ကျွန်တော်တို့ရဲ့နွေဦးတော်လှန်ရေးဟာ ရှည်ကြာလာတာနဲ့အမျှ တဖြည်းဖြည်းနဲ့ လူတန်းစားနှစ်မျိုးဟာ သိသိသာသာကွဲထွက်ပေါ်ပေါက်လာတယ်။
ပထမတစ်မျိုးက နေ့စဥ်လူနေမှု့ဘဝမှာ အသားကျနေပြီး bar သွား clubသွားနဲ့ sefile အလှဓာတ်ပုံတွေတင်နဲ့ တော်လှန်ရေးဟာ သူတို့အတွက်ပျော်စရာလိုလို သူတို့နဲ့မဆိုင်သလို ရေပေါ်ဆီလူတန်းစားတစ်ရပ်နဲ့ နောက်တစ်မျိုးကတော့ အဲ့ဒီလူတန်းစားနဲ့ဆန့်ကျင်ဘက် နွေဦးတော်လှန်ရေး စဖြစ်ပြီဆိုကတည်းကအခုထိ သွေးမအေးသေးဘဲ စကစကို မရရတဲ့နည်း မဖြစ်ဖြစ်တဲ့နည်းနဲ့တော်လှန်နေတဲ့လူတန်းစားဆိုပြီး ကွဲပြားလာတယ်။
ဒီနေရာမှာ တော်လှန်တယ်ဆိုတာလည်း လက်နက်ကိုင်တာ တမျိုးတည်းမဟုတ်ဘဲ စစ်တပ်ပိုင်ပစ္စည်းတွေ boycott လုပ်တာ သူတို့နဲ့ပတ်သတ်တဲ့ အသိုင်းအဝိုင်းကိုဖယ်ကြဉ်ထားတာ CDMလုပ်တာ စတာတွေအကုန်လုံးကလည်း တော်လှန်နေတာပဲဖြစ်ပါတယ်။
ဒီနေ့ကျွန်တော်ပြောပြချင်တာက ခုချိန်ထိ ရရင်ရသလို တော်လှန်နေတဲ့လူတွေထဲကမှ UG တွေအကြောင်းကို နည်းနည်းလောက်ပြောပြချင်ပါတယ်။
ကျတော်တို့ရဲ့တော်လှန်ရေးကြီး အချိန်တိုအတွင်းအခုလောက်ထိအောင်မြင်ရတာဟာ UGတွရဲ့အခန်းကဏ္ဍဟာ အရမ်းအရေးပါခဲ့ပါတယ်။
ဆက်ပြောရမယ်ဆိုရင် ပြီးခဲ့တဲ့ နှစ်က ကျတော် တပ်ထဲကနေ CDMလုပ်ပြီးလို့ရှောင်ရင်း မြို့ပေါ် UG အဖွဲ့က ဦးလေးတစ်ယောက်နဲ့အတူနေခဲ့ဖူးတယ်။ အဲ့ဦးလေးက အရင်က စစ်ထွက်တယောက်ဘဲဗျ။ ကျွန်တော်တို့ရဲ့ စီနီယာဆိုလည်း ဟုတ်တယ်။
အဲ့ဦးလေး ရုပ်က မှုန်တိမှုန်ကုတ်နဲ့ စကားပြောရင်လည်း ဘွင်းဘွင်းကြီးပြောတက်တဲ့သူမျိုး။ စိတ်ထဲမထားတက်ဘူး လူမှန်ကြီးဗျ။ ရိုးလည်း ရိုးသားတယ်။ သူ့ဆီမှာခဏလာရှောင်တဲ့ကာလတစ်လျှောက်လုံး ကျွန်တော့်ကို လိုလေးသေးမရှိ အဆင်ပြေအောင်ထားခဲ့တယ်။
သူနဲ့အနီးကပ်နေမှ UGအဖွဲ့တွေရဲ့ဘဝကို ကျတော် သေသေချာချာသိလာရတယ်။
UGအဖွဲ့တွေဟာ မြို့ပေါ်မှာ နေရတယ်ဆိုပေမဲ့ အသက်နဲ့အနီးဆုံးအခြေအနေတွေနဲ့နေထိုင်ရတာဖြစ်တယ်။ ပတ်ဝန်းကျင်နဲ့လည်း အဆင်ပြေအောင်နေရတယ်။ စကစ မရိပ်မိအောင်လဲနေရတယ် အရမ်းကိုပုန်းလျှိုးကွယ်လျှိုးနိုင်တဲ့အလုပ်မျိုးပါ။
မြို့ပေါ်မှာနေရတာဖြစ်တဲ့အတွက် ပိုက်ဆံလိုအပ်ချက်ရှိရင်လဲ လိုင်းပေါ်တက်ပီးအလှူခံလို့မရပြန်ဘူး။ ကျွန်တော်အတူနေခဲ့တဲ့ဦးလေးဆိုရင်လည်း UGလုပ်တယ်ဆိုပေမဲ့ ဘာထောက်ပံကြေးမှမရသလို ဘယ်သူ့ဆီကမှ အလှူခံတာလဲမတွေ့ခဲ့ဖူးဘူး။
သူ့ဘာသာရှိတာတွေ ထုခွဲရောင်းချတယ်၊ ပေါင်တယ်။ နီးစပ်ရာအသိတွေ အကြောင်းသိတဲ့သူငယ်ချင်းတွေက ပေးတာကမ်းတာ လှူတာလေးနဲ့ အဆင်ပြေအောင်ရပ်တည်နေရတာပါ။
ပြီးခဲ့တဲ့အပတ်က သူ့ပုံနဲ့ သတင်းမှာတက်လာမှ ပါသွားမှန်း ကျတော်သိခဲ့ရတယ်။အတူနေတုန်းက ဆက်စပ်မိရင် ဦးလေးအမြဲပြောနေကျစကားရှိတယ်။
“ငါ့လာဖမ်းလို့ကတော့ ဘယ်တော့မှ အရှင်အဖမ်းမခံဘူး။ တစ်ယောက်ရရ နှစ်ယောက်ရရသူသေကိုယ်သေ ပြန်ချပြီး အသေခံသွားမယ်။ စစ်ကြောရေးတော့မသွားနိုင်ဘူး။ ဒီကောင်တွေနှိပ်စက်တာငါခံနိုင်မှာမဟုတ်ဘူး” တဲ့။

သူဖမ်းခံလိုက်ရတဲ့သတင်းကိုကြည့်ရင်း သူပြောခဲ့တဲ့စကားတွေကိုကျွန်တော်ကြားယောင်နေတယ်။
အလစ်အငိုက်မိသွားလို့ပဲလား ပြန်ခုခံချိန်မရလို့လားတော့ မသိဘူးခုတော့ဦးလေးက သူအကြောက်ဆုံးစစ်ကြောရေးကို ရောက်နေပြီ။ ဒါကြီးပြီးရင် ဘာလုပ်မလဲ ဦးလေးလို့မေးရင်လည်း ကားပဲပြန်မောင်းမှာပေါ့ ဆိုပြီးအမြဲဖြေတက်တဲ့ဦးလေး။
နောက်ဆုံးကျတော်ပြန်ခါနီးမှာကို “ဂရုစိုက်ငါ့တူရေ မသေရင်ပြန်တွေ့ကြမယ်” ဆိုပြီး ပြုံးပြုံးကြီးနဲ့နှုတ်ဆက်ခဲ့တာ၊ကျွန်တော့်ကိုလွတ်
မြောက်နယ်မြေရောက်ဖို့ကိုလည်း သူတက်နိုင်တဲ့ဘက်ကနေကူညီပေးခဲ့တာ ဘာအကျိုးမှမမျှော်ကိုးဘဲ လွတ်လပ်ပြီးတရားမျှတတဲ့နိုင်ငံတော် ဖြစ်စေချင်တဲ့အတွက် အသက်အန္တရာယ်ရှိတာသိသိကြီးနဲ့ UGအလုပ်ကိုမှရွေးချယ်ခဲ့တဲ့ဦးလေး တစ်ယောက်ပါ။
ခုတော့ သေမလား ရှင်မလားတောင်တပ်အပ်မပြောနိုင်တဲ့ အခြေအနေနဲ့ စစ်ကြောရေးမှာရင်ဆိုင်နေရပါပြီ။
ဒါကျွန်တော်သိတဲ့ UGတစ်ယောက်ပဲရှိပါသေးတယ်။ နောက်ထပ်ဦးလေးလို လူတွေဘယ်နှစ်ယောက်ရှိနေလဲ ကျွန်တော်တို့မသိနိုင်ပါဘူး။ ဘာအကျိုးမှ မျှော်ကိုးလို့ ဒီအလုပ်တွေလုပ်နေတာမဟုတ်သလို ဘယ်သူမှတာဝန်ပေးလိူ့ လုပ်နေတာလဲမဟုတ်ဘူး။ ကိုယ့်အသိစိတ်နဲ့ကိုယ် တာဝန်ယူပြီး လုပ်နေတာဖြစ်ကြတယ်။
သူတို့တွေဟာ တိတ်တဆိတ်နဲ့ အလုပ်လုပ်ကြပြီး ခုလိုဖမ်းမိသွားရင်တောင် တိတ်တဆိတ်နဲ့ပဲပျောက်ကွယ်သွားရတဲ့ လူစားမျိုးတွေပါ။
ခေါင်းစဥ်တပ်စရာအပြစ်ဆိုလို့ မတရားတာကို အာခံခဲ့တဲ့ အပြစ်လေးပဲရှိတယ်။
ကျွန်တော်တို့ပတ်ဝန်းကျင်မှာအဲ့လိုသူရဲကောင်းတွေရှိရင် နှုတ်ရဲ့စောင်မခြင်း ကိုယ်ရဲ့စောင်မခြင်းနဲ့ ဂရုစိုက်ပေးပါ။ သူတို့လိုလူတွေ ရှိနေလို့ ကျွန်တော်တို့ တချို့ကိစ္စတွေ ခံသာနေတာပါ။
မြို့ပေါ်မှာ UG တွေလှုပ်ရှားနိုင်မှ နယ်က Local အဖွဲ့တွေ ဆီအနည်းငယ်ဖိတာလျော့ပြီး အောင်ပွဲတွေဆင်နိုင်မှာဘဲ ဖြစ်ပါတယ်။ မြို့ပေါ်ကလည်း လှုပ်နိုင်၊ Localအဖွဲ့တွေကလည်း လှုပ်နိုင်မှ တော်လှန်ရေးဟာ အမြန်အောင်မြင်မှာပဲဖြစ်ပါတယ်။
ဒါ့ကြောင့် မြို့ပေါ်က ရေပေါ်ဆီ၊ ငါတို့သာရင်ပြီးတာပါပဲဆိုပြီး ပုံစံခွက်ထဲကို ပြန်ရောက်နေတဲ့သူတွေအနေနဲ့ ပါးစပ်ကနေ တော်လှန်ရေး အမြန်အောင်မြင်ချင်တယ်၊ ပြီးချင်နေပြီပြောမနေပါနဲ့။
ကိုယ်တိုင်ကလည်း မပါဝင်ရဲရင် မလုပ်နိုင်ဘူးဆိုရင်တောင် မြို့ပေါ်က UGအဖွဲ့တွေ လှုပ်လို့ရအောင် နေပေးကြပါ။
လည်တာပတ်တာ၊ ပျော်တာပါးတာတွေလျှော့ပေးပါ။ အနားယူတာကိုသိပါတယ်၊ လူဆိုတာနားချိန်ရှိရပါမယ်။ ဒါပေမဲ့ လုပ်နေတဲ့သူတွေ အားပျက်အောင် မလုပ်ကြပါနဲ့။ အနှောက်ယှက်ပေးသလို မဖြစ်စေပါနဲ့။
တက်နိုင်တဲ့ဘက်ကနေ ကူညီပေးကြပါလို့ တိုက်တွန်းပြောကြားချင်ပါတယ်။
1 comment
👍