Tuesday, April 7, 2026
Home » စစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းကို အရေးယူရန်မရှိပေမဲ့ မင်းအောင်လှိုင်အစိုးရအတွင်း နေရာပြန်ပေးမှုရှိမရှိ မသေချာ

စစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းကို အရေးယူရန်မရှိပေမဲ့ မင်းအောင်လှိုင်အစိုးရအတွင်း နေရာပြန်ပေးမှုရှိမရှိ မသေချာ

0 11
11

စစ်ကော်မရှင်ရဲ့ ထုတ်ပြန်ကြေငြာချက်အရ တာဝန်ကနေ အနားပေးခံထားရတဲ့ စစ်ကော်မရှင်ပြောခွင့်ရ၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓါတ်စစ်ဆင်ရေးညွှန်ကြားရေးမှူး ဗိုလ်ချုပ်ဇော်မင်းထွန်းကို စစ်ခေါင်းဆောင်တွေအနေနဲ့ အရေးယူမှာမဟုတ်ကြောင်း တပ်တွင်းသတင်းရင်းမြစ်တွေထံကနေသိရပါတယ်။

ဗိုလ်ချုပ်ဇော်မင်းထွန်းအနေနဲ့ စစ်ခေါင်းဆောင်ရဲ့ ကျန်းမာရေးအခြေအနေကို မလိုအပ်ဘဲ ထုတ်ပြန်ခဲ့တာကြောင့် ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်နေ့ကတည်းက ပြည်သူ့ဆက်ဆံရေးနဲ့ စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရာထူးကနေ အနားပေးခဲ့တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။

စစ်အာဏာသိမ်းမှုကာလမတိုင်မီ NLD အစိုးရလက်ထက်ကတည်းက စစ်တပ်ရဲ့ သတင်းမှန်ပြန်ကြားရေးအဖွဲ့နဲ့အတူ လူသိများလာတဲ့ ဗိုလ်ချုပ် ဇော်မင်းထွန်းဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် အလိုကျ သတင်းလိမ်တွေကို ထုတ်ပြန်ပေးခဲ့သူဖြစ်တာကြောင့် မင်းအောင်လှိုင်နည်းတူ ပြည်တွင်းကော ပြည်ပမှာပါ လူမုန်းများတဲ့ စစ်ဗိုလ်ချုပ်တစ်ယောက်ဖြစ်ပါတယ်။

တပ်တွင်းကရတဲ့ သတင်းအချက်အလက်တွေအရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို စစ်ခေါင်းဆောင်ရဲ့ ကျန်းမာရေးနဲ့ပတ်သတ်ပြီး သတင်းထုတ်ပြန်ခဲ့တာကြောင့် မင်အောင်လှိုင်ကခေါ်ယူ ဆူပူငေါက်ငမ်းခဲ့တဲ့အပြင် နောက်ထပ် ဒုတိယဗိုလ်ချုပ်ကြီး အဆင့်ရှိသူတစ်ဦးကလည်း အဂတိ အမှုကိစ္စတစ်ခုနဲ့ပတ်သက်ပြီး ဇော်မင်းထွန်းကို ခေါ်ယူမေးမြန်းခဲ့တယ်လို့ သိရပါတယ်။

အခုနောက်ဆုံးသိရတဲ့ တပ်တွင်းသတင်းရင်းမြစ်တွေရဲ့သတင်းအရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို မင်းအောင်လှိုင်အနေနဲ့ ဆက်လက်အရေးယူဖို့မရှိပေမဲ့ အခြားစစ်ဗိုလ်ချုပ်များနည်းတူ ၎င်းအစိုးရလက်ထက်မှာ တာဝန်ဆက်ပေး မပေးကိုတော့ အတိအကျသိရှိရခြင်း မရှိသေးဘူးလို့သိရပါတယ်။

Leave a Comment

Latest Post

Latest Post