Wednesday, February 4, 2026
Home » ဖားကန့်-ဆိုင်းတောင်လမ်း စကစစိုးမိုးဒေသအတွင်း အရပ်သားပြည်သူ ၂ ဦး လမ်းပေါ် ပစ်သတ်ခံရ

ဖားကန့်-ဆိုင်းတောင်လမ်း စကစစိုးမိုးဒေသအတွင်း အရပ်သားပြည်သူ ၂ ဦး လမ်းပေါ် ပစ်သတ်ခံရ

3 23
23

🟥ဖားကန့်မှာ တရားခံလက်သည်ဖော်မရတဲ့ အရပ်သားပြည်သူအသတ်ခံရမှုတွေ မကြာခဏဖြစ်ပွားနေ

ဖားကန့်မြို့နယ်အတွင်းရှိ ဖားကန့်-ဆိုင်းတောင်လမ်းပိုင်း စစ်ကောင်စီအဓိကထိန်းချုပ်စိုးမိုးထားတဲ့ ယူမာကျေးရွာနဲ့ မရှီကထောင်ဒေသဘက်တွေမှာ အရပ်သားပြည်သူ (၂) ဦး ပစ်သတ်ခံထားရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၅ ရက်၊ ည ၈ နာရီခွဲခန့်မှာ ဖားကန့်မှ ဆိုင်းတောင်ဒေသကို အသွားလမ်းပေါ်ရှိ မရှီကထောင်ရပ်ကွက်ရုံးဘေးမှာ ဆိုင်ကယ်နဲ့ လူ ၁ ယောက် ပစ်သတ်ခံထားရတယ်လို့ သိရပါတယ်။

အဆိုပါအခင်းဖြစ်ပွားစဥ်ညက မရှီကထောင်ရပ်ကွက်ရုံးအနီးအနားမှာ သေနတ်ပစ်ဖောက်သံကြားရသလို အခုလိုပစ်သတ်ခံထားရခြင်းဖြစ်ပြီး လက်ရှိအချိန်ထိ ဘယ်အဖွဲ့က သတ်ခဲ့တယ်ဆိုတာကို အတည်ပြုနိုင်ခြင်းမရှိသေးဘူးလို့ ဒေသခံဆီက သိရပါတယ်။

“ဟုတ်တယ်ဗျ ဘယ်သူဘယ်ဝါတွေဆိုတာနဲ့ ဘယ်အဖွဲ့ကကပစ်တယ်ဆိုတာတော့ အခုချိန်ထိ မသိရသေးဘူး၊ မနေ့ညက ၁၀ နာရီခွဲဝန်းကျင်မှာ ပစ်သတ်ခံလိုက်ရတာ၊ ဆိုင်ကယ်နဲ့ပုံက မရှီကထောင် လမ်းမကြီးပေါ်မှာ ပစ်သတ်ခံလိုက်ရတာ၊ ဖားကန့်ကနေ ဆိုင်းတောင်အသွား မရှီကထောင်ရပ်ကွက် ရုံးဘေးနားမှာ ပစ်သတ်ခံလိုက်ရတာ”လို့ ဒေသခံပြည်သူတစ်ဦးက BBM ကိုပြောပါတယ်။

ဒါ့အပြင် ဖားကန့်မှ ဆိုင်းတောင်သို့ အသွားလမ်းဖြစ်တဲ့ ယူမာကျေးရွာ လမ်းမကြီးပေါ်မှာလည်း မနေ့က ပြည်သူတစ်ဦး အလားတူပစ်သတ်ခံထားရတယ်လို့လည်း သိရပါတယ်။

“ယူမာမှာလည်း တစ်ယောက်ပစ်သတ်ခံရတယ်၊ ဆိုင်ကယ်မပါတဲ့ ပုံကတော့ ယူမာလမ်းမကြီးပေါ်မှာ ဒါလည်း ဖားကန့်နဲ့ ဆိုင်းတောင်သွားလမ်းပဲ အဲ့ယူမာကျေးရွာအပိုင်းထဲမှာပဲ ပစ်သတ်ခံရတာ” အဆိုပါ ဒေသခံက ဆက်ပြောပါတယ်။

ဖားကန့်မြို့နယ်အတွင်းမှာရှိတဲ့ ဆိုင်းတောင်ဒေသမှာ တော်လှန်ရေးအင်အားစုတွေတည်ရှိနေပြီး ဆိုင်းတောင်ကိုသွားရာ ယူမာ၊ မရှီကထောင်ဒေသတွေမှာတော့ စစ်တပ်ဘက်က အဓိက အခြေပြုတာတွေ ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် ယခင်ကတည်းက အဆိုပါဒေသတွေကို နှစ်ဖက်စလုံးမှ အရပ်ဝတ်နဲ့ သွားလာတာတွေပြုလုပ်လေ့ရှိပြီး လက်ဦးမှုရရင်ရသလို ပစ်ခတ်မှုတွေလည်း ရှိတတ်တယ်လို့ သိရပါတယ်။

ဖားကန့်ကို စစ်ကောင်စီစစ်ကြောင်းပြန်ဝင်လာတဲ့ ဧပြီလနဲ့ မေလတွေမှစပြီး အခုဖြစ်စဥ်အပါအဝင် ဖားကန့်မြို့နယ်အတွင်းမှာ အမည်မသိပစ်ခံထားရတဲ့ဖြစ်စဥ်တွေဟာ ၃ ခုထက်မနည်းရှိခဲ့ပြီး ဘယ်အဖွဲ့အစည်းက ပြုလုပ်တယ်ဆိုတာမျိုးကို အတည်ပြုလို့မရဘူးလို့လည်း သိရပါတယ်။

“ဘယ်အဖွဲ့က ပစ်ခတ်လိုက်ပါတယ်၊ ဘယ်အဖွဲ့ကရှင်းလင်းလိုက်ပါတယ်ဆိုပြီး ထုတ်ပြန်တာမျိုးမရှိဘူးဗျ၊ ဟိုးအရင်နှစ်တွေကတော့ ရှိခဲ့ဖူးတယ်၊ KTV ထဲမှာ ဝင်ပစ်တာပေါ့၊ စစ်တပ်ရှိရင်လည်း တော်လှန်ရေးဘက်ကဝင်ပစ်သလို တော်လှန်ရေးအဖွဲ့တွေရှိရင်လည်း စစ်တပ်ကဝင်စီးတာတွေရှိတယ်၊ ဒါတွေကတော့ ရှင်းရှင်းလင်းလင်းသိရတယ်ပေါ့၊ ဒါမျိုးလမ်းမတွေပေါ်မှာ ပစ်သတ်ခံရတာတွေကိုတော့ ဘယ်အဖွဲ့ကလုပ်ပါတယ်ဆိုပြီး ထုတ်ပြန်တာတွေမရှိဘူး၊ ကျွန်တော်တို့လည်း စုံစမ်းရတာခက်ခဲတယ်ပေါ့” လို့ သူက ဆက်ပြောပါတယ်။

လက်ရှိဖြစ်စဥ်နဲ့ပတ်သတ်ပြီး ဒေသခံ နောက်ထပ်သတင်းရင်းမြစ်အချို့ကတော့ စစ်ကောင်စီရဲ့ ညပိုင်းပတ်တဲ့ ကင်းသမားတွေက ပြုလုပ်သွားတာဖြစ်တယ်လို့ ပြောဆိုတာတွေရှိနေပေမဲ့ BBM အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

3 comments

lovejilislot January 19, 2026 - 6:29 pm

Lovejilislot caught my eye. Been spinning a few reels there, and it’s got a decent payout rate. Nothing crazy, but keeps you entertained. Give it a whirl at lovejilislot.

Reply
magicjilli January 19, 2026 - 6:29 pm

Magicjilli, huh? With a name like that, I had to try it. Not gonna lie, it’s got some charm. Solid selection, smooth gameplay, and the bonuses ain’t bad either. Worth a click! magicjilli

Reply
phlove1 January 19, 2026 - 6:29 pm

Phlove1? Okay, I’m in love! (pun intended 😂) Seriously though, the site’s clean, the games are fun, and it’s generally a good time. Check ’em out! phlove1

Reply

Leave a Comment

Latest Post

Latest Post