်ခတ်နေ

ကျောက်ဖြူမြို့ပင်လယ်ပြင်မှာ ရပ်နားထားတဲ့ စစ်ကောင်စီနေဗီတွေက လက်နက်ကြီးတွေ အဆက်မပြတ် ပစ်ခတ်နေ

0 13
13

တရုတ်စီမံကိန်းတွေများစွာရှိတဲ့ ရခိုင်ပြည်၊ ကျောက်ဖြူမြို့ ပင်လယ်ပြင်မှာ ကျောက်ချရပ်နားထားတဲ့ စစ်ကောင်စီနေဗီတွေက လက်နက်ကြီးတွေ အရပ်သားပြည်သူတွေ နေထိုင်ရာနေရာတွေကို အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ကျောက်ဖြူဒေသခံတွေဆီက သိရပါတယ်။

မနေ့က အောက်တိုဘာလ ၁၂ ရက်နေ့ ၊ ညနေပိုင်းအချိန်မှာ စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်ရေး နေဗီတစ်စီးက လက်နက်ကြီးပစ်ခတ်မှုကြောင့် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦးမှာ ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

လက်နက်ကြီးကျည်ကြောင့် ထိခိုက်ဒဏ်ရာရရှိသွားတဲ့ ကလေးငယ်မှာ ကျောက်ဖြူမြို့နယ်၊ ကျောက်ပြောက်ကျေးရွာက ဦးမျိုးသူအောင်နဲ့ ဒေါ်ဝင်းမိုးနွယ်တို့ရဲ့သား မောင်ဘိုးရွှေလမင်း ဖြစ်ပါတယ်။

“မနေ့က ညနေပိုင်းမှာ ကျောက်ပြောက်ကျေးရွာ ပင်လယ်ပြင် ကျောက်ချရပ်တန့်ထားတဲ့ စစ်ကောင်စီနေဗီက ကျောက်ပြောက်ကျေးရွာဖက်ကို လက်နက်ကြီးကျည် ၂ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ ကျေးရွာအနီးအမှာကျတော့ ၃ နှစ်အရွယ် ကလေးငယ်တစ်ဦး ထိခိုက်သွားပါတယ် ”

လို့ ကျောက်ဖြူဒေသခံတစ်ဦးက BBM ကို ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၀ ရက်နေ့မှာလည်းကျောက်ဖြူမြို့နယ်၊ င/အုပ်ရွာနဲ့ ဝမျှောင်ရွာကြား ပင်လယ်ပြင်မှာ ကျောက်ချထားတဲ့ စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်ရေး နေဗီဟာ င/အုပ်ကျေးရွာဘက်ကို ဦးတည်ပြီးတော့ လက်နက်ကြီး ၁ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် င/အုပ်ကျေးရွာက ဦးအောင်ဇံ (၈၆ နှစ်) မှာ ပြင်းထန်ဒဏ်ရာရရှိခဲ့တာလည်း ဖြစ်ပါတယ်။

သြဂုတ်လ ၂၇ ရက်နေ့၊ ညနေ ၇ နာရီ ကျော် အချိန်မှာလည်း ကျောက်ဖြူမြို့၊ ဇင်ချောင်းရွာ ပင်လယ်ပြင်မှာ စစ်ရေးအရလှုပ်ရှားသွားလာနေတဲ့ စစ်ကောင်စီ နေဗီတစ်စီးဟာ ဇင်ချောင်းကုန်းဘောင်ကြီးကျေးရွာကို လက်နက်ကြီး ၂ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အဲဒီကျေးရွာမှာနေထိုင်တဲ့ ဦးမင်းမင်းကြီး (၅၁) နှစ်မှာ ထိခိုက်ဒဏ်ရာရှိသွားတယ်လို့ သိရပါတယ်။

ရခိုင်စစ်မျက်နှာပြင်မှာ အရှုံးနဲ့ရင်ဆိုင်နေရတဲ့ စစ်ကောင်စီဟာ စစ်ရေးနဲ့မသက်ဆိုင်တဲ့ အရပ်သားပြည်သူတွေ နေထိုင်တဲ့နေရာတွေကို ရေကြောင်း၊ လေကြောင်း၊ လက်နက်ကြီးတွေနဲ့ နေ့စဥ်ရက်ဆက် ပစ်ခတ်တိုက်ခိုက်နေတယ်လို့ အာရက္ခတပ်တော် AA က ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

Leave a Comment

Latest Post

Latest Post