Monday, December 22, 2025
Home » တောင်ငူလေတပ်စခန်းဌာနချုပ်ကို တော်လှန်‌ရေးတပ်ဖွဲ့တွေက ၁၀၇မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်

တောင်ငူလေတပ်စခန်းဌာနချုပ်ကို တော်လှန်‌ရေးတပ်ဖွဲ့တွေက ၁၀၇မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်

0 25
25

🟥ဂျက်ဖိုက်တာ တစ်စီး‌နောက်မြီးထိခိုက်သွားပြီး Y8တစ်စီးညာဘက် ပန်ကာ၊ဆီတိုင်ကီပျက်စီး

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်ရှိ တောင်ငူလေတပ်စခန်းဌာနချုပ်ကို BWM ရဲ့ Mission 42အဖြစ် တော်လှန်ရေးတပ်ဖွဲ့တွေက ၁၀၇မမ ရှော့တိုက်ဒုံးတွေနဲ့ တစ်ရက်တည်း နှစ်ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့၀င် ၆ဦးထက်မနည်း သေဆုံးကာ ၁၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တပ်တွင်းသတင်းရင်းမြစ်က BBMကိုပြောပါတယ်။

ဇူလိုင်လ၈ရက်နေ့က မနက်၄နာရီ ၃၃မိနစ်ခန့်က တောင်ငူမြို့နယ်လေတပ်စခန်းဌာနချုပ်(ကေတုမတီ)ကို BWMရဲ့ Mission 42 ပထမအကြိမ်အဖြစ် ၁၀၇မမ ၁၁လုံး နဲ့ အောင်မြင်စွာပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ပြီး ဒုတိယအကြိမ်အဖြစ် ည၁၁နာရီ ၅၅မိနစ်အချိန်ခန့်တွင် နောက်ထပ်၈လုံးနဲ့ ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ BWMက ထုတ်ပြန်ထားပါတယ်။

အဲ့ဒီလို ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် လေတပ်အတွင်းရှိ လေယာဉ်ပြေးလမ်းပျက်စီးသွားပြီး အမှတ်၂ဆီဂိုဒေါင်လည်းမီးလောင်ပျက်စီးသွားကာ ဂျက်ဖိုက်တာတစ်စီး နောက်မြီးပျက်စီးပြီး Y-8စစ်ထောက်ပို့ယာဉ် ညာဘက်ပန်ကာနဲ့ ဆီတိုင်ကီမီးလောင်ပျက်စီးခဲ့တယ်လို့ BBMကစုံစမ်းသိရှိရပါတယ်။

အရာရှိစစ်သည် တော်တော်များများလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တပ်တွင်း မဆရတွဲဖက်ဆေးခန်းမှာ လူနာပြည့်သွားတာကြောင့် အရပ်သားကားတွေနဲ့ ဆေးရုံကြီးကို အရေးပေါ်ပို့ဆောင်နေရကြောင်း တပ်တွင်းသတင်းရင်းမြစ်က BBMကိုပြောပါတယ်။

‌အဲ့ဒီပစ်ခတ်တိုက်ခိုက်မှုကို Brave Warriors for Myanmar(BWM)အဖွဲ့ရဲ့ ဦးဆောင်မှုနဲ့အတူ Mountain Knight Civilian Defense Forces(MKCDF)၊ Anti-coup People’s Liberation Force(ACPLF)၊ သံတောင် မြောက်ပိုင်းအထူးဒေသအဖွဲ့နှင့် KNLAတပ်မဟာ၂၊ တပ်ရင်း၅တို့ပူးပေါင်းပြီးတော့ Mission 42ကို ဖော်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။

Leave a Comment

Latest Post

Latest Post