Wednesday, March 18, 2026
Home » နတ်ရေကန်ဗျူဟာနဲ့ ကျောက်ဖြူစစ်ရေးတွေအပါ ၂၀၂၅ခုနှစ်မှာလည်း ရှုံးနိမ့်နေဆဲဖြစ်တဲ့ စကစရဲ့ ရခိုင့်စစ်မျက်နှာ

နတ်ရေကန်ဗျူဟာနဲ့ ကျောက်ဖြူစစ်ရေးတွေအပါ ၂၀၂၅ခုနှစ်မှာလည်း ရှုံးနိမ့်နေဆဲဖြစ်တဲ့ စကစရဲ့ ရခိုင့်စစ်မျက်နှာ

3 73
73

ဒီအပတ်ထဲ ပြည်တွင်းစစ်ရေးအခြေအနေနဲ့ပတ်သတ်ပြီး လှုပ်လှုပ်ခတ်ခတ်ဖြစ်စေတဲ့ သတင်းတွေဆိုရင် ရခိုင်ပြည်နယ်ဘက်ကသတင်းတွေနဲ့ စဥ့်ကူး၊ သပိတ်ကျင်းဘက်က သတင်းတွေလို့ပဲဆိုရမှာဖြစ်ပါတယ်။ ဒီနေရာမှာ ရခိုင်
စစ်ရေးနဲ့ပတ်သတ်ပြီး ပြောရမယ်ဆိုရင်
ရခိုင်ပြည်နယ်မှာ စစ်တပ်ကကော ၊ အာရက္ခတပ်တော် AA ကပါ စစ်ရေးအရှိန်တိုးမြှင့်နေတာကြောင့် ဒီကာလအတွင်း မြေပြင်မှာတိုက်ပွဲတွေအကြီးအကျယ်ဖြစ်ပွါးနေတယ်ဆိုတာကို မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေအရ သိရှိထားတာတွေရှိပါတယ်။

အထူးသဖြင့် ဒီရက်ပိုင်းဆိုရင် အမ်း-ပဒါန်းလမ်းပိုင်းကနေတဆင့် ရခိုင်ပြည်နယ်ကိုဝင်ရောက်နိုင်တဲ့ နတ်ရေကန်ဗျုဟာစခန်းအနီးနားက ကာကင်းစခန်းတွေဖြစ်တဲ့ ဂုတ်ကြီးရွာ၊ ဂုတ်ကြီးစခန်းတိုက်ပွဲတွေ၊ တရုတ်စီမံကိန်းတွေအမြောက်အများရှိနေတဲ့ ရခိုင်ပြည်နယ်ကျောက်ဖြူ မြို့နယ်ထဲက သိုင်းချောင်ရွာ၊ မင်းပြင်ရွာက တိုက်ပွဲအခြေအနေတွေကို အပြောင်းအလဲမြန်မြန် သတင်းထူးထူးတွေအနေနဲ့ တွေ့မြင်နေရပါတယ်။ ဂုတ်ကြီးရွာသတင်းနဲ့ပတ်သတ်ပြီးပြောရမယ်ဆိုရင် အဲ့ဒီဂုတ်ကြီးရွာဟာ စစ်ကောင်စီအင်အား ၃၀၀ လောက်ပိတ်မိနေတဲ့ နတ်ရေကန်ဗျူဟာစခန်းကုန်းအတွက် အလွန်အရေးပါတဲ့ ကာကင်းစခန်းတစ်ခုလို့ပဲဆိုရမှာပဲ ဖြစ်ပါတယ်။

နတ်ရေကန်ဗျူဟာစခန်းကုန်းဟာ မကွေး-ရခိုင်ဝင်ပေါက်မှ အကြီးဆုံး စစ်ကောင်စီ ခံစစ်စခန်းလို့ဆိုနိုင်ပြီး အဲ့ဒီစခန်းကိုသာ အာရက္ခတပ်တော်အေအေ ကရရှိလိုက်မယ်ဆိုပါက မကွေးဘက်မှတဆင့် စစ်ကြောင်းအမြောက်အများနဲ့ အာရက္ခတပ်တော်AAသိမ်းပိုက်ထားတဲ့ အမ်းတိုင်းစစ်ဌာနချုပ်ကြီးကို ဂုဏ်သိက္ခာရှိရှိ ပြန်သိမ်းယူမယ်ဆိုတဲ့ စစ်ကောင်စီရဲ့ အိပ်မက်ကို အပြီးတိုင်ရိုက်ချိုးနိုင်မှာဖြစ်သလိုပဲ စစ်ကောင်စီရဲ့အသက်သွေးကြောဖြစ်တဲ့ မကွေးတိုင်းအတွင်းမှာရှိတဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံတွေကိုလုံးဝရပ်တန့်သွားနိုင်အောင်အထိ ခြိမ်းခြောက်သွားနိုင်မှာပဲဖြစ်ပါတယ်။

အလားတူပဲ တကယ်လို့သာ နတ်ရေကန်ဗျူဟာစခန်းကို စစ်ကောင်စီဘက်မှ လူ၊လက်နက်အင်အား လွယ်လွယ်ကူကူဖြည့်တင်းသွားနိုင်တာမျိုးတွေ ပြုလုပ်သွားခဲ့မယ် ဒါမှမဟုတ် အပြည့်အဝ ထိန်းချုပ်သွားနိုင်ခဲ့မယ်ဆိုရင်လည်း အာရက္ခတပ်တော်အနေနဲ့ ရခိုင်ပြည်နယ်အတွင်း ၎င်းတို့သိမ်းပိုက်ထားတဲ့ မြို့နယ်တွေအတွက် ရာနှုန်းပြည့် စိတ်ချရမဲ့အခြေအနေမျိုးမရှိလာနိုင်တော့မဲ့ နည်းမျိုးစုံနဲ့ လူအင်အား၊လက်နက်အင်အားဖြည့်တင်းနေတဲ့ စစ်ကောင်စီကို အတော်လေးခုခံရမဲ့အနေအထားမျိုးဖြစ်သွားနိုင်ချေရှိပါတယ်။

ဒါကြောင့်မို့လို့လည်း အဆိုပါနတ်ရေကန်ဗျူဟာစခန်းကို (၂)ဖက်လုံးက စစ်ရှိန်မြှင့်တင်ပြီး ပင်မစခန်းကြီးကိုသာမက အနီးအနားက စိုးမိုးကုန်းတွေ၊ကာကင်းစခန်းတွေအကုန်လုံးကိုပါ
အပြည့်အဝရရှိထိန်းချုပ်နိုင်ဖို့ကြိုးစားနေကြခြင်းပဲဖြစ်ပါတယ်။ ဒီနေရာမှာ နတ်ရေကန်စခန်းအနီးအနားက ဂုတ်ကြီးစခန်းနဲ့ပတ်သတ်ပြီး ဒီဇင်ဘာလ၁၇ ရက်နေ့ကပဲ စစ်ကောင်စီရဲ့ လော်ဘီချန်နယ်တွေကနေတဆင့် ဓာတ်ပုံတွေ၊ စာတွေအမျိုးမျိုးနဲ့ စစ်တပ်ကပြန်သိမ်းနိုင်သွားပြီဆိုတာမျိုးတင်ထားတာတွေ တွေ့လာရပါတယ်။ အဲ့ဒီ့သတင်းတွေနဲ့မရှေ့မနှောင်းမှာတော့ အာရက္ခတပ်တော် AA အနေနဲ့ ၎င်းတို့ခေတ္တလက်လွှတ်
လိုက်ရတဲ့ ဂုတ်ကြီးစခန်း၊ ဂုတ်ကြီးရွာကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီဆိုပြီး မြေပြင်သတင်းတွေ ခိုင်ခိုင်မာမာနဲ့ ထပ်တက်လာတာကို တွေ့ခဲ့ရပါတယ်။

အလားတူပဲ ကျောက်ဖြူဘက်က စစ်မျက်နှာတွေမှာဆိုရင်လည်း နိုဝင်ဘာလကမှ စစ်ကောင်စီတပ်သားတွေ ဂုဏ်ဆာခဲ့ကြတဲ့ သိုင်းချောင်းရွာ၊ မင်းပြင်ရွာဘက်က စခန်းတွေအကုန်လုံးကို အာရက္ခတပ်တော်က ပြန်သိမ်းခဲ့ရုံသာမကပဲ အဲ့ဒီတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သားတွေဟာ ထိခိုက်သေဆုံးမှုများစွာနဲ့ စစ်တောလမ်းဆုံပြီးတော့ ဓညဝတီရေတပ်ဌာနချုပ်တွေအထိ ပြန်ပြီးဆုတ်ခွါသွားခဲ့ရတယ်ဆိုတာကို တွေ့ခဲ့ရတယ်။ မင်းပြင်ကျေးရွာတို့၊ သိုင်းချောင်းရွာတို့ဆိုတာဟာ တော်လှန်ပြည်သူတွေနဲ့မစိမ်းတဲ့နာမည်တွေပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲ့ဒီရွာတွေကို စစ်တပ်က သိမ်းပိုက်ရရှိစဥ်က သိုင်းချောင်းဆည်မှာ သူရဲကောင်းတွေရေချိုးနေပြီဆိုတဲ့ postတွေကို စကစ ဘက်ကတင်ဖူးသလို၊ မင်းပြင်ရေဒါစခန်းမှာဆိုရင်လည်း စခန်းသိမ်းဓာတ်ပုံရိုက်နေတဲ့ စကစ အုပ်စုလိုက်ကြီးကို AA ကလက်နက်ကြီးနဲ့ထုပြီးချေမှုန်းခဲ့တဲ့ရုပ်သံမှတ်တမ်းတွေလိုင်းပေါ်မှာမြင်တွေ့ခဲ့ရတာတွေကြောင့်ပဲဖြစ်ပါတယ်။

ဒီနေရာမှာ ၂၀၂၅ ခုနှစ်အတွင်း စစ်တပ်အနေနဲ့ အခြားသော စစ်မျက်နှာတွေမှာအနည်းငယ်
အသာရခဲ့ပေမဲ့လည်း ရခိုင်စစ်မျက်နှာမှာတော့ အရင်နှစ်တွေတုန်းကအတိုင်းပဲ ဘယ်လိုမှ နလံမထူနိုင်သေးဘူးဆိုတာကို ထင်ထင်ရှားရှားတွေ့ရပါတယ်။ ဘယ်လောက်ပဲနည်းဗျူဟာတွေပြောင်းလဲပြီး၊ ဘယ်လောက်ပဲ လက်နက်အင်အား၊ လူအင်အားဖြည့်တင်းနေပါစေ၊ ရှိသမျှတပ်ရင်း၊တပ်မတွေနဲ့ ရှိသမျှအင်အားစုတွေ အကုန်ရင်းပြီး
ဘယ်လောက်ပဲ တိုက်ခိုက်နေပါစေ ခဏတစ် ဖြုတ်သိမ်းပိုက်နိုင်လိုက်၊ အချိန်တန်ရင် စစ်ရှုံးပြီး သိမ်းထားတဲ့နေရာတွေပြန်ပေးလိုက်ရနဲ့ ဒီလိုအခြေအနေမျိုးသာ ဖန်တရာထပ်ပြီးကြုံတွေ့နေရတဲ့အနေအထားမျိုးပဲဖြစ်ပါတယ်။

ရခိုင်စစ်မျက်နှာနဲ့ပတ်သတ်ပြီး စစ်တပ်ဘက်က အရှက်မရှိကြွေးကြော်နေတဲ့ အောင်မြင်မှုကြီးကြီးမားမားဆိုလို့ မြောက်ဦးဆေးရုံအပါ၊ အခြားကျောက်ဖြူ၊ မောင်းတောဘက်က အရပ်သားပြည်သူတွေနေထိုင်တဲ့နေရာတွေကို လေကြောင်းကဗုံးအစုလိုက်အပြုံလိုက်ကြဲပြီး ရက်ရက်စက်စက် သတ်ဖြတ်နိုင်ခဲ့တာသာရှိပြီး အခြားသော လက်နက်၊လက်နက်ချင်း၊ စစ်သားစစ်သားချင်းတိုက်ခိုက်ရတဲ့ ကျန်စစ်ရေးအခြေအနေမှာတော့ ရှေ့နှစ်များကလိုပဲ ထွက်ပြေးလိုက်၊သေလိုက်၊အဖမ်းခံရလိုက်နဲ့သာ လုံးချာလည်လိုက်နေခဲ့ရတဲ့ နှစ်တစ်နှစ်လို့ပဲဆိုချင်ပါတယ်။

3 comments

fun88vn-sport March 5, 2026 - 12:42 am

Hey, checked out fun88vn-sport the other day. Not bad! Found some decent odds and the interface was pretty smooth. Definitely worth a look if you’re into sports betting. Check it out here: fun88vn-sport

Reply
jilibet sign up bonus March 5, 2026 - 12:42 am

Seriously considering signing up for Jilibet just for that bonus. A little extra cash never hurt nobody, right? Here’s the link: jilibet sign up bonus

Reply
taya 777 app download March 5, 2026 - 12:42 am

Trying to find a safe link for the Taya 777 app download. Hit me up with suggestions. Download, download, download taya 777 app download.

Reply

Leave a Comment

Latest Post

Latest Post