Thursday, March 19, 2026
Home » နွားထိုးကြီးမြို့နယ်၊ လက်ဝဲ-မြင်းနီကျေးရွာကို စစ်ကောင်စီက Gyrocopter ၃စီးနဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့ရာ ဘုရားစေတီတွေပျက်စီး

နွားထိုးကြီးမြို့နယ်၊ လက်ဝဲ-မြင်းနီကျေးရွာကို စစ်ကောင်စီက Gyrocopter ၃စီးနဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့ရာ ဘုရားစေတီတွေပျက်စီး

0 39
39

နွားထိုးကြီးမြို့နယ်၊ လက်ဝဲ-မြင်းနီကျေးရွာကို စစ်ကောင်စီက Gyrocopter ၃စီးနဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဇူလိုင်လ ၂၂ရက်၊ နေ့လယ်ပိုင်း ၂:၅၀ အချိန်ခန့်က မိတ္ထီလာလေတပ်မှ တက်လာတဲ့ Gyrocopter ၃စီးဟာ မလှိုင်မြို့နယ်ကို ဖြတ်သန်းပြီးတော့ ညနေ ၃:၅၇မိနစ်အချိန်ခန့်မှာ လက်ဝဲ-မြင်းနီရွာပေါ်ကို ဗုံးသီးချ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ကြဲချတိုက်ခိုက်ခဲ့တဲ့ ဗုံးသီးတွေဟာ လက်ဝဲ-မြင်းနီရွာအတွင်းရှိ ဘုရားစေတီတွေပေါ်ကို ကျရောက်ပေါက်ကွဲခဲ့ပြီး ဘုရားစေတီအဆောက်အဦးတွေ ထိခိုက်ပျက်စီးခဲ့ပြီး လူထိခိုက်မှုတော့မရှိဘူးလို့ သိရပါတယ်။

ဒါဟာ စစ်ကောင်စီက မန္တလေးတိုင်းအတွင်း ဒုတိယအကြိမ် Gyrocopter အသုံးပြုတိုက်ခိုက်ခြင်းဖြစ်ပြီး ဇူလိုင်လ ၁၉ ရက်နေ့ကလည်း မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အတွင်းရှိ ဖက်ပင်အိုင်ကျေးရွာကို Gyrocopter ၂စီးနဲ့ ပထမအကြိမ်‌ဗုံးကျဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါသေးတယ်။

အကြမ်းဖက် စစ်ကောင်စီဟာ မန္တလေးတိုင်းအတွင်း Gyrocopter တွေကို တွင်တွင်ကျယ်ကျယ်အသုံးပြုလာပြီး ၎င်းတို့အရင်ကအသုံးပြုခဲ့တဲ့ Paramotor တွေထက် အသံပိုငြိမ်ပြီး ရွေ့လျားမှုပိုမိုမြန်ဆန်လာတယ်လို့ သိရပါတယ်။

Leave a Comment

Latest Post

Latest Post