Sunday, June 29, 2025
Home » ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် DPLF /DPLA ရဲ့ အပတ်စဉ် ၆ စစ်သင်တန်းဆင်းပွဲ ပြုလုပ်

ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် DPLF /DPLA ရဲ့ အပတ်စဉ် ၆ စစ်သင်တန်းဆင်းပွဲ ပြုလုပ်

0 13
13

သတင်း – ခက်ဆစ်

ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် DPLF /DPLA ရဲ့ အပတ်စဉ်(၆) စစ်သင်တန်းဆင်းပွဲ အခမ်းအနားကို လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဇွန်လ ၂၁ ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်က ဒီနေ့ ထုတ်ပြန်ခဲ့ပါတယ်။

ဓနုဒေသအတွင်းရှိ ပြည်သူလူထုကိုကာကွယ်နိုင်ဖို့၊ ရန်သူကိုအမြဲသတိထားတတ်‌စေဖို့နဲ့ တိုက်ခိုက်ရေးကျွမ်းကျင်မှုရှိ‌‌စေဖို့ စတဲ့ကဏ္ဍတွေကို အဓိကထားပြီး အချိန်ကာလ ၃ လကျော်ကြာ စစ်သင်တန်းပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် DPLF /DPLA ဟာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်အတွင်းမှာ စစ်ရေးလှုပ်ရှားမှုတွေရှိသလို ရှမ်းမြောက်၊ နောင်ချိုမြို့နယ်အတွင်းမှာလည်း တအာင်းတပ်မတော် TNLA နဲ့အတူ ပူးပေါင်းတိုက်ခိုက်လျက်ရှိတာလည်း ဖြစ်ပါတယ်။

Leave a Comment

Latest Post

Latest Post