Wednesday, August 27, 2025
Home » မန္တလေးတိုင်း မတ္တရာမြို့အနီးတွင် ရစ်ခ်တာစကေး ၄.၁ အဆင့်ရှိ ငလျင်လှုပ်ခတ်

မန္တလေးတိုင်း မတ္တရာမြို့အနီးတွင် ရစ်ခ်တာစကေး ၄.၁ အဆင့်ရှိ ငလျင်လှုပ်ခတ်

0 3
3

၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်နေ့၊ မြန်မာစံတော်ချိန် နံနက် ၀၄:၀၃ မိနစ်အချိန်ခန့်တွင် မန္တလေးတိုင်း၊မန္တလေးမြို့၏မြောက်-အရှေ့မြောက်ဘက် ၃၉ ကီလိုမီတာအကွာ၊မတ္တရာမြို့အနီး၊မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြုပြီးတော့ ရစ်ခ်တာစကေး ၄.၁ အဆင့်နှင့် အင်အားအနည်းငယ်ရှိသည့် မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့တယ်လို့ NUG လူးသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းပြတ်ရွေ့ ဆက်စပ်၀န်းကျင်တကြောလှုပ်ခတ်ခဲ့တဲ့ ငလျင်တွေဖြစ်ပါတယ်။ စစ်ကိုင်းပြတ်ရွေ့ရဲ့ နောက်ဆက်တွဲကာလ ၄လကျော်(၁၅၀ရက်)မှာ ပြတ်ရွေ့အက်ကွဲကြောင်းတလျှောက် ဆက်စပ်၀န်းကျင်မှာအကြိမ်ရေ နဲ့ ပြင်းအားတွေ တဖြည်းဖြည်းလျော့ကျလာတဲ့ သဘောလက္ခဏာတွေတော့စတွေ့လာနေရပါပြီ လို့ ဖော်ပြထားပါတယ်။

ငလျင်အန္တရာယ်ကြောင့်ထိခိုက်ဆုံးရှုံးမှုများလျော့နည်းစေရန်အတွက် ဆောင်ရန်၊ ရှောင်ရန်၊ သတိပြုရန်များနှင့်အညီ နေထိုင်ကြပါရန် အသိပေးအပ်ထားပါတယ်။

Ref-NUG Humanitarian Affairs

#BBM#News#UpdateNews#Quake#Mandalay

Leave a Comment

Latest Post

Latest Post