Monday, December 22, 2025
Home » မြိတ်မြို့ အမှတ်(၉၁၈)အင်ဂျင်နီယာတပ်ရင်းမှာ ၁နှစ်ခွဲအတွင်း ခွင့်မဲ့ထွက်ပြေး စစ်သည်အယောက်(၃၀)ကျော်ရှိ

မြိတ်မြို့ အမှတ်(၉၁၈)အင်ဂျင်နီယာတပ်ရင်းမှာ ၁နှစ်ခွဲအတွင်း ခွင့်မဲ့ထွက်ပြေး စစ်သည်အယောက်(၃၀)ကျော်ရှိ

0 29
29

🟥အဆိုပါထွက်ပြေးစစ်သည်များကို တပ်ရင်းမှူး လှိုင်အောင်မင်းမှ အထက်ကိုမတင်ပြဘဲ ရိက္ခာ၊လစာများထုတ်စားနေ

တနင်္သာရီတိုင်း၊မြိတ်မြို့အခြေစိုက်၊အမှတ်(၉၁၈) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းမှာ ၂၀၂၄ခုနှစ်မှ ၂၀၂၅ ခုနှစ် (၆)လပိုင်းအထိ (၁)နှစ်ခွဲကာလအတွင်း တပ်မှခွင့်မဲ့ထွက်ပြေးသူ အရာရှိ၊စစ်သည် အယောက်(၃၀)ကျော်အထိ ရှိတယ်လို့ တပ်တွင်းသတင်းရင်းမြစ်တွေထံမှ သိရပါတယ်။

အမှတ်(၉၁၈)၊ စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်းအတွင်း အရာရှိ၊စစ်သည်အင်အား စုစုပေါင်း (၃၀၀)နီးပါးထိရှိပေမဲ့ စကခ(၁၃)နဲ့ စကခ(၂၀) ဌာနချုပ်များကိုတွဲဖက်အင်အားအဖြစ် အယောက်(၁၀၀)ခန့်ပေးထားရတာကြောင့် တပ်ရင်းအတွင်း အင်အား(၂၀၀)ခန့်သာကျန်ပြီး ခွင့်မဲ့ထွက်ပြေးပြုလုပ်သွားတဲ့စစ်သည်အမျာစုမှာလည်း တပ်ရင်းမှစစ်သည်များဖြစ်တယ်လို့ သိရပါတယ်။

တပ်ရင်းအတွင်း ဒီလိုခွင့်မဲ့ထွက်ပြေးမှုတွေများနေပေမဲ့ အဆိုပါတပ်ရဲ့ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးလှိုင်အောင်မင်း အနေနဲ့ ခွင့်မဲ့ပျက်ကွက်စာရင်းအမှန်ကို အထက်ကိုမတင်ပြဘဲ ထွက်ပြေးသွားတဲ့စစ်သည်တွေရဲ့ ရိက္ခာ၊လစာတွေကို အလွဲသုံးစားပြုလုပ်နေတယ်လို့ သိရပါတယ်။

“တပ်မှာထွက်ပြေးသွားတာတွေက (၃၀)ကျော်နေပြီ၊ တပ်ရင်းမှူးကအဲ့စာရင်းတွေကိုဖျောက်ထားတယ်၊ ထွက်ပြေးသွားတဲ့စစ်သည်တွေရဲ့ လစာ၊ရိက္ခာကို အလွဲသုံးစားလုပ်နေတာပေါ့၊ လကုန်ပြီဆိုတာနဲ့ ထွက်ပြေးသွားတဲ့သူတွေရဲ့ ရပိုင်ခွင့်တွေအကုန် သူ့ဆီစာရင်းနဲ့ အပ်နေရတယ်ဗျ”

ဟု တပ်တွင်းသတင်းပေးတစ်ဦးမှ BBM ကိုပြောပါတယ်။ ဒါ့တင်မက အဆိုပါတပ်ရင်းမှူးဟာ အခြားတိုက်ခိုက်ရေးတပ်များကို တွဲဖက်အနေနဲ့ တပ်တွင်းရှိအရာရှိစစ်သည်များကို စေလွှတ်ရာတွင်လည်း မျှတမှုမရှိဘဲ ၎င်းနဲ့မတည့်တဲ့ အရာရှိ၊စစ်သည်များကိုသာ စေလွှတ်တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် အဆိုပါတွဲဖက်သွားရတဲ့ စစ်သည် အင်အားတွေထဲမှာ ထိခိုက်ကျဆုံးမှုတွေ၊စစ်ဆင်ရေးအတွင်းပျောက်ဆုံးမှုတွေရှိပြီး အဆိုပါစစ်သည်တွေရဲ့ကျန်ရစ်သူမိသားစုတွေကိုလည်း တပ်ရင်းမှူးအနေနဲ့ အားပေးကူညီခြင်းမရှိတဲ့အပြင် အနိုင်ကျင့်နှိပ်စက်မှုတွေပင်ပြုလုပ်နေတယ်လို့ အဆိုပါတပ်တွင်းသတင်းပေးမှ ဆက်ပြောပါတယ်။

” ရှေ့တန်းတွဲဖက်တွေဆိုရင်လည်း တချို့ဆို ၃ နှစ်ကျော်နေပြီ မသွားရတဲ့သူတွေက ခုထိမသွားရဘူး၊ သူကြည့်မရတဲ့သူတွေကိုပဲ ထည့်တာ၊ စစ်ဆင်ရေးထဲ ပျောက်ဆုံး၊သေဆုံးတဲ့ စစ်သည်တွေရဲ့ ကျန်ရစ်တဲ့မိသားစုဆိုရင်လည်း အားမပေးတဲ့အပြင် သူကိုယ်တိုင်တောင်အနိုင်ကျင့်နှိပ်စက်နေတယ်”

စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းတွေအနေနဲ့ ယခင်က ခြေလျင်တပ်ဖွဲ့များနဲ့တွဲဖက်ပြီး ရှေ့တန်းမှာ မိုင်းရှင်း၊မိုင်းရှာဖို့သာအဓိက တာဝန်ပေးခံရပေမဲ့ တိုက်ပွဲတွေပြင်းထန်လာတဲ့အခုနောက်ပိုင်း တချို့နယ်မြေတွေမှာ ခြေလျင်၊စစ်သားများနည်းတူ တိုက်ခိုက်ရေးအလုပ်တွေပါလုပ်နေရပြီး ထိခိုက်သေဆုံးမှုတွေအများအပြားရှိနေတယ်လို့ သိရပါတယ်။

Leave a Comment

Latest Post

Latest Post