Monday, December 22, 2025
Home » တပ်အချိန်းအပြောင်းနဲ့ စစ်လက်နက်ရိက္ခာပို့ဆောင်ရန် ချင်းတွင်းမြစ်ကြောင်းအတိုင်းလာတဲ့ စစ်သင်္ဘော ၂၃ စီးကို စောင့်ကြိုတိုက်ခိုက်

တပ်အချိန်းအပြောင်းနဲ့ စစ်လက်နက်ရိက္ခာပို့ဆောင်ရန် ချင်းတွင်းမြစ်ကြောင်းအတိုင်းလာတဲ့ စစ်သင်္ဘော ၂၃ စီးကို စောင့်ကြိုတိုက်ခိုက်

0 26
26

🟥စစ်သင်္ဘောတစ်စီး မီးလောင်ထိခိုက်ခဲ့ပြီး စကစ ဘက်မှသေဆုံးမှုများရှိနိုင်

စစ်ကိုင်းတိုင်း ကနီမြို့နယ်နဲ့ မင်းကင်းမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများ၊ ပျူကျေးရွာများရှိ ၎င်းတို့လက်အောက်ခံ စစ်သားများနဲ့ ပျူစောထီးများကို စစ်လက်နက်ရိက္ခာပို့ဆောင်ပြီး တပ်အချိန်းအပြောင်းတချို့ပြုလုပ်ရန်လာတဲ့ သင်္ဘော(၂၃)စီးပါ စစ်ရေယာဥ်အုပ်စုကို တော်လှန်ရေးအင်အားစုများက ကြားဖြတ်စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ ချင်းတွင်းနွေဦးတော်လှန်ရေးအင်အားစုတပ်ဖွဲ့ (CSRAF) ထံမှ သိရပါတယ်။

စစ်ကောင်စီရဲ့ အဆိုပါ စစ်ရေယာဥ်အုပ်စုဟာ ကနီမြို့နယ်အတွင်းရှိ စစ်စခန်းများကို လက်နက်၊ရိက္ခာများ ပို့ဆောင်ပြီးနောက် မင်းကင်းမြို့နယ်အတွင်းမှာရှိတဲ့ စစ်စခန်းများထံ လက်နက်၊ရိက္ခာပို့ဆောင်ရန် ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာနေပြီဆိုတဲ့သတင်းကြားတာကြောင့် CSRAF တပ်ဖွဲ့ရဲ့ဦးဆောင်မှုဖြင့် ယင်းမာပင်ခရိုင် အမှတ်(၁၇)တပ်ရင်းB21၊ယင်းမာပင်ခရိုင် အမှတ်၂၂တပ်ရင်းKLGတပ်ရင်းနဲ့ နယ်မြေခံပကဖအင်အားစုတို့မှပူးပေါင်းပြီးဇူလိုင်လ ၁၆ ရက်နေ့ မနက်၆နာရီကတည်းက ကြိုတင်စောင့်ကြိုနေရာယူခဲ့ကာ ညနေ၄နာရီခန့်မှာ တိုက်ပွဲစတင်ဖြစ်ပွါးခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း တော်လှန်ရေးအင်အားစုတွေရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အဆိုပါရေယာဥ်

အုပ်စုရဲ့ နောက်ဆုံးမှာပါတဲ့ စစ်သင်္ဘောတစ်စီးထိခိုက်ခဲ့သလို စကစ တပ်သားအချို့လည်းသေဆုံးမှုတွေရှိနိုင်တယ်လို့သိရပါတယ်။

” ဇူလိုင်၁၆ရက်နေ့ မနက်(၆)နာရီလောက်ကစပြီး သတင်းရလို စောင့်တယ်။ ညနေ ၃နာရီခွဲ ၄နာရီလောက်မှ မင်းကင်း ကနီနယ်စပ်ဘက်ရောက်လာပြီးတိုက်ပွဲစဖြစ်တာပါ၊ ကျွန်တော်တို့နဲ့ထိတွေ့တိုက်ပွဲဖြစ်ပြီးတော့၊ နောက်ဆုံးက စစ်သင်္ဘောတစ်စီးလက်နက်ကြီးမှန်ပြီးတော့ မီးခိုးတွေလုံးပြီးမီးလောင်သွားတဲ့အနေအထားမျိုးတွေ့လိုက်ရပါတယ်ဗျ”

ဟု CSRAF တပ်ဖွဲ့ခေါင်းဆောင်ကိုအဲကြီးမှ BBM ကိုပြောပါတယ်။ စစ်ကောင်စီအနေနဲ့ ချင်းတွင်းမြစ်ကြောင်းအတိုင်း စစ်သင်္ဘောများဆန်တက်ရာတွင် လေကြောင်းမှ တောက်လျှောက်ဆိုသလို ကင်းထောက်ပျံသန်းမှုတွေပြုလုပ်ပေးနေတယ်လို့လည်း သိရပါတယ်။

ဒါတင်မက ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်ရှိ ၎င်းတို့မသင်္ကာရာ ကျေးရွာများနဲ့ နေရာတချို့ကိုလည်း သင်္ဘောမရောက်ရှိမီကတည်းက ပါရာမော်တာ၊ Y-12၊ ဂျက်တိုက်လေယာဥ်များဖြင့် ကြိုတင်ဗုံးကြဲတိုက်ခိုက်တာမျိုးတွေပြုလုပ်ခဲ့ပြီး အဆိုပါလုပ်ရပ်တွေကြောင့် ဒေသခံပြည်သူအချို့ထိခိုက်သေဆုံးခဲ့ရတယ်လို့လည်း CSRAF ခေါင်းဆောင်မှဆက်ပြောပါတယ်။

“သင်္ဘောသွားရာတစ်လျှောက်မှာ ပါရာမော်တာ၊ Y-12၊ ဂျက်တိုက်လေယာဥ်တွေအမြဲကင်းထောက်တာတွေလုပ်တယ်၊ တချို့နေရာသူတို့မသင်္ကာရင် ကြိုပြီးဗုံးကြဲတာတွေလည်း လုပ်တက်တယ်”

အဆိုပါစစ်ရေယာဥ်အုပ်စုအနေနဲ့ ကနီ-မင်းကင်းဒေသတွေမှာသာမက အထက်ပိုင်းဟုမ္မလင်းဒေသအထိ သွားရောက်ပြီး အဆိုပါဒေသမှာရှိတဲ့ စစ်စခန်းအချိန်းအပြောင်းတွေကိုလုပ်ကိုင်ဆောင်ရွက်နိုင်ချေရှိတယ်လို့ တော်လှန်ရေးအင်အားစုတွေဘက်က ဆိုထားပါတယ်။

Leave a Comment

Latest Post

Latest Post