စခန်းတွင်းရှိစစ်ကောင်စီတပ်သားများထိုင်းဘက်ခြမ်းသို့ထွက်ပြေး
ကရင်ပြည်နယ်၊မြဝတီမြို့အနီးရှိ ထိုင်း-မြန်မာနယ်စပ်အနီးက စစ်ကောင်စီတပ်ထိုင်ထားတဲ့ ဥကရစ်ထစခန်းကို KNLAနဲ့တော်လှန်ရေးမဟာမိတ်
ပူးပေါင်းတပ်တွေက ဒီနေ့ နေ့လယ်ပိုင်းမှာသိမ်းပိုက်ရရှိခဲ့တယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေအရသိရပါတယ်။
KNLA နဲ့တော်လှန်ရေးအင်အားစုတွေကဥကရစ်ထ စခန်းကို ၂၀၂၂ခုနှစ်အတွင်းက ပထမအကြိမ်တိုက်ခိုက်ခဲ့ဖူးပြီး ထိုစဥ်က စခန်းရဲ့နေရာအချို့ကိုသာသိမ်းနိုင်ခဲ့ပေမဲ့ အခုဒုတိယအကြိမ်မှာတော့ စခန်းကုန်းတစ်ခုလုံးသိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။
“ဥကရစ်ထ ရသွားပြီဆိုတာ ဟုတ်တယ်နော်၊ ကျန်တာက ထုတ်ပြန်လိမ့်မယ်”
ဟု မြေပြင်ရဲဘော်တစ်ဦးမှလည်း BBM ကိုပြောပါတယ်။အဆိုပါ ဥကရစ်ထစခန်းကို တော်လှန်ရေးအင်အားစုတွေက ၂၀၂၅ခုနှစ် ဇွန်လမှာစတင်
တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်မှ လေကြောင်းပစ်ကူအမြောက်အများအသုံးပြုနေတဲ့ကြားမှ ဇူလိုင်လ၁၂ရက်နေ့ နေ့ခင်းမှာအပြီးသတ်သိမ်းနိုင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။
ဒါ့အပြင်အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားအမြောက်အများ ထိုင်းနိုင်ငံအတွင်းသို့ဝင်ပြေးသွားကြပြီး တော်လှန်ရေးအင်အားစုတွေဘက်က နယ်မြေရှင်းလင်းမှုတွေဆက်လက်လုပ်ဆောင်နေတယ်လို့ ကနဦးသိရှိရပါတယ်။