Sunday, December 21, 2025
Home » တောင်သာမြို့နယ်၊ တမိုက်သာကျေးရွာမှာ တပ်စွဲထားတဲ့ စခန်းကို ဝင်ရောက်တိုက်ခိုက်

တောင်သာမြို့နယ်၊ တမိုက်သာကျေးရွာမှာ တပ်စွဲထားတဲ့ စခန်းကို ဝင်ရောက်တိုက်ခိုက်

0 11
11

🟥စစ်ကောင်စီတပ်ဖွဲ့၀င် ၅ ယောက် သေဆုံးကာ လမ်းတစ်လျှောက်က အမျိုးသမီးတွေ အပါအဝင် ပြည်သူ၁၁ ‌ဦးကို ပေါ်တာဆွဲသွား

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ တမိုက်သာကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်းမှ တာဝန်ရှိသူ ဗိုလ်မူတူးက BBMကိုပြောပါတယ်။

နိုဝင်ဘာလ ၇ ရက်နေ့ မနက် ၅ နာရီ ခွဲ၀န်းကျင်အချိန်ခန့်က တောင်သာမြို့နယ်၊ မြင်းခြံ – ပုဂံ-ညောင်ဦးလမ်းမ ဘေး တမိုက်သာကျေးရွာမှာ ခဏ၀င်ရောက်နားနေတဲ့ အင်အား ၆၀ ခန့်ပါ စစ်ကြောင်းကို တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးကာ ၅ ဦး အပြင်း အထန်ဒဏ်ရာရရှိပြီး ဆေးရုံကို ပို့ဆောင်လိုက်တယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားချိန် ၁နာရီခွဲကြာခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့တွေ ဆုတ်သွားမှ မြင်းခြံနဲ့ ကြာပို့ဆေးရုံကို သေနတ်တွေ ဖောက်ပြီး ပို့ဆောင်ပါတယ်လို့ ဆိုပါတယ်။

“တိုက်ပွဲကြာချိန်ကတော့၁ နာရီခွဲကြာတယ်ဗျ။ အခြေအနေဆိုးတဲ့ ၅ ကောင်ကိုတော့ မြင်းခြံ ဆေးရုံကို ပို့ထားတယ်လို့ကြားရတယ်။ မစိုးရိမ်ရတဲ့ ၃ကောင်ကိုတော့ ကြာပို့ဆေးရုံ ကိုပို့ပါတယ်။ ၈ ယောက်ကတော့ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ တိုက်ပွဲဖြစ်ပြီး ကျွန်‌တော်တို့ ဆုတ်သွားတော့မှ ကြာပို့ဆေးရုံကိုသေနတ်ဖောက်ပြီး ‌ပို့တယ်လို့သိရပါတယ်”လို့ ဗိုလ်မူတူးက ဆက်ပြောပါတယ်။

ခွာစစ်ဆင်ချိန်မှာ စစ်ကောင်စီတပ်သားတွေ သေနေတာကို မျက်မြင်တွေ့ရှိခဲ့ရပေမဲ့ မြေပြင်အနေအထားအရ လက်နက်ကောက် ယူနိုင်ခြင်းမရှိဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ အခုလို တိုက်ခိုက်ခံခဲ့ရတာကြောင့် ကြာပို့ကျေးရွာကို သေနတ်များပစ်ဖောက်ပြီး လက်ဖက်ရည်ဆိုင်၊ မုန့် ဟင်းခါးဆိုင်‌ေတွက လူငယ် ၆ ယောက်နဲ့ မင်းကြိုကျေးရွာမှလည်း အမျိုးသမီးတွေအပါအဝင် ပြည်သူ ၅ ယောက် ကို ပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်းမှ တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

Video-မြင်းခြံခရိုင် တပ်ရင်း၃တပ်ရင်း

Leave a Comment

Latest Post

Latest Post