Sunday, December 21, 2025
Home » မြိုင် ပကဖ ရဲ့ အခြေခံစစ်သင်တန်းဆင်းပွဲ ၄/၂၀၂၅ ကို ဒေသတွင်းတစ်နေရာမှာ ပြုလုပ်ကျင်းပ

မြိုင် ပကဖ ရဲ့ အခြေခံစစ်သင်တန်းဆင်းပွဲ ၄/၂၀၂၅ ကို ဒေသတွင်းတစ်နေရာမှာ ပြုလုပ်ကျင်းပ

0 24
24

မြိုင်မြို့နယ် ပကဖ က ဦးစီးပြုလုပ်တဲ့ အခြေခံစစ်သင်တန်း(၄/၂၀၂၅)၊ သင်တန်းဆင်းပွဲကို ဒေသတွင်းတစ်နေရာမှာ ပြုလုပ်ကျင်းပခဲ့တယ်လို့ မြိုင်မြို့နယ် ပကဖ က ဒီဇင်ဘာလ ၁၄ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါအခြေခံစစ်ပညာသင်တန်းကို မြိုင်မြို့နယ် ပကဖ မှ တပ်ဖွဲ့ဝင်တွေသာမကပဲ အခြားတပ်ပေါင်းစုတွေက သင်တန်းသားတွေလည်း တက်ရောက်ခဲ့ကြပြီး သင်တန်းကာလ ၂ လနီးပါးအချိန်အတွင်း အခြေခံစစ်ပညာတွေကို သင်တန်းသား ၇၀ ကျော် တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

သင်တန်းမှာ ဒေါင်းရင်သွေး (မြစ်ခြေ)၊ Joker ပြောက်ကျားတပ်ဖွဲ့(မြိုင်)၊ လရောင်ပြောက်ကျားတပ်ဖွဲ့(မြိုင်)၊ Burma Federal Colum (BFC)တို့မှ သင်တန်းသားတွေ တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

သင်တန်းဆင်းပွဲကို မြိုင် ပကဖ၊ မကွေးတိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF – Magway) နဲ့ သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်တွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

စစ်အာဏာရှင်အမြစ်ဖြတ်ချေမှုန်းရေး၊ ဒေသတွင်းစည်းလုံးညီညွတ်ရေးနဲ့ စစ်ရေးဖော်ဆောင်နိုင်ရေးတို့ကို စဥ်ဆက်မပြတ်ကြိုးစားနေကြောင်း မြိုင်မြို့နယ် ပကဖ က အသိပေးထုတ်ပြန်ထားပါတယ်။

Leave a Comment

Latest Post

Latest Post