Sunday, March 22, 2026
Home » စစ်ကောင်စီက မိုးကုတ်မြို့ အရှေ့ပိုင်းကို Yak 130ဂျက်ဖိုက်တာနဲ့ ပေါင် ၂၅၀ ၂လုံး ထပ်မံ ဗုံးကြဲတိုက်ခိုက်

စစ်ကောင်စီက မိုးကုတ်မြို့ အရှေ့ပိုင်းကို Yak 130ဂျက်ဖိုက်တာနဲ့ ပေါင် ၂၅၀ ၂လုံး ထပ်မံ ဗုံးကြဲတိုက်ခိုက်

0 22
22

🟥သီပေါမြို့ ကိုလည်း တစ်ရက်ထဲ ဗုံး ၆၉လုံးကျော်ကြဲချတိုက်ခိုက်

မန္တလေးတိုင်းအတွင်းရှိ TNLA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ အရှေ့‌ပိုင်းကို စစ်ကောင်စီက ဂျက်‌ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာ‌ ကြောင့် ပြည်သူ၁ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတစ်ယောက်က BBMကိုပြောပါတယ်။

အောက်တိုဘာလ ၁၆ရက် မနက် ၇နာရီခွဲ ၀န်းကျင်ခန့်က မိုးကုတ်မြို့အရှေ့ပိုင်းရှိ ညောင်ကုန်းရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ကြဲချခဲ့ဝာာကြောင့် ပြည်သူ၁ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

“မနက် ၇နာရီခွဲလောက်က လာကြဲသွားတာ။ ဖြူရောင်ညောင်ကုန်းဘက်လို့ ကြားတယ်ဗျ။ မြို့အပြင်ဘက်လို့ ပြောရမှာပေါ့။ လူနေနည်းတဲ့နေရာ‌ဗျ”လို့ အဆိုပါ ဒေသခံက ပြောပါတယ်။

“မိုးကုတ်မြို့နယ် ညောင်ကုန်းရွာ (အထက်) ကို တံတားဦးလေတပ်တက် Yak-130 ဂျက်ဖိုက်တာ တစ်စီးနဲ့ ပေါင် ၂၅၀ နှစ်လုံးချပြီး လေကြောင်းတိုက်ခိုက်ခဲ့တာပါ”လို့ Nationwide Air Scout Teamက တာ၀န်ရှိသူက BBMကိုပြောပါတယ်။

စစ်ကောင်စီဟာ အောက်တိုဘာလ ၁၅ရက်နေ့တစ်ရက်တည်းမှာပင် မနက် ၁၁ခွဲ ၀န်းကျင်ကနေ ညနေ ၃နာရီခွဲအတွင်း သီပေါမြို့နယ်ကို လေကြောင်းတိုက်ခိုက်မှု ၁၀ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပြီး စုစုပေါင်း ဗုံး ၆၉လုံးကြဲချခဲ့တယ်လို့ သိရပါတယ်။

“စစ်ကြောင်းထိုးရင်အဲ့မြို့ကိုဒီကောင်တွေယမ်းူမ်းဖျက်ဆီးတာ။ မြေကျန်ရင်ရတယ်ဆိုတဲ့ အချိုးမျိုးချိုးတာ ဒီကောင်တွေက”လို့ ဒေသခံတစ်ယောက်က BBMကိုပြောပါတယ်။

စစ်ကောင်စီဟာ အောက်တိုဘာလ ၁၄ရက်နေ့ညမှာ ဗျူဟာကျတဲ့ မန္တလေး-သပိတ်ကျင်း-မိုးကုတ် လမ်းဆုံရာ ဖော့တောလမ်းဆုံကို ပြန်လည်သိမ်းယူလိုက်ပြီးတော့ လက်ရှိမှာ မိုးကုတ်ဘက်ကို ဦးတည်ပြီး တိုက်ခိုက်လာ‌နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။

စစ်ကောင်စီဟာ သီပေါမြို့ကို ပြန်လည် ထိန်းချုပ်ပြီးပါက မိုးကုတ်ကို ဖော့တောဘက်နဲ့ ကျောက်မဲလမ်းပိုင်းတွေကနေ ညှပ်ပြီး ထိုးလာနိုင်တယ်လို့ စစ်ရေးလေ့လာသုံးသပ်သူတွေက ‌သုံးသပ်နေကြပါတယ်။

Video-Local Resident

#BBM #News #UpdateNews #HsiPaw #Mogok #Junta

Leave a Comment

Latest Post

Latest Post