Monday, December 22, 2025
Home » သိန္နီမြို့မှာ MNDAA က ဆေးရုံသစ်ကြီး ဆောက်လုပ်ဖို့ ပြင်ဆင်

သိန္နီမြို့မှာ MNDAA က ဆေးရုံသစ်ကြီး ဆောက်လုပ်ဖို့ ပြင်ဆင်

0 32
32

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ သိန္နီမြို့ ဈေးဟောင်း နေရာမှာ MNDAA က ဆေးရုံသစ်ကြီး ဆောက်လုပ်ဖို့ ပြင်ဆင် နေပြီဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“ဈေးသစ် ပြန်လုပ်မယ်။ ဆေးရုံပြန်ဆောက်မယ်လို့ သိရတယ်။ ဆေးရုံသစ်က ဈေးဟောင်းနေရာမှာ လုပ်မယ်ကြားတယ်။ ဆေးရုံသစ်ကတော့ ‌ပရောဂျက် ဆွဲပြီးပြီ။ ဈေးသစ် စီမံကိန်း စနေကြတယ်။”

လို့ ဒေသခံ အမျိုးသား တစ်ဦးက ပြောပါတယ်။ လက်ရှိ ဈေးသစ်ကို နမ့်စလပ်ဘက် သွားလမ်း မြို့အထွက်ဘက်မှာ ယာယီ လုပ်ပေးထားတယ်။

မိုင်းလီနား‌ရယ်၊ သိန္နီမြို့ဝန်းကျင်ရယ်၊ မြို့အဝင် ကြာကန်နား တွေမှာရယ် မြေနေရာ တော်တော်များများ အဆောက်အဦးကြီးတွေ ဆောက်ဖို့ မြေပြင်နေကြတယ်လို့ သူက ပြောပါတယ်။

“သိန္နီမြို့ ဈေးဟောင်းကို သိန္နီ ဆေးရုံဆောက်မယ်တဲ့။ ဆောက်တော့မယ်။ အလယ်မှာက ကားပါကင်၊ ပတ်ပတ်လည်က ဆေးရုံ။”

လို့ ဒေသခံ အမျိုးသမီး တစ်ဦးက ပြောပါတယ်။ သိန္နီမြို့နယ်မှာ လက်ရှိ အခြား လုပ်ငန်း‌တွေ အများအပြား လုပ်မယ့် သဘောရှိပြီး။အခြေခံ အဆောက်အဦးတွေ ပြုလုပ်ဖို့ ပြင်ဆင်နေတာတွေလည်း ‌တွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သိန္နီမြို့ မြို့မဈေး ဟောင်းကို ပြီးခဲ့တဲ့ ၂၀၂၄ ဇူလိုင်လ ၁၈ ရက်နေ့မှာ စစ်ကောင်စီက ဗုံးကြဲ ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။

သိန္နီမြို့ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလက MNDAA နဲ့ ပူးပေါင်း တပ်ဖွဲ့က သိမ်းပိုက်ထိန်းချုပ်ခဲ့တာ ဖြစ်ပါတယ်။

Leave a Comment

Latest Post

Latest Post