Thursday, March 19, 2026
Home » ဧရာဝတီတိုင်းမှာ စစ်ရှောင်တွေကို စစ်ကောင်စီက ဟန်ပြရိက္ခာပေးပြီး မဲပေးဖို့ဖိအားပေး

ဧရာဝတီတိုင်းမှာ စစ်ရှောင်တွေကို စစ်ကောင်စီက ဟန်ပြရိက္ခာပေးပြီး မဲပေးဖို့ဖိအားပေး

3 45
45

ဧရာ၀တီတိုင်းအတွင်း စစ်ကောင်စီခန့် ဝန်ကြီးချုပ် အပါအဝင် ဌာနဆိုင်ရာတွေက စစ်ဘေးရှောင်တွေကို ဆန်၊ ဆီ စတဲ့ ရိက္ခာကို ဟန်ပြထောက်ပံ့ပေးပြီး မဲစာရင်းသွားကြည့်ကြဖို့နဲ့ အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း ရွေးကောက်ပွဲမှာ မဖြစ်မနေမဲပေးကြဖို့ ဖိအားပေးပြောဆိုမှုတွေရှိတယ်လို့ ဒေသခံသတင်းရင်းမြစ်ထံမှ သိရပါတယ်။

စစ်ကောင်စီခန့် ဧရာဝတီတိုင်း ဝန်ကြီးချုပ်ဟာ လာမဲ့ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီကိုယ်စားပြုကာ ရေကြည်မြို့နယ်ကနေ ဝင်ပြိုင်မှာဖြစ်တယ်လို့ သိရပြီး ဒီဇင်ဘာလ ၃ ရက်မှာ ရေကြည်မြို့နယ်ကို သွားရောက်ပြီး မဲစာရင်းသွားကြည့်ကြဖို့ အိမ်တိုင်ရာရောက် ပြောကြားတာတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာလ ၈ ရက်မှာလည်း ရေကြည်မြို့နယ် ကုန်းပြင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှာ စစ်ဘေးရှောင်တွေကို ခေါ်ယူတွေ့ဆုံရာမှာလည်း အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း မဖြစ်မနေမဲပေးဖို့ ပြောကြားသွားတယ်လို့ ဒေသခံသတင်းရင်းမြစ်ထံမှ သိရပါတယ်။

စစ်ကောင်စီက ဧရာ၀တီတိုင်းအတွင်းရှိ စစ်ဘေးရှောင်တွေကို အမျိုးသားသဘာ၀ဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေထဲကနေ တစ်လမှာ လူတစ်ဦးကို ကျပ်နှစ်သောင်းနှုန်းနဲ့ ထောက်ပံ့ပေးနေတယ်လို့ ကြေညာထားသော်လည်း လက်တွေ့မှာတော့ ပုံမှန်ပေးတာမျိုးမရှိဘဲ တခါတရံ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကတဆင့် ပေးတာမျိုးပဲရှိပြီး အပြည့်အဝမရရှိကြဘူးလို့ ဒေသခံတွေထံမှ သိရပါတယ်။

“စစ်ဘေးရှောင်တွေကို လစဥ် ဆန်၊ ဆီစတဲ့ အထောက်အပံ့တွေ ပေးမယ်ပေ့ါ၊ ပုံမှန်လည်း ပေးနေတယ်လို့ ပြောတယ်၊ ပြီးရင် မဲထည့်ခိုင်းတယ်၊ အသက် ၁၈ နှစ်ပြည့်ပြီးတဲ့သူတိုင်း မဲထည့်ရမယ်၊ မထည့်လို့မရဘူး၊ ထည့်ကိုထည့်ရမယ်လို့ ဖိအားပေးပြောသွားတာပါ၊ စစ်ရှောင်တွေကို လတိုင်းပေးနေတာလည်း မဟုတ်ပါဘူး” လို့ ရေကြည်ဒေသခံတစ်ဦးက BBM ကိုပြောပါတယ်။

“စစ်ရှောင်တွေက ရွေးကောက်ပွဲကို စိတ်စားဖို့မပြောနဲ့၊ ကိုယ့်ဟာနဲ့ကိုယ်တောင် စားဝတ်နေရေး အဆင်မပြေလို့ ဒုက္ခရောက်နေကြတာ၊ အတင်းမဖြစ်မနေ မဲပေးခိုင်းလည်း အကုန်လုံးကတော့ ပေးကြမှာမဟုတ်ဘူး” လို့ စစ်ဘေးရှောင်ကူညီရေးအဖွဲ့ဝင်တစ်ဦးကလည်း ပြောပြပါတယ်။

ဧရာ၀တီတိုင်းအတွင်းရှိ လေးမျက်နှာ၊ ရေကြည်၊ ရွှေသောင်ယံ၊ သာပေါင်းမြို့နယ်တို့မှာ အာရက္ခတပ်တော်(AA) ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ဘေးရှောင် သောင်းဂဏန်းခန့်ရှိနေကာ စားနပ်ရိက္ခာအပြင် အနွေးထည်၊ စောင်တွေလည်း အရေးပေါ်လိုအပ်နေတယ်လို့ စစ်ဘေးရှောင်ကူညီရေးအဖွဲ့တွေထံမှ သိရပါတယ်။

3 comments

plot777 March 5, 2026 - 12:43 am

Plot777, here I come! Time to test my luck and hopefully hit the jackpot! Check out plot777

Reply
fb7771 March 5, 2026 - 12:43 am

What’s the deal with fb7771? Is it related to fb777? Should I use it over the others? fb7771

Reply
ph88 casino login March 5, 2026 - 12:43 am

Ph88 casino login on ph88game.org is smooth, no cap. No issues getting logged in and straight to the casino action. Mad respect ph88 casino login

Reply

Leave a Comment

Latest Post

Latest Post