Sunday, December 21, 2025
Home » အရာတော်မြို့မှာ စစ်တပ်ဂိတ်စခန်းကို တိုက်ခတ်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းစွန့်ခွာထွက်ပြေး

အရာတော်မြို့မှာ စစ်တပ်ဂိတ်စခန်းကို တိုက်ခတ်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းစွန့်ခွာထွက်ပြေး

0 11
11

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ အရာတော်မြို့မှာ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားတွေ စခန်းစွန့်ခွာထွက်ပြေးသွားတယ်လို့ ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာလ ၅ ရက်၊ မနက်ပိုင်းမှာ အရာတော်မြို့ အမှတ် (၂)ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ဆေးရေးဂိတ်စခန်းကို တော်လှန်ရေးတပ်တွေက စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားတွေ ဝရုန်းသုန်းကားထွက်ပြေးသွားတယ်လို့ သိရပါတယ်။

စခန်းကို ၀င်ရောက်ရှင်းလင်းခဲ့ရာ ၇.၆၂ ကျည် ၅၁၁ တောင့်၊ ၅.၅၆ ကျည် ၄၀၀ တောင့်၊ Icon ၄လုံး၊ ငွေ ၂၉၄၆၀၀ ကျပ်၊ စစ်သုံးခရာ ၁ လုံး၊ ကျည်ကာဦးထုပ် ၁ လုံး၊ စစ်သုံးလွယ်အိတ် ၄ လုံး၊ ဆိုင်ကယ် ၃ စီး၊ ခမောက်ဝိုင်း ၁ လုံး၊ Equipment ၁ စုံနဲ့ စစ်အသုံးအဆောင်ပစ္စည်းအချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားချိန်ဟာ ၁၅ မိနစ်ခန့်ကြာခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ သေဆုံးထိခိုက်မှုကို စိစစ်နေဆဲဖြစ်ကြောင်းနဲ့ တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ပူးပေါင်းစစ်ဆင်ရေးကို အရာ‌တော်မြို့နယ် ပကဖ ၊ ဒီပဲယင်းမြို့နယ် ပကဖ နဲ့ ကျားသစ်နက် ပြောက်ကျားတပ်ဖွဲ့ (LDF) အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video-ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဒီပဲယင်းမြို့နယ်

Leave a Comment

Latest Post

Latest Post