Monday, December 22, 2025
Home » ရွှေဘိုမြို့ပေါ်မှာ စစ်ကောင်စီက အိမ်စီးကား၇စီး ၈စီးနဲ့ပါ လိုက်လံ ပေါ်တာဆွဲနေ

ရွှေဘိုမြို့ပေါ်မှာ စစ်ကောင်စီက အိမ်စီးကား၇စီး ၈စီးနဲ့ပါ လိုက်လံ ပေါ်တာဆွဲနေ

0 26
26

စစ်ကိုင်းတိုင်း၊ ရွှေ့ဘိုမြို့ပေါ်မှာ စစ်ကောင်စီက ပုံစံမျိုးစုံနဲ့ ပေါ်တာဆွဲလိုက်လံဖမ်းဆီးနေပြီးတော့ အိမ်စီးကားတွေနဲ့ပါ ပေါ်တာဆွဲနေတယ်လို့ ဇူလိုင်လ ၁၂ရက်နေ့က ရွှေဘိုမြို့ခံ တော်လှန်ရေးတပ်ဖွဲ့တစ်ခုက BBMကိုပြောပါတယ်။

ရွှေဘိုမြို့ပေါ်မှာ စစ်ကောင်စီတပ်သားတွေဟာ ဆိုင်ကယ်တွေကားတွေကို စစ်ဆေးနေစဉ်အတွင်း မထင်ရင်မထင်သလို လူငယ်တွေကို ပေါ်တာ‌ဆွဲဖမ်းဆီးတွေရှိနေပြီး အိမ်စီးကားတွေနဲ့ပါ ပတ်နေတယ်လို့ သိရပါတယ်။

“သူတို့က မဖမ်းတာဆိုလို့ ဒီမိန်းမသားတွေ သက်ကြီးရွယ်အိုတွေပဲ ရှိတယ်ဗျ။ လူငယ်ပိုင်းတွေ လူလတ်ပိုင်းတွေဆို တော်တော်လေးကို ဆွဲတယ်ဗျ”

လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်က BBMကိုပြောပါတယ်။ ဒါ့အပြင် စစ်ကောင်စီဟာ ဆိုင်ကယ်တွေကို တားစစ်သလိုနဲ့ ပေါ်တာဆွဲနေတာတွေရှိပြီး အိမ်စီးကားတွေနဲ့လည်းပတ်ကာ ဆွဲနေတာမျိုးတွေလည်းရှိတယ်လို့ သိရပါတယ်။

“မြို့ပေါ်တွေမှာတော့ ဆိုင်ကယ် without တွေဖမ်း၊ ဦးထုပ်တွေဖမ်းပြီး လူငယ် လူရွယ်တွေဆို မထင်ရင်မထင်သလို ဖမ်းဆီးတာမျိုးတွေရှိတယ်။ ပြီးတော့ ဒီ အိမ်စီးကားတွေနဲ့ကလည်း မြို့တွင်းကို တော်တော်လေးပတ်တယ်ဗျ။ အနည်းဆုံး ၇စီးလောက်နဲ့ပတ်တယ်ဗျ။ အရပ်၀တ်တွေနဲ့ရောပါတယ်၊ ဖောင်းတွေနဲ့ရော ပါတယ်ဗျ”

လို့ ဒေသခံတစ်ဦးက BBMကိုပြောပါတယ်။ အခုလိုစစ်ကောင်စီရဲ့မထင်ရင်မထင်သလို ပေါ်တာဆွဲ ဖမ်းဆီးနေတာတွေကြောင့် ရွှေဘိုမြို့ပေါ်ရှိ လူငယ်တွေဟာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ချိတ်ဆက်တာတွေရှိသလို ဘေးကင်းရာကို တိမ်းရှောင်နေကြတာတွေလည်းရှိတယ်လို့ သိရပါတယ်။

တစ်ဖက်တွင်လည်း စစ်ကောင်စီဟာ တော်လှန်ရေးတပ်ဖွဲ့တွေ နယ်မြေစိုးမိုးမှုရရှိထားတဲ့နေရာတွေကို စစ်ကြောင်းမထိုးတာ နှစ်နဲ့ချီနေပြီလို့ သိရပါတယ်။

Leave a Comment

Latest Post

Latest Post