၂၀၂၆ အမျိုးသမီးအာရှဖလားဘောလုံးပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့တဲ့ အီရန်အမျိုးသမီးဘောလုံးသမား ငါးဦး သြစတြေးလျမှာ နိုင်ငံရေးခိုလှုံခွင့်
တောင်းခံခဲ့ပါတယ်။
ဒီကစားသမားတွေဟာ အီရန်အသင်း အာရှဖလားက ထွက်ခဲ့ရပြီးနောက် တောင်းခံခဲ့တာဖြစ်ပြီး ကန်ဘာရာပြည်နယ်အစိုးရက
လူသားချင်းစာနာမှုဗီဇာ ထုတ်ပေးခဲ့တယ်လို့ ပြောခဲ့ပါတယ်။
Immigration Minister တိုနီဘာ့ခ်က ဒီအမျိုးသမီးတွေကို သြစတြေးလျရဲတပ်ဖွဲ့က လုံခြုံတဲ့နေရာ ရွှေ့ပြောင်းပေးထားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ၎င်းက အခြားအီရန်အသင်းအဖွဲ့ဝင်တွေကိုလည်း နိုင်ငံမှာနေမယ်ဆိုရင် ဝမ်းပန်းတသာ ကြိုဆိုမယ်လို့ ပြောခဲ့ပါတယ်။
အီရန်အမျိုးသမီးအသင်းဟာ အုပ်စုအဖွင့်ပွဲ တောင်ကိုရီးယားနဲ့ပွဲမှာ နိုင်ငံတော်သီချင်းမဆိုခဲ့လို့ မိခင်နိုင်ငံပြန်ခဲ့ရင် ထောင်ဒဏ် သို့မဟုတ် သေဒဏ်ကျခံရနိုင်တယ်လို့ သတင်းတွေလည်း ထွက်ထားပါတယ်။
အီရန်ကွန်ဆာဗေးတစ်ရုပ်သံတင်ဆက်သူတစ်ဦးက အီရန်အမျိုးသမီးအသင်းသားတွေကို စစ်အတွင်းက သစ္စာဖောက်တွေလို့ စွပ်စွဲခဲ့ပြီး ပြင်းပြင်းထန်ထန်အရေးယူဖို့ တိုက်တွန်းခဲ့ပါတယ်။