Sunday, June 29, 2025
Home » ကော့ကရိတ်မြို့နယ်ရှိ ထီးကပလယ်စခန်းကို KNLA ပူးပေါင်းတပ် ထပ်မံသိမ်းယူ

ကော့ကရိတ်မြို့နယ်ရှိ ထီးကပလယ်စခန်းကို KNLA ပူးပေါင်းတပ် ထပ်မံသိမ်းယူ

1 64
64

သတင်း – ခက်ဆစ်

ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့နယ်မှာ ၂၈ နှစ်ကြာလက်လွှတ်ခဲ့ရပြီး စစ်ကောင်စီတပ်စွဲထားတဲ့ ထီးကပလယ်စခန်းကို KNLA ၊ KNDO နဲ့ PDF ပူးပေါင်းတပ်တွေက ဇွန်လ ၂၂ ရက်၊ ညနေပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ KNU ဗဟိုက ဒီနေ့ထုတ်ပြန်ပါတယ်။

မာနယ်ပလော ဌာနချုပ်မှ ဆုတ်ခွာရပြီးနောက် ထီးကပလယ်စခန်းကို ၁၉၉၅ ခုနှစ်၊ မေလမှ စတင်ပြီး KNU ဌာနချုပ် အသစ်အဖြစ် ပြောင်းရွှေ့ထူထောင်ခဲ့သော်လည်း ၂ နှစ်မပြည်ခင် ၁၉၉၇ ခုနှစ် ‌ဖေဖော်ဝါရီလမှာ စစ်‌ကောင်စီက ထပ်မံကျူးကျော်သိမ်းပိုက်ခံခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

ထိုင်း-မြန်မာနယ်စပ်မှာ စစ်ကောင်စီက ၂၈ နှစ်ကြာ ကျူးကျော်တပ်စွဲခဲ့တဲ့ ထီးကပလယ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် KNDO တို့ရဲ့ ဦးဆောင်မှုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ပူးပေါင်းတပ်ဖွဲ့တွေက ဇွန်လ ၂၂ ရက်မှာ ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ထိုင်း-မြန်မာနယ်စပ် တလျှောက်ရှိ စစ်ကောင်စီတပ်စွဲထားတဲ့ စခန်းကြီးငယ်တွေကို KNLA နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက မတ်လမှစတင်ပြီး ဆက်တိုက် တိုက်ခိုက်သိမ်းပိုက်လျက်ရှိရာ နယ်စပ်တလျှောက်မှာ စစ်ကောင်စီရဲ့ ဝေါလေဗျူဟာစခန်း၊ ဥကရစ်ထစခန်းနဲ့ ထီးသဲလယ်စခန်းတွေသာ ကျန်ရှိတော့တာဖြစ်တယ်လို့ သတင်းရရှိပါတယ်။

1 comment

Dee Zi June 26, 2025 - 1:58 pm

👍👍

Reply

Leave a Comment

Latest Post

Latest Post