Sunday, December 21, 2025
Home » KNDF ဗျူဟာ ၆ ရဲ့ သင်တန်းသား ၃၀၀ နီးပါးတက်ရောက်ခဲ့တဲ့ စစ်သင်တန်းဆင်းပွဲပြုလုပ်

KNDF ဗျူဟာ ၆ ရဲ့ သင်တန်းသား ၃၀၀ နီးပါးတက်ရောက်ခဲ့တဲ့ စစ်သင်တန်းဆင်းပွဲပြုလုပ်

0 13
13

ကရင်နီပြည်နယ်၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ၊ ဗျူဟာ အမှတ် ၆ ရဲ့ သင်တန်းသား ၂၇၀ ကျော်တက်ရောက်ခဲ့တဲ့ အပတ်စဥ် ၄ အခြေခံစစ်သင်တန်းဆင်းပွဲ အခမ်းအနားပြုလုပ်ခဲ့တယ်လို့ KNDF – Karenni Nationalities Defense Force က ထုတ်ပြန်ထားပါတယ်။

အပတ်စဥ် (၄) အခြေခံစစ်သင်တန်းဟာ (၄)လတာ ကြာမြင့်ခဲ့ပြီး သင်တန်းဆင်းပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်သင်တန်းဆင်းပွဲမှာ သင်တန်းသား၊ သင်တန်းသူ (၂၇၁) ဦး အောင်မြင်စွာ သင်တန်းတတ်ရောက်နိုင်ခဲ့ပြီး သက်ဆိုင်ရာ ဗျူဟာ၊ တပ်ရင်းတွေမှာ တော်လှန်ရေးတာဝန်တွေကို စစ်ပညာရပ် အရည်အသွေးပြည့်ဝစွာနဲ့ ထမ်းဆောင်ကြတော့မှာဖြစ်တယ်လို့ KNDF ဆိုထားပါတယ်။

Photo – KNDF

Leave a Comment

Latest Post

Latest Post