စကစတပ်ဖွဲ့၀င် ရာနဲ့ချီသေဆုံးပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိ
မန္တလေးတိုင်း၊ မြင်းခြံ-နွားထိုးကြီးလမ်းပိုင်းနဲ့ မြင်းခြံအရှေ့ခြမ်းကို စစ်ကြောင်းထိုးလာတဲ့ အင်အား ၁၀၀၀ပါ စစ်ကောင်စီစစ်ကြောင်းကို ၂လကျော်ကြာ ပစ်ခတ်တိုက်ခိုက်ပြီးနောက် စစ်ကောင်စီ ရာနဲ့ချီသေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ မြင်းခြံခရိုင် တပ်ရင်း ၂(Myingyan District Battalion 2)ရဲ့ တပ်ရင်းမှူး ကိုသိကြားက BBM ကိုပြောပါတယ်။
ဩဂုတ်လ ၁ရက်နေ့ကစတင်ကာ လက်ရှိ အချိန်အထိ ၂လကျော်ကြာ ကာလအတွင်း မြင်းခြံမြို့နယ် ခလရ ၁၅ကနေ ထွက်လာတဲ့ အဆိုပါစစ်ကြောင်းကို ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီ တပ်ဖွဲ့၀င် ရာနဲ့ချီသေဆုံးပြီး လက်နက်ခဲယမ်းတွေသိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
“၈လပိုင်း ၁ရက်နေ့ကနေ အခုလက်ရှိအချိန်ထိပဲပေါ့နော်။နေ့ တိုင်းနီးပါး ကျည်ပေါက်ပါတယ်ဗျ။ ခမရ ၁၅ ကထွက်ပြီး သစ်ပင်ရှည်ရွာကို ကျော်တာနဲ့ ကျည်ပေါက်တာပါ။ တချို့ နေရာတွေမှာဆိုရင် အလောင်းတွေ လက်နက်တွေထိပါ ရပါတယ်ဗျ”လို့ တပ်ရင်းမှူး ကိုသိကြားက ပြောပါတယ်။
အောက်တိုဘာလ ၁၉ရက် မနက်၇နာရီ၀န်းကျင်ကလည်း မြင်းခြံမြို့နယ်နဲ့ တောင်သာမြို့နယ်အစပ်ရှိ သံမဏိစက်ရုံကို ၁၀၇မမ ရှော့တိုက်ဒုံး၁၀လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၈လုံးအောင်မြင်စွာပေါက်ကွဲခဲ့ပြီး ၄လုံးမှာ ချက်ကောင်းကို ထိမှန်တာကြောင့် အခုလို အထိအခိုက်များရတာဖြစ်တယ်လို့ ဆိုပါတယ်။
“ ဒီတစ်ခေါက်ကတော့ပိုအားရတယ်။ အရင်ကလည်း ပစ်ဖူးတယ်။ ၂လုံး ၃လုံးစသဖြင့်ပေါ့။ အခုကတော့ ၁၀လုံးပစ်တယ်။ ၂လုံး အယ်ရာ(error)ပါတယ်။ ၈လုံးအောင်မြင်စွာပေါက်ကွဲတယ်။ ၄လုံးကတော့ ချက်ကောင်းထိတယ်”လို့ တပ်ရင်းမှူး ကိုသိကြားကပြောပါတယ်။
မြင်းခြံခရိုင်အတွင်းရှိ မိဘပြည်သူတွေ အနေနဲ့လည်း စကစရဲ့ အနီးပတ်ဝန်းကျင်မှာ နေထိုင်ခြင်းမပြုကြပါဖို့ အထူးသတိပေးတိုက်တွန်းထားပါတယ်။
ဒါ့မြင်းခြံခရိုင်အတွင်း စစ်ရေးအရှိန်မြှင့်လုပ်ဆောင်နိုင်ဖို့အတွက် မိဘပြည်သူတွေ အနေနဲ့ မြင်ခြံခရိုင် အမှတ် ၂ တပ်ရင်းကို ထောက်ပို့ကူညီပေးကြဖို့ လေးစားစွာ အသိပေးနှိုးဆော်ထားပါတယ်။
အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုကို
မြင်းခြံခရိုင် အမှတ်၂ တပ်ရင်းနှင့် မဟာမိတ် တပ်ရင်းတပ်ဖွဲ့တွေ၊ ပကဖ တပ်ပေါင်းစုတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာပဲဖြစ်ပါတယ်။
Video-Myingyan District Battalion 2
#BBM#News#MyingyanDistrictBattalion2#Junta#PeopleDefenseForce#အတင်းပစ်တဲ့ရင်း၂#အနင်းမခံမြင်းခြံ#ပြည်သူ့ကာကွယ်ရေးတပ်မတော်