Sunday, June 29, 2025
Home » ငါန်းဇွန်မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းဆွဲပစ်ခတ်ရာ စကစတပ်သား ၆ ဦးသေဆုံး

ငါန်းဇွန်မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းဆွဲပစ်ခတ်ရာ စကစတပ်သား ၆ ဦးသေဆုံး

0 3
3

သတင်း-ဦးထွန်း

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ ရေခပ်ဖို့ထွက်လာတဲ့ စစ်ကောင်စီတပ်သား​တွေ​ကို မိုင်းဆွဲပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေဆုံးပြီး သေနတ် တစ်လက်သိမ်းဆည်းရရှိခဲ့တယ်လို့ ငါန်းဇွန်မြို့နယ် ပကဖ က ထုတ်ပြန်ထားပါတယ်။

ဇွန်လ ၂၃ရက်နေ့၊ မနက် ၇ နာရီကျော်မှာ မြို့သာစက်မှုဇုံမှ ရေခပ်ဖို့ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ​ကို ကြားဖြတ်မိုင်းဆွဲပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်မှ G3 သေနတ် တစ်လက်ကို သိမ်းဆည်းရရှိခဲ့ကြောင်းနဲ့ တော်လှန်ရေးရဲဘော်​တွေ​ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

Leave a Comment

Latest Post

Latest Post