Sunday, December 21, 2025
Home » ရွှေပေါက်ကံနယ်မြေရဲစခန်းမှ ကင်းလှည့်ထွက်လာတဲ့ ရဲတွေကို ရန်ကုန် UG အဖွဲ့တွေ မိုင်းခွဲတိုက်ခိုက်

ရွှေပေါက်ကံနယ်မြေရဲစခန်းမှ ကင်းလှည့်ထွက်လာတဲ့ ရဲတွေကို ရန်ကုန် UG အဖွဲ့တွေ မိုင်းခွဲတိုက်ခိုက်

0 8
8

🟥စစ်ကောင်စီ ရဲ တပ်သား ၂ ဦးထက်မနည်း ထိခိုက်မှုရှိနိုင်ဟုဆို

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ရွှေပေါက်ကံနယ်မြေရဲစခန်းမှ ကင်းလှည့်ထွက်တဲ့ ရဲတွေကို မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ ရဲ ၂ ဦးထက်မနည်း ထိခိုက်မှုရှိခဲ့တယ်လို့ Yangon Army YA အဖွဲ့ တာဝန်ရှိသူက BBM ကိုပြောပါတယ်။

အောက်တိုဘာလ ၃၁ ရက်၊ ည ၁၀ နာရီ ၁၇ မိနစ်မှာ စစ်ကောင်စီလက်အောက်ခံ ရွှေပေါက်ကံနယ်မြေရဲစခန်းမှ ဆိုင်ကယ်နဲ့ ကင်းလှည့်ထွက်လာတဲ့ ရဲတွေကို ပြင်းအားမြင့်မိုင်း ၂ လုံး၊ လက်ပစ်ဗုံး ၁ လုံး တို့နဲ့ တိုက်ခိုက်ခဲ့ရာ ၂ ဦးထက်မနည်း ထိခိုက်မှုရှိနိုင်တယ်လို့ ဆိုပါတယ်။

“ကင်းပတ်ဖို့ထွက်လာမယ့်အချိန်စောင့်ပြီး ဆော်ထည့်လိုက်တာ၊ အနည်းဆုံး ၂ ကောင်တော့တိုက်ရိုက်ထိနိုင်တယ်၊ ဆိုင်ကယ်နဲ့ထွက်ထွက်ချင်း ဆော်လိုက်တာဆိုတော့ အနည်းဆုံးကိုပြောပြတာပါ၊ အဲ့ကောင်တွေက ည ၁၀ နာရီဝန်းကျင်ဆို ကင်းပတ်ထွက်နေကျ၊ ဆိုင်ကယ် ၄ စီး ၅ စီးနဲ့ တစီးနှစ်ကောင်” လို့ Yangon Army YA အဖွဲ့ တာဝန်ရှိသူက BBM ကိုပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကို Yangon Army YA နဲ့ အနောက်ပိုင်းခရိုင် ပကဖ တို့ ပူးပေါင်းလုပ်‌ဆောင်ခဲ့တာဖြစ်ပြီး တပ်ဖွဲ့ဝင်တွေလည်း ဘေးကင်းခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၀ ရက်၊ မနက်ပိုင်းမှာလည်း ရွှေပြည်သာမြို့နယ်၊ ၇ ရပ်ကွက်ရှိ စစ်ကောင်စီလက်‌အောက်ခံ အုပ်ချုပ်‌ရေးမှူးရုံးကို လက်ပစ်ဗုံး ၂ လုံးနဲ့ ပစ်သွင်းတိုက်ခိုက်ခဲ့ရာ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ပျူတွေ ၅ ဦးခန့် ထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီနဲ့ ပတ်သက်တဲ့ ပစ်မှတ်တွေ၊ စစ်ကောင်စီပြုလုပ်မဲ့ တရားမဝင်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပါဝင်လုပ်ကိုင်နေကြသူတွေကို ဆက်လက်ပြီးတော့ အပြင်းအထန် တိုက်ခိုက်သွားမှာ ဖြစ်ကြောင်းကိုလည်း Yangon Army အဖွဲ့က အသိပေးထားပါတယ်။

Photo – ပေးပို့

Leave a Comment

Latest Post

Latest Post