ပြည်သူ၁၅ ဦးသေဆုံးပြီး ၂၁ ဦးထိခိုက်ဒဏ်ရာရ
ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ အောင်တပ်အုပ်စု၊ ဒိုင်းကျီကျေးရွာရဲ့ကို စစ်ကောင်စီက ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံ ၁၅ ဦးသေဆုံးပြီး ၂၁ ဦးထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မနေ့က သြဂုတ်လ ၂၅ ရက်နေ့၊ ညနေ ၁၁ နာရီ ခွဲအချိန်မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံးတစ်လုံး မြောက်ဦးမြို့နယ်၊ ဒိုင်ကျီကျေးရွာရှိ၊ စိုက်ပျိုးရေးဂိုဒေါင်ဖက်ကို လာရောက်ဗုံးကြဲချခဲ့တာလည်း ဖြစ်ပါတယ်။
” မြောက်ဦးမြို့၊ ဒိုင်ကျီကျေးရွာဖက်ကို မနေ့က ညနေ ၁၁ နာရီခွဲမှာ ဂျက်ဖိုက်တာနန့် ပေါင် ၅၀၀ ဗုံးတစ်လုံးကြဲချတိုက်ခိုက်ခဲ့တာပါ။ လူအထိအခိုက်တွေ များတယ်လို့ ကြားရပါတယ်။ နေအိမ်တွေလည်း မီးလောင်သွားတယ်လို့သိရပါတယ်”
လို့ မြောက်ဦးဒေသခံတစ်ဦးက BBM ကို ပြောပါတယ်။ အခုလို စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူတွေကို အရေးပေါ်ဆေးကုသမှုခံယူဖို့ ပို့ဆောင်ထားရတယ်လို့လည်း သိရပါတယ်။
“ဒဏ်ရာရရှိသူတွေကို ဆေးကုသမှုခံယူနေကြပါတယ်။ မနေ့ကဆိုရင် ချက်ချင်းလူနာတင်ကားတွေရောက်နိုင်သေးတော့ ထိခိုက်သွားတဲ့ သူတွေကို မကယ်တင်နိုင်ဘူးဖြစ်နေပါတယ်။ အိမ်တစ်အိမ်တည်းကနေ လူ ၆ ယောက်ခန့်လည်းထိသွားပါတယ်”
လို့လည်း မြောက်ဦးဒေသခံတစ်ဦးက BBM ကို ဆက်ပြောပါတယ်။ စစ်ကောင်စီဟာ အဆိုပါ ပေါင် ၅၀၀ ဗုံးကြဲချပြီးနောက် မိနစ်အနည်းငယ်ခန့် ကြာတဲ့တိုင်အောင် မြောက်ဦးမြို့ပေါ်မှာ ဝဲနေခဲ့တယ်လို့လည်း သိရပါတယ်။
#BBM#News#UpdateNews#Rakine#Junta