ပြီးခဲ့တဲ့နှစ်အတွင်း သမ္မတဒေါ်နယ်ထရမ့်ရဲ့ ဦးဆောင်မှုအောက်မှာ အမေရိကန်ပြည်ထောင်စုဟာ နိုင်ငံတကာစံနှုန်းတွေနဲ့ ဥပဒေတွေကို အဆက်မပြတ်ချိုးဖောက်ခဲ့ပါတယ်။
အခွန်လှိုင်းလုံးကြီးတွေ၊ ရုရှားနဲ့ ယူကရိန်းအကြား အတုအယောင်ညှိနှိုင်းမှုတွေနဲ့ အစ္စရေး-ဂါဇာအရေးတို့ကိုထရမ့်က လုပ်ဆောင်ခဲ့ပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့ လအနည်းငယ်အတွင်း အမေရိကန်က ခရစ်ယာန်တွေကို “ကာကွယ်ဖို့” နိုင်ဂျီးရီးယားကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဗင်နီဇွဲလားကို ကျူးကျော်ဝင်ရောက်ကာ နိုင်ငံတကာရေပိုင်နက်ထဲမှာ ဗင်နီဇွဲလားသင်္ဘောတွေကို လပေါင်းများစွာ ဖောက်ခွဲပြီးနောက် သမ္မတ နီကိုလက်စ် မာဒူရိုကို ဖမ်းဆီးခဲ့ပြီး အီရန်၊ ဂရင်းလန်းနဲ့ မက္ကဆီကိုတို့ကို စစ်ရေးအရ ပွင့်ပွင့်လင်းလင်း ခြိမ်းခြောက်ခဲ့ပါတယ်။
အမေရိကန်အတွင်း၊ ထရမ့်ရဲ့ ICE (လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန် အကောင်အထည်ဖော်ရေး)အဖွဲ့က ဖမ်းဆီးစစ်ဆေးရာတွေမှာ ဥပဒေပြင်ပကနေ ကိုယ်ထိလက်ရောက်ကျူးလွန်မှုတွေကြောင့် ထိခိုက်နစ်နာမှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပါတယ်။

၂၀၂၆ ခုနှစ်အစောပိုင်းမှစပြီးတော့ ဖက်ဒရယ်လူဝင်မှုကြီးကြပ်ရေးအရာရှိ(ICE)တွေက အနည်းဆုံး အမေရိကန်နိုင်ငံသား ၃ ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး အဲ့ဒီထဲမှာ ကယ်လီဖိုးနီးယားမှ အသက် ၄၃ နှစ်အရွယ် Keith Porter Jr.၊ မင်နီဆိုတာမှ အသက် ၃၇ နှစ်အရွယ် Renée Nicole Good နဲ့Alex Pretti တို့ပဲဖြစ်ပါတယ်။
Good နဲ့ Pretti နှစ်ဦးစလုံးဟာ ကင်မရာမှာ ရှုထောင့်အမျိုးမျိုးမှ မှတ်တမ်းတင်ထားတဲ့ ဖြစ်ရပ်တွေမှာ သေဆုံးခဲ့ပြီး ဖက်ဒရယ်လူဝင်မှုကြီးကြပ်ရေးအေဂျင်စီတွေရဲ့ သေစေနိုင်တဲ့ အင်အားအသုံးပြုမှု တိုးချဲ့လာခြင်းအပေါ် လူထုရဲ့ဒေါသကို ပိုမိုပြင်းထန်စေခဲ့ပါတယ်။
အမေရိကန်ဟာ ပြီးခဲ့တဲ့လအတွင်း အီရန်လို ဆန္ဒပြသူထောင်ပေါင်းများစွာကို ဖိနှိပ်ချုပ်ချယ်ပြီး ခွဲခြားမှုမရှိ သတ်ဖြတ်ခဲ့တဲ့ နိုင်ငံတစ်ခုဖြစ်လာခဲ့ရင် အနောက်နိုင်ငံတွေဦးဆောင်တဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက အမေရိကန်ကို ပိတ်ဆို့အရေးယူမှုတွေနဲ့ ပိတ်ဆို့မှုတွေလုပ်ဖို့ တောင်းဆိုနေကြပါပြီ။
ဒါပေမယ့် အမေရိကန်ရဲ့ ပြည်တွင်းပြည်ပ ခြိမ်းခြောက်မှုတွေနဲ့ လုပ်ဆောင်ချက်တွေကို ထည့်သွင်းစဉ်းစားရင် အစောပိုင်းနှစ်တွေကွယ်လွန်ခဲ့တဲ့ နိုင်ငံသားအခွင့်အရေးလှုပ်ရှားသူ သင်းအုပ်ဆရာ ဒေါက်တာ မာတင်လူသာကင်းဂျူနီယာရဲ့ ဦးဆောင်မှုကနေ နောက်ထပ်စာမျက်နှာတစ်ခုကို သွားဖို့ လိုအပ်နေပါပြီ။
ကမ္ဘာကြီးဟာ အမေရိကန်ကော်ပိုရေးရှင်းတွေ၊ အမေရိကန်ထုတ် ထုတ်ကုန်တွေနဲ့ အမေရိကန်ဦးဆောင်တဲ့ ပွဲတွေကို သပိတ်မှောက်ပြီး ရပ်ဆိုင်းဖို့ လိုအပ်ပါတယ်။
အမေရိကန်ရဲ့ ကျူးကျော်မှုကို ကြီးမားတဲ့ စီးပွားရေးဖိအားပေးမှုမှလွဲ၍ ကမ္ဘာက တခြားဘာမှလုပ်စရာမရှိပါဘူး။
၁၉၅၀ ပြည့်လွန်နှစ်တွေမှာ ကင်းနဲ့ အခြားလူမည်းများစွာက ဖိနှိပ်သူတွေရဲ့ စီးပွားရေးကို တုတ်နဲ့ထိုးတာဟာ အမေရိကန်ကို ထိရောက်မှုရှိနိုင်တယိလို့ နားလည်ခဲ့ကြပ့တယ်။
ဒါဟာ အကြမ်းဖက်လူမျိုးရေးခွဲခြားမှုရဲ့ နေ့စဉ်တိုက်ခိုက်မှုကို ဆန့်ကျင်တော်လှန်ရာမှာ ရရှိနိုင်တဲ့ နည်းလမ်း တစ်ခုဖြစ်ပါတယ်။

၁၉၅၅ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့မှာ အလာဘားမားပြည်နယ်၊ မွန်ဂိုမာရီ ဘတ်စ်ကား ၃၈၁ ရက်ကြာ သပိတ်မှောက်မှုဟာ ဘတ်စ်ကားရှေ့မှာ “လူဖြူတွေသာထိုင်ရမယ့် စနစ်ကို စွန့်လွှတ်ဖို့ ရိုဆာပါ့ခ်စ်က ငြင်းဆိုခဲ့တာ ကြောင့် ဖြစ်ပါတယ်။
ဒါဟာ ဆယ်စုနှစ်များစွာကြာ အများပြည်သူသယ်ယူပို့ဆောင်ရေးကို သပိတ်မှောက်မှုတစ်ခုပဲ ဖြစ်ပါတယ်။
တစ်နှစ်ကြာ ဆန္ဒပြပွဲအတွင်း မွန်ဂိုမာရီလူမည်း ၄သောင်းခန့်က ကားဂိတ်တွေ ကျောင်း၊ အလုပ်၊ ဘုရားကျောင်းနဲ့ အခြားနေရာတွေကို လမ်းလျှောက်သွားခဲ့ကြပါတယ်။
သပိတ်မှောက်မှုကို ကာကွယ်တဲ့အနေနဲ့ ကင်းက “ အရှက်ရစွာစီးနင်းခြင်းထက် ဂုဏ်သိက္ခာရှိရှိ လျှောက်လှမ်းခြင်းက ရေရှည်မှာ ပိုဂုဏ်ယူစရာကောင်းတယ်ဆိုတာ ကျွန်တော်တို့ သဘောပေါက်လာခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
၁၉၅၆ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့မှာ ကင်း ရဲ့နေအိမ်ကို ဗုံးခွဲတိုက်ခိုက်မှုအပါအဝင် လူဖြူ Montgomery ဒေသခံတွေက အစုလိုက်အပြုံလိုက်ဖမ်းဆီးမှုတွေအပြင် အခြားခြိမ်းခြောက်မှုများစွာနဲ့ တုံ့ပြန်ခဲ့ကြပါတယ်။
အမေရိကန်ပြည်ထောင်စု တရားရုံးချုပ်က အများပြည်သူသယ်ယူပို့ဆောင်ရေးမှာ အသားအရောင်ခွဲခြားမှုကို တားမြစ်တဲ့ ဆုံးဖြတ်ချက် Browder v. Gayle ကို အတည်ပြုခဲ့ပါတယ်။
တစ်လအကြာမှာ ကွယ်လွန်သွားပြီဖြစ်တဲ့ တက်ကြွလှုပ်ရှားသူ Claudette Colvin က တရားလိုတွေထဲမှာ ပါဝင်ခဲ့ပါတယ်။
၁၉၅၆ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ Montgomeryရဲ့ ဘတ်စ်ကားခွဲခြားမှုမူဝါဒတွေကို တရားဝင်အဆုံးသတ်ခဲ့ပေမဲ့ လူဖြူတွေက လူမည်းဘတ်စ်ကားစီးသူတွေနဲ့ နိုင်ငံသားအခွင့်အရေးလှုပ်ရှားသူတွေကို နှစ်ပေါင်းများစွာ နှောင့်ယှက်တိုက်ခိုက်ခဲ့ပြီး သတ်ဖြတ်ခဲ့ကြပါတယ်။
“ကျွန်တော်တို့ရဲ့ ရည်မှန်းချက်မှာ ဘတ်စ်ကားကုမ္ပဏီကို စီးပွားရေးလုပ်ငန်းမှ ဖယ်ရှားဖို့မဟုတ်ဘဲ စီးပွားရေးလုပ်ငန်းမှာ တရားမျှတမှုကို ထည့်သွင်းဖို့ဖြစ်တယ်”လို့ ကင်း က ပြောကြားခဲ့ပါတယ်။
အမေရိကန်ကို “စီးပွားရေးလုပ်ငန်းတွေမှာ တရားမျှတမှု”ကို ထည့်သွင်းစဉ်းစားအောင်လို့ ကမ္ဘာလုံးဆိုင်ရာကြိုးပမ်းအားထုတ်မှု လိုအပ်မှာပဲ ဖြစ်ပါတယ်။
ကမ္ဘာကြီးက အစ္စရေးကို ဆန့်ကျင်တဲ့ ပါလက်စတိုင်းဦးဆောင်တဲ့ BDS (Boycott, Divestment, and Sanctions) လှုပ်ရှားမှုကို အခြေခံပြီး အဆိုပါသင်ခန်းစာတွေကို အမေရိကန်မှာ အသုံးချသင့်ပါတယ်။
BDS ကို ၂၀၀၅ ခုနှစ် ဇူလိုင်လမှာ ပါလက်စတိုင်းအဖွဲ့အစည်း ၁၇၀ ရဲ့ ပံ့ပိုးမှုနဲ့ ဂါဇာနဲ့ အနောက်ဘက်ကမ်းဒေသအပေါ် အစ္စရေးရဲ့ အသားအရောင်ခွဲခြားမှု အုပ်ချုပ်မှုကို အဆုံးသတ်ဖို့ စီးပွားရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ ဖိအားပေးမှုအဖြစ် စတင်ခဲ့တာပါ။
BDS တည်ထောင်သူ Omar Barghouti နဲ့ ကွယ်လွန်သူ Ingrid Jaradat Gassner တို့ဟာ ၁၉၇၀ နဲ့ ၁၉၈၀ ခုနှစ်တွေမှာ တောင်အာဖရိကအပေါ် ကမ္ဘာလုံးဆိုင်ရာ အသားအရောင်ခွဲခြားမှု ဆန့်ကျင်ရေး သပိတ်မှောက်မှုတွေ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ရောင်းချမှုတွေနဲ့ ပိတ်ဆို့အရေးယူမှုတွေမှ လှုံ့ဆော်မှု ရရှိခဲ့ကြပါတယ်။
အစ္စရေးရဲ့ ဖိနှိပ်မှုနဲ့ စနစ်တကျ လူမျိုးတုံးသတ်ဖြတ်မှုကို ဆန့်ကျင်တဲ့ နှစ် ၂၀ ကြာ တွန်းအားပေးမှုအတွင်း BDS မှာ ရည်မှန်းချက် သုံးခုရှိပါတယ်။
“အာရပ်မြေအားလုံးရဲ့ သိမ်းပိုက်မှုနဲ့ ကိုလိုနီပြုမှုကို အဆုံးသတ်ဖို့နဲ့ တံတိုင်းဖြိုဖျက်ဖို့၊ အစ္စရေးအနေနဲ့ အာရပ်-ပါလက်စတိုင်း နိုင်ငံသားတွေရဲ့ အခြေခံအခွင့်အရေးတွေကို အပြည့်အဝ တန်းတူညီမျှစွာ အသိအမှတ်ပြုဖို့၊ ကုလသမဂ္ဂ ဆုံးဖြတ်ချက် ၁၉၄ မှာ သတ်မှတ်ထားတဲ့အတိုင်း ပါလက်စတိုင်း ဒုက္ခသည်တွေရဲ့ နေအိမ်တွေနဲ့ ပိုင်ဆိုင်မှုတွေ ပြန်ပေူဖို့၊ အခွင့်အရေးတွေကို လေးစားဖို့၊ ကာကွယ်ဖို့နဲ့ မြှင့်တင်ဖို့တို့ ပါ၀င်ပါတယ်။
ဇီယွန်ဝါဒကို ထောက်ခံသူ ဩဇာကြီးမားတဲ့ လော်ဘီတွေနဲ့ အနောက်တိုင်းထောက်ခံသူတွေက BDS ကို “ဂျူးဆန့်ကျင်ရေး” လို့ တံဆိပ်ကပ်ခဲ့ကြတယ်ဆိုတာ အမှန်တရားပါ။
လွန်ခဲ့တဲ့နှစ်တွေအတွင်း BDSက ပါလက်စတိုင်ရဲ့ နေ့စဉ်၊ စနစ်တကျ ဖျက်ဆီးခံရမှုနဲ့ အစ္စရေးရဲ့ အသားအရောင်ခွဲခြားမှု၊ သိမ်းပိုက်မှုအောက်မှာ နေထိုင်ကြတဲ့ ပါလက်စတိုင်းလူမျိုးတွေရဲ့ ဘဝတွေကို ကမ္ဘာလုံးဆိုင်ရာ အသိပညာပေးရာမှာ ကူညီပေးခဲပါတယ်။
ဂါဇာမှာ လက်ရှိဖြစ်ပွားနေတဲ့ လူမျိုးတုံးသတ်ဖြတ်မှုဟာ နိုင်ငံတကာရဲ့ ကျယ်ပြန့်တဲ့ ထောက်ခံမှု ဒါမှမဟုတ် သာမန်အမေရိကန်တွေဆီက ရေရှည်ထောက်ခံမှု မရရှိခဲ့တဲ့ အဓိကအကြောင်းရင်းလည်း ဖြစ်နိုင်ပါတယ်။
အမေရိကန်ရဲ့ ဖိနှိပ်မှုနဲ့ ရန်လိုမှုကို ဆန့်ကျင်တဲ့ ကမ္ဘာလုံးဆိုင်ရာ သပိတ်မှောက်လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး အချို့က အခုနွေရာသီမှာပြုလုပ်မယ့် ၂၀၂၆ FIFA အမျိုးသား ကမ္ဘာ့ဖလားကို သပိတ်မှောက်ဖို့ တောင်းဆိုနေကြပြီဖြစ်ပြီး၊ အမေရိကန်တစ်ဝှမ်းရှိ အားကစားကွင်းတွေမှာ စီစဉ်ထားသည့် ပွဲစဉ်အများစုကို ကျင်းပဖို့ စီစဉ်ထားပါတယ်။
ဇန်နဝါရီ ၇ ရက်နေ့မှာ ICE အေးဂျင့် Jonathan Ross မှ Renée Nicole Good ကို ပစ်သတ်ပြီးနောက်ပိုင်းမှာ ကမ္ဘာ့ဖလားလက်မှတ်တွေနဲ့ အမေရိကန်ကို ခရီးသွားအစီအစဉ်တွေကို ဖျက်သိမ်းဖို့ အမေရိကန် အားကစားသမားတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို ပိတ်ဆို့အရေးယူဖို့ လူတွေကို တိုက်တွန်းတဲ့ လူမှုမီဒီယာပို့စ်တွေဟာ ပျံ့နှံ့သွားခဲ့ပါတယ်။
ပြည်တွင်းပြည်ပမှာ နိုင်ငံခြားသားမုန်းတီးမှု၊ လိင်တူမုန်းတီးမှု၊ လူမျိုးရေးခွဲခြားမှုဆိုင်ရာ ပြည်တွင်းပဋိပက္ခတွေ၊ နှိပ်စက်ညှဉ်းပန်းမှုတွေ တိုးလာတာကြောင့် ပြိုင်ပွဲရဲ့ ဇွန်လရက်စွဲတွေ နီးကပ်လာတာနဲ့ အမျှ အမေရိကန်ခရီးသွားလုပ်ငန်းအပေါ် တုံ့ပြန်မှုတွေ ပေါ်ပေါက်လာပါတယ်။
ဒါပေမဲ့ အခုချိန်မှာ အမေရိကန်နဲ့ ကမ္ဘာကြီးအတွက် အန္တရာယ်များပြီး ကမ္ဘာ့အကြီးဆုံး အားကစားပွဲကို သပိတ်မှောက်တာဟာ အရေးပါပေမဲ့ ရန်လိုပြီး အာဏာရှင်ဆန်တဲ့ အစိုးရကို ဖိအားပေးဖို့ဟာ ဒါနဲ့တင် မလုံလောက်ပါဘူး။
အမေရိကန်စီးပွားရေးလုပ်ငန်းတွေ အထူးသဖြင့် Google၊ Amazon နဲ့ Palantirတို့လို ကုမ္ပဏီတွေကို သပိတ်မှောက်ဖို့ စတင်ရမယ့် နေရာတစ်ခုဖြစ်ပါတယ်။
News Corp၊ The Washington Post နဲ့ Paramount Global ကဲ့သို့သော အမေရိကန်အခြေစိုက် မီဒီယာလက်ဝါးကြီးအုပ်မှုတွေမှ ရင်းနှီးမြှုပ်နှံမှုတွေကို ရုတိသိမ်းတာဟာ အနောက်တိုင်းမီဒီယာတွေ အပေါ် အမေရိကန်လက်ဝါးကြီးအုပ်မှုတွေကို လျော့ပါးဖို့အတွက် အထောက်အကူဖြစ်စေမှာပါ။
ဇူလိုင်လမှာ ကျင်းပဖို့စီစဉ်ထားတဲ့ America250 ပွဲတော်တွေ၊၂၀၂၈ ခုနှစ် လော့စ်အိန်ဂျလိစ်မှာ ကျင်းပမယ့် နွေရာသီအိုလံပစ်၊ Coachella နဲ့ Met Gala တို့လို အမေရိကန်အခြေစိုက် နှစ်ပတ်လည် နိုင်ငံတကာယဉ်ကျေးမှုပွဲတွေကိုလည်း သပိတ်မှောက်ဖို့ ဖိအားဖြစ်စေမှာပဲဖြစ်ပါတယ်။

Trump၊ Bari Weiss နဲ့ Elon Musk တို့လို ဖိနှိပ်မှုနဲ့ စစ်ဝါဒကို ထောက်ခံသူတွေကို သပိတ်မှောက်တာဟာ ပိုမိုအာရုံစိုက်မှုကို ရရှိလိမ့်မှာပဲဖြစ်ပါတယ်။
ကမ္ဘာကြီးက အမေရိကန်ကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်စေပြီး ကမ္ဘာ့ဇာတ်ခုံမှာ ပိုမိုကောင်းမွန်တဲ့ နိုင်ငံတစ်ခုအဖြစ် လုပ်ဆောင်စေလိုပါက အမေရိကန်ရဲ့ လွှမ်းမိုးမှုကို သပိတ်မှောက်ဖို့နဲ့ ရုတ်သိမ်းဖို့အတွက် စုပေါင်းလုပ်ဆောင်ရမှာပဲဖြစ်ပါတယ်။
အရင်က ဆိုဗီယက်ယူနီယံဟာ အမေရိကန်တွေကို “အရင်းရှင်ဝါဒ ဝက်များ” သို့မဟုတ် “အင်ပါယာဝါဒ ဝက်များ” အဖြစ် ခေါ်ဆိုခဲ့ပါတယ်။