အသက် ၆၃ နှစ်အရွယ် နီကိုလတ်စ် မာဒူရိုဟာ ဗင်နီဇွဲလားမှာ ဆယ်စုနှစ်တစ်ခုကျော်ကြာ အာဏာကို ခိုင်မာစွာ ဆုပ်ကိုင်ထားခဲ့ပါတယ်။
ဇန်နဝါရီ ၃ ရက်၊ စနေနေ့မှာ အမေရိကန်ဒယ်တာတပ်ဖွဲ့တွေက သူနဲ့ သူ့ဇနီးဖြစ်သူ ပထမအမျိုးသမီး ဆီလီယာ ဖလောရက်စ်တို့ကို နိုင်ငံမှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။
သူတို့နှစ်ယောက်ကို မူးယစ်ဆေးဝါး၊ လက်နက်နဲ့ ဆက်စပ်တဲ့ စွဲချက်တွေနဲ့ အမေရိကန်တရားရုံးမှာ ရုံးတင်စစ်ဆေးဖို့ စီစဉ်ထားပါတယ်။
မာဒူရိုဆိုတာ ဘယ်သူလဲ။
သူဘယ်လို ဗင်နီဇွဲလားကို ဦးဆောင်လာတာလဲ။
အမေရိကန်က ဘယ်လို ပြန်ပေးဆွဲခံရတာလဲ။
ကျွန်တော်တို့ သိထားတာတွေကတော့ –

မာဒူရိုရဲ့ ငယ်ဘဝ
မာဒူရိုကို ၁၉၆၂ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့မှာ ကာရာကတ်စ်မြို့ရဲ့ အယ်လ် ဗယ်လီရပ်ကွက်မှာ အလုပ်သမားလူတန်းစားမိသားစုမှာ မွေးဖွားခဲ့ပါတယ်။
သူ့ရဲ့ မိဘတွေကတော့ အလုပ်သမားသမဂ္ဂခေါင်းဆောင် နီကိုလပ်စ် မာဒူရို ဂါစီယာနဲ့ မာရီယာ ထရီဆာ ဒီ ဂျီးဆပ်စ် မိုရို့စ်တို့ဖြစ်ပြီး သမီးသုံးယောက်ဖြစ်တဲ့ မာရီယာ ထရီဆာ၊ ဂျိုဆေးဖီနာ နဲ့ အန်နီတာ မာဒူရိုတို့လည်း ရှိပါတယ်။
မာဒူရိုဟာ သူ့အဖေရဲ့ နိုင်ငံရေးလွှမ်းမိုးမှု လွှမ်းမိုးမှုအောက်မှာ ကြီးပြင်းလာခဲ့တာပါ။
မာဒူရိုရဲ့ အဘိုးအဘွားတွေဟာ ဆီဖာဒစ် ဂျူးလူမျိုးတွေဖြစ်ပြီး ဗင်နီဇွဲလားကို ရောက်ရောက်ချင်း ကက်သလစ်ဘာသာဝင်အဖြစ် ကူးပြောင်းသွားခဲ့တယ်လို့ တစ်ချိန်က ပြောပြခဲ့ဖူးပါတယ်။
ငယ်ငယ်က မာဒူရိုဟာ အနောက်တိုင်းရော့ခ်ဂီတကို နှစ်သက်ပြီး The Beatlesကဂျွန်လင်နွန် အပါအဝင် အနုပညာရှင်တွေကို မကြာခဏ ကိုးကားလေ့ရှိပါတယ်။
သူဟာ အယ်လ် ဗယ်လီရှိ Liceo Jose Avalos အစိုးရအထက်တန်းကျောင်းမှာ တက်ရောက်ခဲ့ပြီး ကျောင်းသားနိုင်ငံရေးမှာ ပါဝင်ပတ်သက်ခဲ့ကာ ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့တယ်လို့ သတင်းများထွက်ပေါ်ခဲ့ပါတယ်။
ဒါပေမဲ့ သူဘွဲ့ရရှိခဲ့တယ်ဆိုတဲ့ မှတ်တမ်းတွေ မရှိခဲ့ပါဘူး။
သူဟာ ၁၉၈၀ ပြည့်လွန်နှစ်အစောပိုင်းကာလတွေမှာ မာ့က်စ်-လီနင်ဝါဒီပါတီတစ်ခုဖြစ်တဲ့ ဗင်နီဇွဲလားဆိုရှယ်လစ်အဖွဲ့ချုပ်ကို ဝင်ရောက်ခဲ့တယ်လို့ ယုံကြည်ရပါတယ်။
၁၉၈၆ ခုနှစ် အသက် ၂၄ နှစ်အရွယ်မှာ လူငယ်ကွန်မြူနစ်များသမဂ္ဂ (UJC) မှ ဦးစီးတဲ့ Escuela Nacional de Cuadros Julio Antonio Mella မှာ တစ်နှစ်ကြာ နိုင်ငံရေးသင်တန်းတက်ရောက်ဖို့ ဆိုရှယ်လစ်အဖွဲ့ချုပ်ရဲ့ ကိုယ်စားလှယ်အဖြစ် ကျူးဘားကို စေလွှတ်ခံခဲ့ရပါတယ်။
သူပြန်လာပြီးနောက် ကာရာကတ်စ်မြို့ရဲ့ မြေအောက်ရထားစနစ်မှာ ဘတ်စ်ကားမောင်းသူအဖြစ် စတင်လုပ်ကိုင်ခဲ့ပြီး ၁၉၉၁ ခုနှစ်မှာ SITRAMECA ဒါမှမဟုတ် Sindicato de Trabajadores y Trabajadoras del Metro de Caracas ကို တည်ထောင်ဦးဆောင်ခဲ့ပါတယ်။
မာဒူရိုက ၁၉၈၀ ပြည့်လွန်နှစ်များနှောင်းပိုင်းနဲ့ ၁၉၉၀ ပြည့်လွန်နှစ်စောပိုင်းကာလတွေမှာ သယ်ယူပို့ဆောင်ရေးလုပ်သားများသမဂ္ဂမှာ တက်ကြွစွာပါဝင်ခဲ့ပြီး ကုမ္ပဏီရဲ့ ပထမဆုံးတရားဝင်မဟုတ်တဲ့ အလုပ်သမားသမဂ္ဂတွေထဲက တစ်ခုကို တည်ထောင်ခဲ့ပြီး သမဂ္ဂနိုင်ငံရေးမှတစ်ဆင့် နိုင်ငံရေးထဲကို တဖြည်းဖြည်းဝင်ရောက်လာခဲ့ပါတယ်။
၂၀၀၆ ခုနှစ်က ဝီကီလိခ်စ်မှ လူသိရှင်ကြားထုတ်ပြန်ခဲ့တဲ့ ကာရာကတ်စ်ရှိ အမေရိကန်သံရုံးမှ ကြေးနန်းတစ်စောင်အရ မာဒူရိုဟာ ဆိုရှယ်လစ်လိဂ်ရဲ့ အမျိုးသားကော်မတီမှာ ပါဝင်ကြောင်းနဲ့ “အမေရိကန် မေဂျာလိဂ်ဘေ့စ်ဘော ကင်းထောက်တစ်ဦးဆီမှ ဘေ့စ်ဘောစာချုပ်ကို ငြင်းပယ်ခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်” ခဲ့ပါတယ်။
“Puntofijismo” စနစ်လို့ခေါ်တဲ့ ဗင်နီဇွဲလားရဲ့ နှစ်ပါတီဒီမိုကရေစီစနစ်ကို ပုန်ကန်တဲ့ လက်နက်ကိုင်ဘိုလီးဗီးယားလှုပ်ရှားမှုကို ဦးဆောင်ခဲ့တဲ့ ဗင်နီဇွဲလားဒုတိယဗိုလ်မှူးကြီး Hugo Chavez နဲ့ အဂတိလိုက်စားမှုကို ကိုးကားပြီး လက်ရှိသမ္မတ Carlos Andres Perez တို့ရဲ့ ခေါင်းဆောင်မှုကို သူက အားကျခဲ့ပါတယ်။
၁၉၉၀ ပြည့်လွန်နှစ်အစောပိုင်းကာလတွေမှာ မာဒူရိုဟာ အရပ်ဘက်အဖွဲ့အစည်းဖြစ်တဲ့ MBR-200 ကိုဝင်ရောက်ခဲ့ပြီး နောက်ပိုင်းမှာ ၁၉၉၂ ခုနှစ် အာဏာသိမ်းမှု မအောင်မြင်တာကြောင့် ထောင်ချခံရပြီးနောက် ချာဗက်ဇ် လွတ်မြောက်ရေးအတွက် ဆက်လက်လှုပ်ရှားခဲ့ပါတယ်။
မာဒူရိုဟာ ၁၉၉၄ ခုနှစ်မှာ ချာဗက်ဇ်ကို လွတ်မြောက်စေခဲ့တဲ့ ဥပဒေအဖွဲ့ကို ဦးဆောင်ခဲ့စဉ်က သူ့ရဲ့ အနာဂတ်ဇနီး စီလီယာ ဖလောရက်စ်နဲ့ တွေ့ဆုံခဲ့ပါတယ်။
ချာဗက်ဇ်အား လွတ်ငြိမ်းခွင့်ပေးပြီး လွတ်မြောက်လာပြီးနောက် မာဒူရိုဟာ ၁၉၉၇ ခုနှစ်မှာ ဆိုရှယ်လစ်နိုင်ငံရေးပါတီတစ်ခုဖြစ်တဲ့ ပဉ္စမသမ္မတနိုင်ငံလှုပ်ရှားမှုကို ဝင်ရောက်ခဲ့ပြီး ၁၉၉၈ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။
မာဒူရိုဟာ အမျိုးသားဖွဲ့စည်းပုံအခြေခံဥပဒေညီလာခံကို ရွေးကောက်တင်မြှောက်ခံခဲ့ရပြီး ချာဗက်ဇ်ဟာ သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရပါတယ်။
မာဒူရိုဟာ ၁၉၉၉ ခုနှစ်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် ရေးဆွဲစဉ်က ချာဗက်ဇ်နဲ့ ရင်းနှီးခဲ့ပြီး ခြောက်နှစ်ကြာ တာဝန်ထမ်းဆောင်ပြီးနောက် နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။
၂၀၁၂ ခုနှစ် အောက်တိုဘာလမှာ မာဒူရိုက ချာဗက်ဇ်ရဲ့ ကျန်းမာရေး ယိုယွင်းလာချိန်မှာ ဗင်နီဇွဲလားနိုင်ငံရဲ့ ဒုတိယသမ္မတ ဖြစ်လာခဲ့ပါတယ်။

ကာရာကတ်စ်မှာ အာဏာပေါင်းစည်းခြင်း
၂၀၁၂ ခုနှစ် ဒီဇင်ဘာလမှာ သမ္မတ ချာဗက်ဇ် ဖျားနာပြီး ကင်ဆာရောဂါကုသမှုခံယူဖို့ ကျူးဘားကို လေယာဉ်နဲ့ သွားရောက်နေစဉ် ရုပ်မြင်သံကြားမှ မိန့်ခွန်းပြောကြားရာမှာ ဒုတိယသမ္မတဖြစ်သူ မာဒူရိုကို နိုင်ငံရေးဆက်ခံသူအဖြစ် ခန့်အပ်မယ်လို့ ပြောကြားခဲ့ပါတယ်။
ချာဗက်ဇ် ကွယ်လွန်ပြီးနောက် ၂၀၁၃ ခုနှစ် ဧပြီလမှာ ပြုလုပ်တဲ့ ရွေးကောက်ပွဲမှာ မာဒူရိုဟာ မဲအနည်းငယ်သာ အနိုင်ရရှိခဲ့ပါတယ်။
သူဟာ အမေရိကန်သံတမန်တွေကို နှင်ထုတ်ခဲ့ပြီး သမ္မတသက်တမ်းကို စတင်ခဲ့ကာ အဆိုပါ သံတမန်တွေကို “သမိုင်းဝင်ရန်သူတွေ”လို့ ခေါ်ဆိုခဲ့ပါတယ်။
ဒါ့အပြင် ချာဗက်ဇ်ကို အဆိပ်ခတ်ခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။
နိုင်ငံကို ပြိုကွဲအောင်လုပ်တဲ့ “ဖက်ဆစ်ဝါဒီများ” လို့ တံဆိပ်ကပ်ခဲ့ပါတယ်။
သမ္မတကတော်က ရှေ့နေချုပ်နဲ့ လွှတ်တော်အကြီးအကဲ အပါအဝင် အဆင့်မြင့်ရာထူးများစွာကို ဆက်လက်ထမ်းဆောင်ခဲ့ပါတယ်။
မာဒူရိုဟာ စစ်ဘက်ခေါင်းဆောင်မှု၊ တရားရုံးချုပ်နဲ့ နိုင်ငံပိုင်မီဒီယာတွေ အပါအဝင် ချာဗက်ဇ်က ပြန်လည်ပုံဖော်ပြီးတဲ့ အဓိကအဖွဲ့အစည်းတွေအပေါ် ခိုင်မာတဲ့ထိန်းချုပ်မှုကို အမွေဆက်ခံခဲ့ပါတယ်။
ဒါပေမယ့် အလုပ်သမားသမဂ္ဂခေါင်းဆောင်ဟောင်းဟာ သူ့ရဲ့ဆရာလို ဆွဲဆောင်မှုမရှိခဲ့ပါဘူး။
နောက်ပိုင်းမှာ ၂၀၂၅ ခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆု ရရှိခဲ့တဲ့ မာရီယာ ကိုရီနာ မာချာဒို အပါအဝင် အတိုက်အခံတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
မာဒူရိုဟာ သူတို့ကို နှိမ်နင်းခဲ့တာကြောင့် အနည်းဆုံး ဆန္ဒပြသူ ၄၃ ဦး သေဆုံးခဲ့ရပါတယ်။
အတိုက်အခံတွေရဲ့ ဖိအားတွေ တိုးလာတာနဲ့အမျှ လူကြိုက်များမှု ကျဆင်းလာခဲ့တဲ့ မာဒူရိုဟာ ၂၀၁၇ ခုနှစ်မှာ အစိုးရလိုလားတဲ့ မဲဆန္ဒရှင်လွှတ်တော်တစ်ရပ်ကို တည်ထောင်ခဲ့ပြီး အခု အတိုက်အခံတွေ ထိန်းချုပ်ထားတဲ့ ဥပဒေပြုလွှတ်တော်ကို ပျက်ပြားစေခဲ့ပါတယ်။
နောက်ထပ်ဆန္ဒပြပွဲတွေနဲ့ နှိမ်နင်းမှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ဗင်နီဇွဲလားတပ်ဖွဲ့တွေက လူ ၁၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပါတယ်။
အဲဒီအချိန်တစ်လျှောက်လုံးမှာ ဗင်နီဇွဲလားရဲ့ လူဦးရေ ၃၀ သန်းနီးပါးဟာ မရှိမဖြစ်လိုအပ်တဲ့ ပစ္စည်းတွေ ရှားပါးမှုနဲ့ ရေနံထုတ်လုပ်မှု ကျဆင်းမှုတွေနဲ့ ရင်ဆိုင်နေရပြီး စီးပွားရေးလည်း ကျဆင်းသွားခဲ့ပါတယ်။
၂၀၁၈ ခုနှစ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ မာဒူရိုဟာ အနိုင်ရသူအဖြစ် ပြိုင်ဘက်မရှိ ကြေငြာခံခဲ့ရပေမယ့် အမေရိကန်အပါအဝင် နိုင်ငံပေါင်း ၄၅ နိုင်ငံကတော့ သူ့ကို အသိအမှတ်မပြုခဲ့ပါဘူး။
အတိုက်အခံခေါင်းဆောင်တချို့ကို ထောင်ချခဲ့ပြီး တချို့ကိုတော့ ပြည်ပကို နှင်ထုတ်ခဲ့ပါတယ်။
၂၀၂၄ ခုနှစ်မှာ မာဒူရိုဟာ သမ္မတရွေးကောက်ပွဲမှာ အနိုင်ရသူအဖြစ် ထပ်မံရွေးချယ်ခံခဲ့ရပြီး ရွေးကောက်ပွဲကောင်စီဟာ မဲစာရင်းတွေကို မပြသနိုင်ခဲ့တာကြောင့် ပွင့်လင်းမြင်သာမှုမရှိကြောင်း ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ခံခဲ့ရပါတယ်။
နောက်ထပ် လူထုဆန္ဒပြပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ပြင်းထန်တဲ့ နှိမ်နင်းမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
ထရမ့်က မာဒူရိုကို ဖယ်ရှားဖို့ ဘာကြောင့် ဆုံးဖြတ်ခဲ့တာလဲ။
ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလမှာ အမေရိကန်သမ္မတ ထရမ့် ဒုတိယသက်တမ်းအတွက် ပြန်လည်တာဝန်ထမ်းဆောင်ပြီးနောက် ဗင်နီဇွဲလားခေါင်းဆောင်အပေါ် အရေးယူဖို့ အရှိန်မြှင့်လုပ်ဆောင်ခဲ့ပါတယ်။
ထရမ့်အစိုးရက ကာရာကတ်စ်အပေါ် ၂၅ ရာခိုင်နှုန်း အခွန်ကောက်ခံခဲ့ပြီး မာဒူရိုအပေါ် ဆုငွေကို နှစ်ဆတိုးမြှင့်ခဲ့သလို သူ့မိသားစုဝင်တွေကိုလည်း ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ခဲ့ပါတယ်။
စက်တင်ဘာလကတည်းက အမေရိကန်တပ်ဖွဲ့တွေဟာ ဗင်နီဇွဲလားကမ်းလွန်မှာ သင်္ဘောတွေကို တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး အိမ်ဖြူတော်က “မူးယစ်ဆေးဝါးအကြမ်းဖက်မှု” မှာ ပါဝင်ပတ်သက်နေတယ်လို့ စွပ်စွဲခဲ့ပါတယ်။
၂၀၂၆ခုနှစ် ဇန်နဝါရီလ ၃ရက် စနေနေ့မှာ မာဒူရိုနဲ့ သူ့ဇနီးကို အမေရိကန်အထူးတပ်ဖွဲ့တွေက မာဒူရိုနဲ့ ဇနီးကို ဖမ်းဆီးပြီး အမေရိကန် မက်ဟက်တန်တရားရုံးမှာ ဖက်ဒရယ် စွဲချက်တွေနဲ့ ရုံးတင်စစ်ဆေးဖို့ လုပ်တောင်လျက်ရှိပါတယ်။