Sunday, December 21, 2025
Home » ကနီမှာ စစ်ကောင်စီက တိုက်ပွဲဖြစ်ခြင်းမရှိဘဲ ပါရာမော်တာနဲ့ တိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး၁ယောက်နဲ့ နွား၂ကောင် ထိခိုက်ဒဏ်ရာရရှိ

ကနီမှာ စစ်ကောင်စီက တိုက်ပွဲဖြစ်ခြင်းမရှိဘဲ ပါရာမော်တာနဲ့ တိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး၁ယောက်နဲ့ နွား၂ကောင် ထိခိုက်ဒဏ်ရာရရှိ

0 12
12

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ရှိ နတ်ကြီး မုဌော တစ်နေရာကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲ ပါရာမော်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး၁ယောက်နဲ့ နွား၂ကောင်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံ တစ်ယောက်က BBM ကိုပြောပါတယ်။

နို၀င်ဘာလ ၁ရက်နေ့က ကနီမြို့နယ်ရှိ နတ်ကြီး မုဌော တစ်နေရာကို ပါရာမော်တာနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး ၁ယောက်နဲ့ နွား၂ကောင် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

“ မနေ့က မနက်မှာပဲ ကနီနယ်မှာ ပါရာမော်တာနဲ့ လေကြောင်းတိုက်ခိုက်မှုတစ်ခု လုပ်သွားပါတယ်။နွားနှစ်ကောင်နဲ့ အမျိုးသမီးတစ်ယောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ခနခန လေကြောင်းတိုက်ခိုက်ခံရတဲ့ နေရာပါ”လို့ အဆိုပါဒေသခံကပြောပါတယ်။

စစ်ကောင်စီဟာ အဆိုပါနေရာတွေကို လေကြောင်းကနေမကြာခဏတိုက်ခိုက်လေ့ရှိ‌တာ‌ကြောင့် ပြည်သူတွေဟာ လေကြောင်းသတင်းနားစွင့်ပြီး စိုးရိမ်နေကြရတယ်လို့ သိရပါတယ်။

“ တောင်သူလုပ်တဲ့အခါ၊ စာသင်ကြတဲ့အခါ၊ စျေးရောင်းကြတဲ့အခါ၊ အစရှိသဖြင့် ဘာအလုပ်ပဲလုပ်လုပ် လေကြောင်းသတင်း အမြဲနားစွင့်ပြီး သတင်းထူးတာနဲ့ ပုန်းခိုကျင်းတွေဆီ ဝင်ပြေးကြရတဲ့အနေအထားမှာရှိပါတယ်။ အချိန်တိုင်း စိုးရိမ်နေရတာပေါ့နော်။ စိတ်ဖြောင့်ဖြောင့်တန်းတန်း လုပ်ရကိုင်ရတယ် မရှိကြပါဘူး။ အလုပ်ပုံမှန် မလုပ်ရတော့ ပုံမှန် ဝင်ငွေမရ၊ ပုံမှန် ဝင်ငွေမရတဲ့အပြင် ကုန်ဈေးနှုန်းကလည်းကြီးတော့ စားဝတ်နေရေးကြပ်တည်းလာကြတယ်” လို့ အဆိုပါ သတင်းရင်းမြစ်က ဆက်ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ ပေါ်တာဆွဲ ဖမ်းဆီးမှုတွေကြောင့် ၀မ်းရေးအရ မြို့ပေါ်ထွက် အလုပ်လုပ်ချင်ကြရင်တောင် စစ်ကောင်စီကိုကြောက်လို့ မလုပ်ရဲမကိုင်ရဲအနေအထားမှာရှိနေပြီး စား၀တ်နေရေးကြပ်တည်းလျက်ရှိနေကြပါတယ်။

“ဝမ်းရေးကြောင့် မြို့ပေါ်ထွက် အလုပ်လုပ်ချင်ကြရင်တောင် ပေါ်တာအန္တရာယ်ကြောက်တာကြောင့် လူတိုင်းမသွားရဲကြဘူးပေါ့နော်”လို့ အဆိုပါ သတင်းရင်းမြစ်က ပြောပါတယ်။

စစ်ကောင်စီဟာ ရွေးကောက်ပွဲမတိုင်ခင် စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မြို့တွေကို လေကြောင်းရော ‌မြေပြင်ကပါ အရင်ကထက် ခပ်စိတ်စိတ်တိုက်ခိုက်လာနေတာပဲဖြစ်ပါတယ်။

ပုံ-Social Media(ပုံဟောင်း)

Leave a Comment

Latest Post

Latest Post