Sunday, December 21, 2025
Home » လေးကေ့ကော်၊ ရသေ့ဂူဘက်သို့ စစ်ကူလာတဲ့ စကစစစ်ကြောင်းကို ဒရုန်းနဲ့တိုက်ခိုက်ရာ စကစ ၂ ဦးသေဆုံးပြီး ၃ ဦး ပြင်းထန်ဒဏ်ရာရ

လေးကေ့ကော်၊ ရသေ့ဂူဘက်သို့ စစ်ကူလာတဲ့ စကစစစ်ကြောင်းကို ဒရုန်းနဲ့တိုက်ခိုက်ရာ စကစ ၂ ဦးသေဆုံးပြီး ၃ ဦး ပြင်းထန်ဒဏ်ရာရ

0 8
8

🟥မြေပြင်ထိတွေ့တိုက်ပွဲမှာ စစ်တပ်စစ်ကြောင်းက စစ်လက်နက်ပစ္စည်းအမြောက်အများထားပြီးထွက်ပြေး

တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေတဲ့ လေးကေ့ကော်အနီး ရသေ့ဂူဘက်သို့ စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်းတစ်ခုကို တော်လှန်ရေးအင်အားစုတွေက ဒရုန်းနဲ့တိုက်ခိုက်ခဲ့တာကြောင့် စကစတပ်သား ၂ ဦးသေဆုံးပြီး ၃ ဦးအပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက စစ်ကောင်စီအနေနဲ့ တိုက်ပွဲပြင်းထန်နေတဲ့ လေးကေ့ကော်ရသေ့ဂူပတ်ချာလည်ကို တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ နောက်ကျောဘက်မှဝိုက်ပြီး စစ်ကြောင်းတစ်ကြောင်းနဲ့ အတင်းတိုးဝင်တာတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အဆိုပါ ရသေ့ဂူနောက်ကျောဘက်ကို အတင်းတိုးဝင်နေတဲ့ အဆိုပါစစ်ကြောင်းကို အားဖြည့်ဖို့အတွက် စစ်တပ်ဘက်မှ တပ်မ (၂၂) လက်အောက်ခံ အင်အားတွေနဲ့ နောက်ထပ်စစ်ကူစစ်ကြောင်းတစ်ကြောင်းကိုလည်း ထပ်မံစေလွှတ်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကူလာတဲ့ အဆိုပါတပ်မ(၂၂)စစ်ကြောင်းကို တော်လှန်ရေးအင်အားစုတွေဘက်မှ ဦးစွာတွေ့ရှိခဲ့ပြီး ဒရုန်းနဲ့ လက်ဦးမှုယူကာ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၂ ဦး နေရာမှာတင်ပွဲချင်းပြီးသေဆုံးခဲ့သလို ၃ ဦးဟာလည်း ထိခိုက်ဒဏ်ရာ ပြင်းထန်တာကြောင့် အရေးပေါ်ဆေးရုံတင်ရတာတွေရှိခဲ့တယ်လို့ ဆိုပါတယ်။

“အဲ့နေ့က သူတို့တွေ တိုးကြတာပေါ့နော် နောက်ကျောဘက်ကိုတိုးတာ ကျွန်တော်တို့ နောက်ကျောဘက်ကိုတိုးတော့ ဒီကောင်တွေ အဲ့နေ့က နောက်ကနေပြီးတော့ နောက်ထပ်စစ်ကြောင်းတစ်ကြောင်း ရသေ့ဂူဘက်ကို စစ်ကူလာတာ လာတဲ့အချိန်မှာ ကျွန်တော်တို့က စစ်ကူစစ်ကြောင်းကို ဒရုန်းနဲ့လက်ဦးမှုယူလိုက်တော့ အဲ့စစ်ကြောင်း ဖရိုဖရဲဖြစ်ပြီးတော့ ၂ ယောက်သေ ၃ ယောက် အရေးပေါ်တင်ရတာပေါ့ တခြားထိတဲ့သူတွေလဲ အများကြီးဖြစ်သွားတာပေါ့” လို့ မြေပြင်ရဲဘော်တစ်ဦးက BBM ကိုပြောပါတယ်။

ဒီလိုတိုက်ခိုက်ခံလိုက်ရတာကြောင့်ပဲ အဆိုပါစစ်ကောင်စီစစ်ကူစစ်ကြောင်းဟာ တိုက်ပွဲဖြစ်ပွားရာနေရာမှာ ဆက်လက်ချီတက်နိုင်ခြင်းမရှိဘဲ စစ်ကြောင်းတန့်သွားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မြေပြင်မှာရှိနေတဲ့ တော်လှန်ရေးအင်အာစုတွေဘက်မှ ချေမှုန်းရေးရဲဘော်တွေကလည်း ရသေ့ဂူဘက်ကို စစ်ကြောင်းတိုးကျွံဝင်နေတဲ့ စစ်ကောင်စီစစ်ကြောင်းတွေကို တိုက်ခိုက်ခဲ့တာကြောင့် စစ်တပ်ဘက်မှအထိနာကာ ခဲယမ်းပစ္စည်းအမြောက်အများနဲ့လက်နက်များပါထားခဲ့ပြီး စစ်ကြောင်းလိုက်ပြန်ဆုတ်ခွာသွားခဲ့တယ်လို့ သိရပါတယ်။

“ဒရုန်းနဲ့အတိုက်ခံလိုက်ရတော့ ဒီကောင်တွေ စစ်ကူစစ်ကြောင်းကလဲ ရှေ့ကိုမရောက်နိုင်တော့ဘူး၊ ရှေ့ကတိုးဝင်နေတဲ့ဘက်မှာလည်း ချေမှုန်းရေးရဲဘော်တွေနဲ့ ထိတွေ့မှုဖြစ်တာ ပစ္စည်းတွေကော အကုန်ထားပြီးထွက်ပြေးသွားခဲ့ရတာပေါ့” လို့ အဆိုပါရဲဘော်က ဆက်ပြောပါတယ်။

လက်ရှိမှာ မြဝတီမြို့နယ်အတွင်းရှိ လေးကေ့ကော်ဒေသတစ်ဝိုက်မှ စွယ်တော်ကုန်းအောက်ခြေပတ်ချာလည်နဲ့ ရသေ့ဂူတစ်ဝိုက်မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုတွေကြား ထိတွေ့တိုက်ပွဲတွေပြင်းထန်နေပြီး တော်လှန်ရေးဘက်က စစ်ကောင်စီ အလောင်း၊လက်နက်အချို့ သိမ်းဆည်းရရှိတာတွေရှိသလို စစ်ကောင်စီဘက်မှ အလင်းဝင်ရောက်လာသူတွေရှိတယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီဟာ မြဝတီနဲ့ သင်္ကန်းညီနောင်တို့ကို ရရှိပြီးတဲ့နောက် လေးကေ့ကော်မြို့ကို ထပ်မံထိုးစစ်ဆင်လာတာဖြစ်ပြီး အခုအခါ မင်းလက်ပံ၊ ဖလူးလေးကျေးရွာတွေကိုပါ ပြန်လည်စိုးမိုးနိုင်ဖို့ ကြိုးပမ်းနေတာတွေရှိတယ်လို့ သိရပါတယ်။

Photo-Black Panther Column-တပ်ခွဲ၂

Leave a Comment

Latest Post

Latest Post