Monday, December 22, 2025
Home » သပိတ်ကျင်း တိုက်ပွဲပြင်းထန်နေပြီး တော်လှန်ရေးဘက်မှ ၄မိုင်၊ ၅မိုင်၊၆မိုင် နေရာတွေမှ ပြန်ဆုတ်ထားရ

သပိတ်ကျင်း တိုက်ပွဲပြင်းထန်နေပြီး တော်လှန်ရေးဘက်မှ ၄မိုင်၊ ၅မိုင်၊၆မိုင် နေရာတွေမှ ပြန်ဆုတ်ထားရ

0 30
30

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့တိုက်ပွဲများပြင်းထန်နေပြီး တော်လှန်ရေးအင်အားစုတွေဘက်မှ သပိတ်ကျင်းရှိ ၄မိုင်၊၅မိုင်၊၆မိုင်နေရာများနဲ့ အခြားနေရာတချို့ကို ပြန်လည်လက်လွှတ်ထားရတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေထံမှ သိရပါတယ်။

သပိတ်ကျင်းမြို့ကို ၁၀၂၇ စစ်ဆင်ရေးအတွင်း မန္တလေးPDFနဲ့ တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၂၀၂၄ ခုနှစ် သြဂုတ်လမှာတော့ မြို့ရဲ့နေရာအတော်များများကို ထိန်းချုပ်စိုးမိုးနိုင်ခဲ့ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့တိုက်ခိုက်မှုတွေအတွင်း သပိတ်ကျင်းမြို့နယ်အနီးရှိ ၇ မိုင်ကျေးရွာအထိ ဆုတ်ခွါခဲ့ရပြီး ထိုမှတဆင့် အင်အားတွေဖြည့်တင်းကာ သပိတ်ကျင်းမြို့ကို တိုက်ခိုက်လာခဲ့ခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။

“၄မိုင် ၅မိုင် ၆မိုင်နဲ့ သပိတ်ကျင်းရဲ့အချို့နေရာတွေကို ကျွန်တော်တို့အဖွဲ့တွေပြန်ဆုတ်ထားရတယ် တိုက်ပွဲတွေကတော့ ပြင်းထန်နေတုန်းပါပဲ တပ်ဖွဲ့တွေ အကောင်းဆုံး ကြိုးစားနေကြပါတယ်”

ဟု ဒေသခံစစ်ရေးအရင်းအမြစ်တစ်ဦးမှ BBM ကိုပြောပါတယ်။ သပိတ်ကျင်းမြို့ဟာ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ မိုးကုတ်၊မတ္တရာ၊ စဥ့်ကူးမြို့တို့နဲ့ တစ်တန်းတည်းရှိနေပြီး ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ကိုဆန်တက်ရာတွင်လည်း ဖြတ်သန်းသွားရတဲ့မြို့ဖြစ်တာကြောင့် စစ်ရေးဗျူဟာအရ အရေးပါတယ်လို့ သိရပါတယ်။

စစ်ကောင်စီထောက်ခံသူ ဝါဒဖြန့်ချန်နယ်တွေကတော့ သပိတ်ကျင်းမြို့ကို စစ်တပ်မှပြန်လည်ရရှိသွားပြီဆိုပြီး ပုံတွေနဲ့တကွရေးသားဖော်ပြနေပေမဲ့ စစ်ကောင်စီအနေနဲ့ အခုချိန်ထိ တရားဝင်ထုတ်ပြန်တာတွေပြုလုပ်ခြင်းမရှိသေးဘူးလို့လဲ သိရပါတယ်။

တစ်ဖက်မှာလည်း စစ်တပ်အနေနဲ့ ဇူလိုင်လအတွင်းမှာပဲ နောင်ချို၊မိုးဗြဲတို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သလို ဖားကန့်မြို့ပတ်ချာလည်ကို စိုးမိုးနိုင်အောင်အတွက်လည်း ထိုးစစ်ဆင်တိုက်ခိုက်နေတာမျိုး ပြုလုပ်နေတာတွေ့ရပါတယ်။

၂၀၂၅ခုနှစ် နှစ်ကုန်ပိုင်းအတွင်း ရွေးကောက်ပွဲပြုလုပ်မယ်လို့ စစ်ခေါင်းဆောင်ဘက်က တရားဝင်ထုတ်ပြောလာခဲ့တဲ့နောက်ပိုင်း စစ်တပ်အနေဖြင့် ဒရုန်းအပါအဝင် လေကြောင်းတိုက်ခိုက်မှုတွေကို အလွန်အကျွံသုံးပြီး ၎င်းတို့ဆုံးရှုံးထားတဲ့နယ်မြေတွေပြန်လည်ရရှိအောင် ပိုမိုလုပ်ဆောင်လာနေတယ်လို့ မြေပြင်တော်လှန်ရေးအင်အားစုတွေဘက်က ထောက်ပြပြောဆိုတာတွေရှိနေပါတယ်။

Leave a Comment

Latest Post

Latest Post