စာပေဟောပြောပွဲတွေမှာ အာဘောင်အာရင်းသံသံနဲ့ ဟောပြောတတ်တဲ့ အသက်၆၇ နှစ်အရွယ် စာရေးဆရာ ဦးညွန့်သောင်း (ခ) မောင်သာချိုဟာ ပင်လုံဆေးရုံကြီးမှာ ကွယ်လွန်သွားခဲ့တယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။
စာရေးဆရာမောင်သာချိုဟာ ၂၀၂၅ခုနှစ်၊ ဇူလိုင်လ၁၀ရက်နေ့ မနက်၈နာရီခန့်မှာ ပင်လုံဆေးရုံကြီးမှာ ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။
“ဖော်ပြလို့ မရတဲ့ဆုံးရှုံးမှုပေါ့။ ဆရာက အတွေးအမြင်ဗဟုသုတတွေ လည်းစုံတယ်ပေါ့နော်။ နောက်ဆုံးအချိန်ထိ ပြည်သူ့ဘက်ကနေ ရပ်တည်ပေးသွားတဲ့ ဆရာပေါ့နော်။ဆရာ့ရဲ့စာပေဟောပြောပွဲတွေမှာဆို အားနဲ့မာန်နဲ့ တက်တက်ကြွကြွ ဟောပြောတတ်တဲ့သူပေါ့။ အင်မတန်နှမြောစရာကောင်းပါတယ် ”
လို့ စာဖတ်ပရိသတ် တစ်ဦးက BBMကိုပြောပါတယ်။ မြန်မာစာပါမောက္ခတစ်ဦးလည်းဖြစ်တဲ့ စာရေးဆရာ မောင်သာချိုဟာ စစ်တပ်အာဏာ စသိမ်းတဲ့ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁ရက်နေ့မှာပင် စစ်ကောင်စီက ပုဒ်မ၅၀၅(က)နဲ့ ထောင်ဒဏ်၂နှစ် ချမှတ်ခံခဲ့ရပါတယ်။
၂၀၂၂ခုနှစ်၊ နို၀င်ဘာလ၁၇ရက်နေ့မှာ အခြားထင်ရှားတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းအချို့နဲ့အတူ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။
ဆရာမောင်သာချိုဟာ ထောင်ကလွတ်မြောက်လာခဲ့သော်လည်း ကွယ်လွန်ချိနိအထိ စစ်ကောင်စီရဲ့ အစဉ်မပြတ် စောင့်ကြည့်ခြင်းခံခဲ့ရပါတယ်။