Sunday, December 21, 2025
Home » “စစ်တက္ကသိုလ်ကျောင်းဆင်းပွဲမှာ စစ်ခေါင်းဆောင်မိန့်ခွန်းကိုနားထောင်ကြည့်ခြင်း”

“စစ်တက္ကသိုလ်ကျောင်းဆင်းပွဲမှာ စစ်ခေါင်းဆောင်မိန့်ခွန်းကိုနားထောင်ကြည့်ခြင်း”

0 17
17

စစ်တက္ကသိုလ်(DSA) ဗိုလ်လောင်း သင် တန်း အမှတ်စဉ် (၆၇) ဆင်းပွဲကို ပြုလုပ်သွားခဲ့ပြီး ဖြစ်သည်။

စစ်ခေါင်းဆောင်များသည် စစ်တက္ကသိုလ်သင်တန်းဆင်းပွဲတွင်ပြောသည့် မိန့်ခွန်းများတွင် မူဝါဒများကိုထည့်သွင်း ပြောဆိုတတ်သဖြင့်‌ စစ်သားဟောင်းတစ်ယောက် အနေဖြင့် ဖတ်ရှုခြင်း၊ နားထောင်ခြင်းများပြုလုပ်ခဲ့သည်။

ယခုအာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ယာယီ သမ္မတ ရာထူးအတင်းယူကာ ပြီး နဝတ/နအဖ လက်ထက်ကဦးသန်းရွှေထက်ပင် အစိုးရ တာဝန်ရှိသူ ဖြစ် ချင်လွန်းသလိုဖြစ်နေ၏။

ထို့ကြောင့် စစ်တပ်တွင်းရော အရပ်ဘက်တွင်ပါ မည်သည့်မူဝါဒများကို ကောက်နှုတ်ကြည့် ဖြစ်ခဲ့သည်။

ယခုနှစ် စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းဆင်းပွဲမှာ စစ်ခေါင်းဆောင်ပြောသည့် မိန့်ခွန်းကို မနားထောင်မီမနှစ်က အမှတ်စဉ်(၆၆)သင်တန်းစဉ်ပွဲမှာပြောခဲ့သည့် မိန့်ခွန်းကိုပြန်ဖတ်ကြည့်မိသည်။

မနှစ်က မိန့်ခွန်းတွင် သင်တန်းဆင်းဗိုလ်လောင်းများ ကို စစ်ခေါင်းဆောင်က နိုင်ငံတကာစစ်ပွဲဆိုင်ရာဥပဒေများနှင့် ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်းများကိုလိုက်နာရန်ပြောဆိုခဲ့သည်။

ထိုကာလသည် တရုတ်၏ရပ်တည်မှုစစ်တပ်ဘက်သို့ လုံးလုံးလျားလျားရောက်ရှိသွားသည့်အချိန်ဖြစ်သည်။

စစ်ရှုံးနေသည့် ဒေသများတွင် ပြည်သူများနေထိုင်သည့် နေရာများကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲနေသည့်အချိန်လည်း ဖြစ်သည်။

နိုင်ငံရေးနှင့်ပတ်သက်၍ ရွေးကောက်ပွဲပြန်လည် ကျင်းပပေးမည့်အကြောင်း၊ ရွေးကောက်ပွဲက ထွက်ပေါ်လာသည့်အစိုးရကို နိုင်ငံတော်တာဝန်များလွှဲ အပ်နိုင်ရေး ဆက်လက်လုပ်ဆောင်ရာမှာ ကျရာအခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်သွားကြဖို့ တိုက်တွန်း ကြောင်းပြောဆိုခဲ့သည်။

ထို့ပြင် တပ်တွင်းစည်းလုံးညီညွတ်ရေးကို ခိုင်မာ အားကောင်းအောင် တည်ဆောက်ရန် နှင့် တပ်ပြင်စည်းရုံးရေးကိုအောင်မြင်အောင် ဆောင်ရွက်ရန်မှာကြားခဲ့သေးသည်။

ရွေးကောက်ပွဲနှင့် အချိန်ကိုက် ပြည်သူကို အချိုသတ်စည်းရုံးရန် မှာကြားသည့်သဘောဟု ယူဆရသည်။

စစ်ရှုံးခဲ့ရမှု တွေအတွက် အဖက်ဆယ်နိုင်ရန် တပ်မတော်ရဲ့အစဉ်အလာကောင်းများကို အသက်နှင့်လဲပြီးစောင့်ထိန်းမယ်ဆိုသည့် စိတ်ဓာတ်မျိုးရရှိအောင် တည်ဆောက်သွားကြရန် လည်းထည့်သွင်းပြောဆိုခဲ့ပြန်သေး သည်။

ယခုနှစ်တွင်တော့ ခေါင်းဆောင်မှုဆိုတာ မွေးရာပါအရည်အချင်းမဟုတ်ဘဲ ကိုယ်တိုင်လေ့လာ လေ့ကျင့် ကြိုးစား အားထုတ်ရတာဖြစ်ကြောင်း ၊ စစ်တက္ကသိုလ် ကနေ “တပ်မတော် (ကြည်း၊ ရေ၊ လေ) အတွက်လိုအပ်သော လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝသည့် အရာရှိကောင်းများမွေးထုတ်ပေးရန်” ဆိုသည့် ရည်ရွယ်ချက်နှင့် အညီ တပ်မတော်၏ခေါင်းဆောင်ငယ်များအဖြစ် မွေးထုတ်ပေးခဲ့ပြီး ဖြစ်ကြောင်းပြောဆိုခဲ့သည် ။

တကယ်တမ်းဆိုရလျှင် တပ်မတော်ကြီးအတွက်လိုအပ် ခြင်း မဟုတ်ဘဲ စစ်ခေါင်းဆောင်၏ အကျိုးစီးပွားကိုကာကွယ်ဖို့အတွက် ခိုင်းသမျှလိုက်လုပ်ပြီး မိုက်ရူးရဲဆန်သည့် အ ရာရှိငယ်များကိုသာ လိုအပ်တာဟုဆိုရမည် ဖြစ်သည်။

ခေါင်းဆောင်မှုဆိုသည်မှာ မွေးရာပါ အရည်အချင်းမဟုတ်ဘဲ ကိုယ်တိုင် လေ့လာ၊ ကျင့်ကြံ၊ ကြိုးစားအားထုတ်ရမှာဖြစ်ကြောင်း၊ ခေါင်းဆောင်လုပ်သူဟာ လက်အောက်ငယ်သား များ၏ စိတ် ဓာတ် နှင့် စွမ်းရည်ကို စနစ်တကျစုစည်းပြီး ပေးအပ်လာသည့် ရည်မှန်းချက်တာဝန်တွေကို အောင် မြင် အောင် ထမ်းဆောင်ကြရမှာ ဖြစ်တာကြောင့် မိမိခေါင်းဆောင်ရတဲ့အဖွဲ့အစည်းကို အမြဲ စည်းလုံး ညီ ညွတ်မှုရှိနေအောင် ဆောင်ရွက်ကြရမှာ ဖြစ် ကြောင်းပြောဆိုခဲ့သည်။

မအလသာ ခေါင်းဆောင်မှုကောင်းသည့် ခေါင်းဆောင်ဆိုပါက သူအာဏာရဖို့သက်သက်နှင့် လက်အောက်ကအသက်နှင့် ဘဝပေါင်းများစွာစတေးရသည့် အာဏာသိမ်းမှုကို လုပ်ဆောင်မည်မဟုတ်ပေ။

အကယ်၍ ခေါင်းဆောင်ကောင်းဆိုပါကလုပ်မိသည်မှာ မှားကြောင်းသူ့မှာတာဝန်ရှိကြောင်း တပ်တွင်းက သေဆုံးပျောက်ဆုံးခဲ့သူအရာရှိ/စစ်သည် များ၏ ကျန်ရစ်သူ မိသားစုများကိုတောင်းပန်နိုင်သည်။

သို့သော် တပ်ဖွဲ့စည်းပုံ ပျက်သည့်အပြင် မိသားစုဝင်တွေပါ ပြေးရလောက်အောင်စစ်ရှုံးနေချိန်ပင်လျှင် ပွဲတက်မပျက် အ ရယ် အပြုံးမပျက်ခဲ့ပေ။

ထိုသို့ တာဝန်ယူမှု၊တာဝန်ခံမှုမရှိသည့်မအလ အနေဖြင့် သူကိုယ်တိုင် လည်း အစွမ်းအစရှိ၍ ခေါင်းဆောင်မှု ကောင်း၍ တပ်ချုပ်ဖြစ်လာ ခြင်း မဟုတ် ခဲ့ဘဲ ‌”အမေမှာတဲ့ ဆန် တခွက် ၃စိပ်နဲ့ မလဲဆိုတာမျိုး” ခိုင်းရင်း လူကြီးကြိုက်လုပ်ပြ တတ် တာကြောင့်သာ နေရာရလာခြင်းဖြစ်သည်။

ထိုကဲ့သို့ ခေါင်းဆောင်မျိုးက လက်အောက်ငယ်သားတွေကို စာနာသည်ဆိုတာမျိုးရှိမည်မဟုတ်ပေ။

ထို့ ကြောင့် ခေါင်းဆောင်မှုကောင်းသူလည်း မဟုတ်ပေ။

ထိုသို့သောခေါင်းဆောင်က တပ်ဖွဲ့ဝင်တစ်ဦး ချင်း စီ ၏ စိတ်နေသဘောထား၊ လုပ်ဆောင်နိုင် စွမ်းများနှင့် အားနည်းချက်/အားသာချက်များကို သိရှိအောင်လေ့လာပြီး လူမှန်/နေရာမှန် တာဝန်ပေးအပ်နိုင်ရေး ကြိုးပမ်းလုပ်ဆောင်ရမှာဖြစ်သလို လက် အောက်ငယ်သားများကို ကျောသားရင်သား မ ခွဲ ခြားဘဲညီညွတ်မျှတစွာ ကွပ်ကဲ အုပ်ချုပ် သွား ရမှာ ဖြစ်ကြောင်း၊ လက်အောက်ကို မှန်ကန်သည့် ခေါင်း ဆောင်မှုပေးနိုင်ဖို့ဆိုလျှင် တည်ကြည် ရိုးသားမှုနှင့် ဖြောင့်မတ်မှန်ကန်တဲ့ ကိုယ် ကျင့်တရား ရှိဖို့လည်း လိုအပ်ကြောင်း ထည့် သွင်း ပြောဆို သွား သေးသည်။

ထိုသို့ ကျောသားရင်သားမခွဲခြားဘူးဆိုသည့် မအလ ၏ တပ်ချုပ်ကာလတလျောက် တ ပည့်ရင်းများကိုသာ နေရာပေးခဲ့သည်။

မအလ တပ်မမှူး ကျောင်း အုပ် ကြီး တိုင်းမှူး ကာလများ တွင် ဆုံခဲ့သည့် ကတပည့်များကိုနေရာပေးခဲ့သလို၊ စစ်ရုံးတွင် သူနှင့် အတူတူဆုံဖူး ခဲ့တဲ့သူ အများစုကိုသာ နေရာပေးခဲ့ သည်ကို တွေ့နိုင်သည်။ ကျောသား ရင်သား မခွဲခြားဘဲ ငါ့တပည့်နှင့် ငါ့တပည့်မဟုတ်သူပဲခွဲတာမျိုး ဟုဆိုရပေမည်။

ထို့အပြင် မည်သည့်လုပ်ငန်းတာဝန်မဆို ရိုးသားတဲ့စိတ်ကိုအခြေခံပြီး မှန်ကန်စွာ လုပ်ဆောင် မှသာ အောင်မြင်မှုရရှိနိုင်မှာဖြစ်ကြောင်း၊ မရိုးဖြောင့်သည့် စိတ်နှင့်လုပ်သည့် လုပ်ငန်းတိုင်း သည် အောင်မြင်မှုမရနိုင်သည့် အပြင် ရှက်ဖွယ်ကောင်းတဲ့လုပ်ရပ်များသာဖြစ်ကြောင်း မအလ ကပြောဆိုခဲ့ သေးသည်။

ထိုနေရာတွင်မအလ ရိုးသားသလားဆိုသည့်မေးခွန်းကို ပြန်မေးကြည့်မိသည်။

စစ်တပ် တွင်းကအရာရှိ/စစ်သည်များမထည့်မနေရသည့် အောင်မြင့်မိုရ်မင်း အသက် အာမခံကုမ္ပဏီနှင့် အကြီးစား တပ်တည်ဆောက်မှုတွေကိုသားဖြစ်သူ အောင်ပြည့်စုံတင် ဒါရခဲ့တာတွေကို ကြည့်ရုံဖြင့် အဖြေထွက်မည်ထင်ပါသည်။

အဖွဲ့အစည်းတစ်ခု၏ အောင်မြင်မှု၊ ကျရှုံးမှုများသည် လည်း ထို အဖွဲ့အစည်းအတွင်းမှာ ပါဝင် ဆောင်ရွက် နေသူတွေရဲ့ ကြိုးစားအားထုတ်မှု၊ စည်းကမ်း လိုက်နာမှုအပေါ်မှာ များစွာမူ တည်နေတာ တွေ့ရ

ကြောင်း ၊စစ်တပ်အနေဖြင့် ယနေ့အချိန်အထိ မယိမ်းမယိုင် ရပ်တည်နိုင်ခြင်းဟာ ခေတ် အ ဆက် ဆက် တပ် မတော်သားများ၏ စည်းကမ်းလိုက်နာမှုနဲ့ အမိန့်နာခံတတ်မှု တို့ကြောင့်ပဲဖြစ် ကြောင်း ပြောဆိုခဲ့ ပြန်သေးသည်။ထိုသို့ဆိုလျှင် စစ်တပ်အနေဖြင့် ခွက်ခွက်လံ အောင်စစ်ရှုံး မှုသည် တပ်ချုပ် လုပ်သူ၏ အသုံးမကျမှု ကြောင့် မဟုတ်ဘဲအကုန်လုံးအသုံးမကျမှုဟု ရည်ရွယ်ဟ န် ပေါက် လေသည်။ မလုပ်ရဲတာဘာမှမရှိကြောင်းပြောဆိုခဲ့ဖူးသည့် စစ်ခေါင်းဆောင်သည် မလုပ်ဆောင်သင့် မလုပ်ဆောင်ထိုက်တာကို မလုပ်ကြဖို့ တားမြစ်ထားတဲ့ စည်း ကမ်း တွေပဲဖြစ်ကြောင်းပြောသွား ခဲ့ပြန်သည်။

စစ်တိုက်နေရင်းအခက်အခဲများကြောင့် လုပ်ဆောင်၍မဖြစ်ကြောင်းတင်ပြခဲ့ သူများကို ပြစ်ဒဏ် ကြီးကြီး မားမားပေးတတ်သည့် မအလဟာ စစ်စည်းကမ်းကို လိုသလိုအသုံးချ နေခြင်းသာ ဖြစ်သည်။

တပည့်ဖြစ်သူများဆိုပါက မည်သည့် အပြစ်လုပ်ထားထား အရေးမယူခံရတဲ့အပြင် ရာထူးပါ တိုးပေးတက်သည်။

မိုးမြင့်ထွန်း တောင်သူ့ကိုအရမ်းအကွက်ကျော်ရိုက်သွားလို့သာ အရေးယူပြခဲ့ တာဖြစ်ပြီး ထောင်အတွင်း၌ ရေမီးအစုံနှင့် နေခိုင်းထားသည်။

ထိုခေါင်းဆောင်မျိုးက စစ်သည်တော်ကျင့်ဝတ် (၆၀) ပါးဟာ လုပ်ဆောင်သင့် လုပ်ဆောင် ထိုက် တာ ကို တိုက်တွန်းထားသည့် စည်းကမ်းချက်တွေဖြစ်၍ ခါးဝတ်ပုဆိုးကဲ့သို့ မြဲမြံစွာ လိုက် နာ သွား ကြ ရမှာ ဖြစ်ကြောင်း ပြောလာတော့ မျက်နှာပြောင်တိုက်တာအရမ်းသိသာသွားသည်။

ပြည်သူအပေါ် ပြုကျင့်ရမယ့်ကျင့်ဝတ်၅ပါးထဲက ပြည်သူကိုရေလိုလလိုကျင့်ပါဆိုတဲ့အချက်ကို ပြောင်း ပြန် သုံးပြီး ဗုံးကြဲနေတဲ့ကာလမှာ ကျင့်ဝတ်၆၀ကို လိုက်နာကျင့်သုံးဖို့ပြောတာကြောင့် မျက်နှာပြောင်တ ယ် လို့ဆိုရမှာပါ။

တပ်မတော်က ချမှတ်ပြဋ္ဌာန်းထားတဲ့ စစ်မြေပြင်စည်းကမ်းတွေ၊ လုပ်ငန်းခွင် စည်း ကမ်း တွေကို လေးစားလိုက်နာကြရမှာဖြစ်သလို နယ်ဘက်ဆိုင်ရာ စည်းကမ်း ဥပဒေ တွေကို လည်း လေး စားလိုက်နာသွားကြဖို့ အလေးထားမှာကြားလိုကြောင်းပြောပြန်တော့ တပ်မတော် အက် ဥပဒေ မဆို ထားနဲ့ MHL လို ဥပဒေတွေကို မလိုက်နာဘဲအာဏာသိမ်းကာလအတွင်း ‌ရွာတွေမီးရှို့ရွာ သား တွေကိုသတ်နေတာကိုအခုထိ ဝန်မခံခဲ့တာသတိထားမိပါသည်။

လေ့ကျင့်ရေးဆိုတာ “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ဆိုသည့်ဆောင်ပုဒ်အကြောင်း ပြော ပြန် တော့ပစ ဆိုတဲ့ပြည်သူ့စစ်မှုထမ်းတွေကို သတ်မှတ် လေ့ကျင့်ရေးကာလ ၄လကနေ၆လ ထိ စစ် အခြေ ခံလေ့ကျင့်ရေးသင်တန်းပေးရမှာ ဖြစ်ပေမယ့် ၂လလောက်လက်ပူတိုက်သင်တန်း ပေး ပြီးရှေ့ တန်းကို ပို့နေတာဟာ မအလ ပြောသည့် လေ့လာ လေ့ကျင့်လို က်နာဆိုတာ နှင့် အလွဲကြီး လွဲ နေ သည်။

ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်တဲ့ အရက်၊ ဆေးလိပ်နှင့် ကွမ်း သုံးစွဲခြင်းများ ကို ရှောင်ရှားကြဖို့ တိုက်တွန်း မှာကြားပြန်တော့ မူးယစ်ဆေးဝါးတောင်မသိမသာခွင့်ပြုထားသည် ကို သတိရမိပြန်သေးသည်။

လက်ရှိကာလတွင် ရှေ့တန်းမှာ စစ်တိုက်ရဲအောင် အရက်ဘီယာ ဆေးလိပ်ကို ရဟတ်ယာဉ်တွေ လေယာဉ်တွေကနေစကစ ဘက်ကချပေးနေသည်ကိုတွေ့ရသည်။

အချို့နေရာများတွင် မူးယစ်ဆေးဝါးများ ကို စစ်ယာဉ်တန်းများနှင့်ပင် မှာယူ လို့ရ ကြောင်း စစ်သုံ့ပန်း များက ထွက် ဆိုထားသည်။

စစ်ရေးစွမ်းရည်၊ အုပ်ချုပ်ရေးစွမ်းရည်၊ စည်းရုံးရေးစွမ်းရည်ဆိုသည့် စွမ်းရည်သုံးရပ်နှင့် ပြည့်စုံနေ ဖို့လိုအပ်ကြောင်းပြောလာတော့ချိန်ထိုးစဉ်းစားမိသည်မှာ လက်ရှိအခြေအနေဖြစ်သည်။

စစ်ရေးစွမ်းရည်ပိုင်းတွင် တိုင်းမှူးတပ်မမှူးအဆင့်တွေတောင် သေဆုံး နေကြတာ အဖမ်းခံနေရတာ တွေကိုကြည့်လျှင် ဘယ်လောက်စွမ်းရည်ကျသွားသလဲ တွေ့နိုင်သည်။

အုပ်ချုပ်ရေးစွမ်းရည် ကောင်း ချက်က အာဏာသိမ်းကာလမှာ တိုင်စာဗလပွနှင် ဖြစ်နေသလို တပ်တွင်းမတရားမှုတွေ မီဒီယာများ ပေါ်ထိရောက်လာခဲ့ကြသည်။

စည်းရုံးရေးစွမ်းရည် ပိုင်းကတော့ စစ်ယူနီဖောင်းနှင့် နေရာတကာ ကိုမ သွား ရဲတော့သလို စစ်ယာဉ်တွေမသုံးရဲလို့အရပ်ယာဉ် များနှင့် ခိုးကြောင်ခိုးဝှက်သွားနေရတဲ့ အထိ ဟု ဆိုရပေမည်။

ထိုသို့ဖြင့်မိန့်ခွန်းကိုနားထောင်ပြီးသည့်အခါ နောက်ဆုံးစဉ်းစားမိတာကတော့ ယနေ့မျက်မှောက်ကာလ စစ်တပ်တွင်းဖြစ်ပေါ်နေသည့်အရှိတရား၏ ပြောင်းပြန်ကို စစ်တက္ကသိုလ် ကျောင်ဆင်းပွဲ တွင် တခမ်းတနားပြောဆိုသွားသည်ဟု သာသတ်မှတ်မိပါသည်။

Leave a Comment

Latest Post

Latest Post